• Follow Us on

Home ေ႐ႊျပည္သာၿမိဳ႕၌ တစ္ေသာင္းတန္ ေငြစကၠဴအတုသုံးစြဲသူကုိ ဖမ္းဆီး

ေ႐ႊျပည္သာၿမိဳ႕၌ တစ္ေသာင္းတန္ ေငြစကၠဴအတုသုံးစြဲသူကုိ ဖမ္းဆီး

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၂၉

ရန္ကုန္တုိင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၌ တစ္ေသာင္းတန္ ေငြစကၠဴအတုျဖင့္ ေစ်းလုိက္လံဝယ္ယူသည့္ အမ်ဳိးသားတစ္ဦးကုိ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးလုိက္သည္။

ျဖစ္စဥ္မွာ ဇီးကုန္းေက်း႐ြာေဈး၌ အမ်ိဳးသားတစ္ဦးသည္ ေငြတစ္ေသာင္းတန္အတုမ်ားျဖင့္ ေဈးလိုက္လံဝယ္ယူ ေနေၾကာင္းသက္ဆုိင္ရာ ရဲတပ္ဖြဲ႔မွသတင္းအရ သြားေရာက္စစ္ေဆးရာ အလုံး(၃၂)ႏွစ္အားေတြ႕ရွိၿပီး ၎ဝတ္ ဆင္ထားသည့္ အျပာေရာင္ဂ်င္းအေႏြးထည္ ယာဘက္အိပ္ကပ္အတြင္းမွ ေငြစကၠဴအတုဟု ယူဆရသည့္ DY ××××××× နံပါတ္ပါ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတု ၄ ႐ြက္အား သိမ္းဆည္းရမိခဲ့ပါသည္။

၎အား သက္ဆုိင္ရာ ရဲတပ္ဖြဲ႕မွ ဆက္လက္စစ္ေမးရာ ဇီးကုန္း႐ြာေဈးအတြင္းရွိ ဆုိင္အခ်ဳိ႕မွ တစ္ေသာင္းတန္ ေလးရြက္ျဖင့္ ေစ်းဝယ္မႈမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ထပ္မံ၍ တစ္ေသာင္းတန္ ေလးရြက္သိမ္းဆည္းႏုိင္ခဲ့သည္။

အဆုိပါျဖစ္စဥ္ေၾကာင့္ က်ဴးလြန္သူ အလုံး(ဖမ္းမိ)အား ေ႐ႊျပည္သာၿမိဳ႕မရဲစခန္း (ပ)၄၆၀၇/၂၀၁၉၊ ျမန္မာႏိုင္ငံ ေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။

#PeopleMedia

(Unicode)
ရွှေပြည်သာမြို့၌ တစ်သောင်းတန် ငွေစက္ကူအတုသုံးစွဲသူကို ဖမ်းဆီး
………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတုဖြင့် ဈေးလိုက်လံဝယ်ယူသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်မှာ ဇီးကုန်းကျေးရွာဈေး၌ အမျိုးသားတစ်ဦးသည် ငွေတစ်သောင်းတန်အတုများဖြင့် ဈေးလိုက်လံဝယ်ယူ နေကြောင်းသက်ဆိုင်ရာ ရဲတပ်ဖွဲ့မှသတင်းအရ သွားရောက်စစ်ဆေးရာ အလုံး(၃၂)နှစ်အားတွေ့ရှိပြီး ၎င်းဝတ် ဆင်ထားသည့် အပြာရောင်ဂျင်းအနွေးထည် ယာဘက်အိပ်ကပ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသည့် DY ××××××× နံပါတ်ပါ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄ ရွက်အား သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဆက်လက်စစ်မေးရာ ဇီးကုန်းရွာဈေးအတွင်းရှိ ဆိုင်အချို့မှ တစ်သောင်းတန် လေးရွက်ဖြင့် ဈေးဝယ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထပ်မံ၍ တစ်သောင်းတန် လေးရွက်သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျူးလွန်သူ အလုံး(ဖမ်းမိ)အား ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၆၀၇/၂၀၁၉၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

#PeopleMedia


Share this post