• Follow Us on

Home ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအပါအ၀င္ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္အတည္ျပဳလူနာ ၄၆ ေယာက္ထပ္တိုး

ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအပါအ၀င္ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္အတည္ျပဳလူနာ ၄၆ ေယာက္ထပ္တိုး

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၂၃
 
ျပည္တြင္းကူးစက္လူနာ ၃၉ ေယာက္ႏွင့္ ႏိုင္ငံျခားျပန္အသြားအလာကန္႔သတ္ထားသူ ၆ ေယာက္တို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၆ ေယာက္ထပ္တိုးေၾကာင္း ထိုင္းအစိုးရက ဗုဒၶဟူးေန႔တြင္ထုတ္ျပန္သည္။
 
ျပည္တြင္းကူးစက္လူနာအားလံုးသည္ ဆာမြန္ဆာခြန္ခ႐ိုင္႐ွိပုစြန္ေစ်းႏွင့္ဆက္စပ္လူနာမ်ားျဖစ္ေၾကာင္း ထိုင္းအစိုးရ၏ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဆိုင္ရာအေျခအေနႀကီးၾကပ္ေရးဗဟိုဌာနေျပာခြင့္ရသူ ေဒါက္တာ တာဝီဆလစ္ ဝိသာႏုယိုသင္ကေျပာသည္။
 
ဘန္ေကာက္မွ ၁၁ ေယာက္ပါ၀င္ၿပီး ျပည္တြင္းကူးစက္လူနာအားလံုးမွာ တံငါသည္မ်ား၊ ပံ်က်ေစ်းသည္မ်ား၊ ပင္လယ္စာသယ္ပို႔၀န္ေဆာင္မႈလုပ္ငန္းမွ၀န္ထမ္းမ်ားႏွင့္ စားေသာက္ဆိုင္၀န္ထမ္းမ်ား၊ အိမ္႐ွင္မမ်ား ပါ၀င္သည္။
 
သို႔ေသာ္ အေဆာင္မ်ားတြင္ေနထိုင္ၾကသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကူးစက္မႈတြင္ပါ၀င္ေနေၾကာင္း အေသးစိတ္အခ်က္အလက္မ်ားကို ဗဟိုဌာနကထုတ္ေျပာျခင္းမ႐ွိေခ်။
 
အဂၤါေန႔ကထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ဆာမြတ္ဆာခြန္ခ႐ိုင္႐ွိေ႐ႊ႕ေျပာင္းလုပ္သားအေဆာင္မ်ားမွ ၃၉၇ ေယာက္ပါ၀င္သည္ဟု ထိုင္းျပည္သူ႔က်န္းမာေရး၀န္ႀကီးဌာနကထုတ္ျပန္သည္။
 
ထိုင္းတြင္ အတည္ျပဳလူနာ ၅၇၆၂ ေယာက္႐ွိၿပီး ၄၀၉၅ ေယာက္သက္သာကာ ေဆး႐ံုတြင္ ၁၆၀၇ ေယာက္ကို ကုသေပးေနသည္။
 
ေသဆံုးသူအေယာက္ ၆၀ ႐ွိေနသည္။
 
Ref : 46 new Covid cases, excluding migrant dorms
 
#PeopleMedia
 
(unicode)
ရွှေ့ပြောင်းလုပ်သားများအပါအဝင် ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာ ၄၆ ယောက်ထပ်တိုး
…………………………………………….
 
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃
 
ပြည်တွင်းကူးစက်လူနာ ၃၉ ယောက်နှင့် နိုင်ငံခြားပြန်အသွားအလာကန့်သတ်ထားသူ ၆ ယောက်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၆ ယောက်ထပ်တိုးကြောင်း ထိုင်းအစိုးရက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။
 
ပြည်တွင်းကူးစက်လူနာအားလုံးသည် ဆာမွန်ဆာခွန်ခရိုင်ရှိပုစွန်စျေးနှင့်ဆက်စပ်လူနာများဖြစ်ကြောင်း ထိုင်းအစိုးရ၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာအခြေအနေကြီးကြပ်ရေးဗဟိုဌာနပြောခွင့်ရသူ ဒေါက်တာ တာဝီဆလစ် ဝိသာနုယိုသင်ကပြောသည်။
 
ဘန်ကောက်မှ ၁၁ ယောက်ပါဝင်ပြီး ပြည်တွင်းကူးစက်လူနာအားလုံးမှာ တံငါသည်များ၊ ပျံကျစျေးသည်များ၊ ပင်လယ်စာသယ်ပို့ဝန်ဆောင်မှုလုပ်ငန်းမှဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများ၊ အိမ်ရှင်မများ ပါဝင်သည်။
 
သို့သော် အဆောင်များတွင်နေထိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားများကူးစက်မှုတွင်ပါဝင်နေကြောင်း အသေးစိတ်အချက်အလက်များကို ဗဟိုဌာနကထုတ်ပြောခြင်းမရှိချေ။
 
အင်္ဂါနေ့ကထုတ်ပြန်သည့်အချက်အလက်များတွင် ဆာမွတ်ဆာခွန်ခရိုင်ရှိရွှေ့ပြောင်းလုပ်သားအဆောင်များမှ ၃၉၇ ယောက်ပါဝင်သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
 
ထိုင်းတွင် အတည်ပြုလူနာ ၅၇၆၂ ယောက်ရှိပြီး ၄၀၉၅ ယောက်သက်သာကာ ဆေးရုံတွင် ၁၆၀၇ ယောက်ကို ကုသပေးနေသည်။
 
သေဆုံးသူအယောက် ၆၀ ရှိနေသည်။
 
Ref : 46 new Covid cases, excluding migrant dorms
 
#PeopleMedia

Share this post