• Follow Us on

Home ရွှေ့ပြောင်းလုပ်သားများအရေး တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရန် ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

ရွှေ့ပြောင်းလုပ်သားများအရေး တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရန် ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မျှော်မှန်းထားသည့်ပမာဏအတိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူများကျဆင်းလာခြင်းမရှိသည့်နောက် တရားမ ဝင်ရွှေ့ပြောင်းလုပ်သားများကို လျှို့ဝှက်စေခိုင်းနေသည့်အလုပ်ရှင်များကိုရှာဖွေရန် ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုများမြင့်တက်နေခြင်း၏ဗဟိုချက်တွင်ရှိသော ဆာမွတ်ဆာခွန်ခရိုင်မှအရာရှိများကို ထိုင်းဝန်ကြီး ချုပ် ပရာရွတ် ချန်အိုချာက အမိန့်ထုတ်ခဲ့သည်။
 
တနင်္လာနေ့တွင် ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်တွင် ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဆူရာဆက် ဖိုယန် ဆောင်နှင့်အခြားအာဏာပိုင်များကို အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုင်းရပ်စ်ရင်ဆိုင်ရာတွင် အဓိကအစီအမံများကိုအကောင်အထည်ဖော်ရာ၌ ခရိုင်၏တိုးတက်မှုကိုအသိအမှတ်ပြုခဲ့သည်။
 
ခရီးသွားကန့်သတ်ခြင်းနှင့် နောက်ထပ်တရားမဝင်ရွှေ့ပြောင်းလုပ်သားများဝင်ရောက်လာခြင်းကိုကာကွယ်ရန် ပိုမိုဆောင်ရွက်သင့်ကြောင်း ဝန်ကြီးချုပ် ပရာရွတ် က မစ္စတာ ဆူရာဆက်ကိုတိုက်တွန်းသည်။
 
ကူးစက်မှုများဆက်လက်မြင့်တက်နေသည့် မလေးရှားနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၏အခြေအနေကို စိုးရိမ်ကြောင်း ထိုင်းအစိုးရ၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ကွပ်ကဲမှုဗဟိုဌာနက တနင်္လာ နေ့တွင်ပြောသည်။
 
ဒေသခံအသိုက်အဝန်းများအနေဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကိုစောင့်ကြည့်ရန် အကူအညီပေးရေး တိုက်တွန်းကြောင်းနှင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိစစ်ဆေးရေး အရေးကြီးကြောင်း CCSA ကပြောသည်။
 
Ref : Prayut seeks tighter migrant clampdown
 
#PeopleMedia
 
(unicode)
………………………………………………….
 
 
 
 
 
 
 
Ref : Prayut seeks tighter migrant clampdown
 
#PeopleMedia

Share this post