• Follow Us on

Home ျပင္ပအေႏွာင့္အယွက္ေၾကာင့္ ေဘ႐ြတ္ေပါက္ကြဲမႈျဖစ္ခဲ့ႏိုင္ေၾ ကာင္း သမၼတေျပာ

ျပင္ပအေႏွာင့္အယွက္ေၾကာင့္ ေဘ႐ြတ္ေပါက္ကြဲမႈျဖစ္ခဲ့ႏိုင္ေၾ ကာင္း သမၼတေျပာ

Share this post

ေဘ႐ြတ္၊ ၾသဂုတ္ ၈

အဂၤါေန႔၌ ေဘ႐ြတ္ၿမိဳ႕ကိုအႀကီးအက်ယ္ပ်က္စီးသြားေစသည့္ ေပါက္ကြဲမႈမွာ ေပါ့ဆမႈ၊ ဒံုးက်ည္ သို႔မဟုတ္ ဗုံးေၾကာင့္ ျဖစ္ႏိုင္သည္ဟု လက္ဘႏြန္သမၼတက ေျပာသည္။

ေပါက္ကြဲမႈအၿပီး ၃ ရက္အၾကာ ေပါက္ကြဲမႈမွာ ေပါ့ဆျခင္းျဖစ္ေစ၊ ျပင္ပမွ ဗုံး သို႔မဟုတ္ ဒံုးက်ည္ေၾကာင့္ ျဖစ္ႏိုင္ေသာ္လည္း အတည္မျပဳႏိုင္ေသးေၾကာင္း သမၼတ မိုက္ကယ္ အာအြန္းကေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ ေသာၾကာေန႔အထိ ေသဆုံးသူ ၁၅၄ ေယာက္အထိရွိလာသည္။

လူ ၅၀၀၀ ခန္႔ ဒဏ္ရာရၿပီး ဒါဇင္ခ်ီေပ်ာက္ဆုံးေနသည္။ ေဘ႐ြတ္လူဦးေရ၏ ၁၂ ရာခိုင္ႏႈန္းေက်ာ္ လူ ၃၀၀၀၀၀ ခန႔္ ေပါက္ကြဲမႈေၾကာင့္ ေနအိမ္မ်ားပ်က္စီးခဲ့သည္။

ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ ၾကာသပေတးေန႔ညတြင္ ေဘ႐ြတ္ၿမိဳ႕၌ အစိုးရဆန႔္က်င္ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲတို႔ ထိပ္တိုက္ေတြ႕မႈမ်ားျဖစ္ပြားခဲ့သည္။

ၿမိဳ႕ေနအမ်ားစုမွာ အစိုးရ၏ ေပါ့ဆမႈႏွင့္ အက်င့္ပ်က္ျခစားမႈမ်ားေၾကာင့္ လူအမ်ားအျပားေသဆုံးေစ ရေသာေပါက္ကြဲမႈျဖစ္ရသည္ဟု မွတ္ယူၾကသည္။

ေပါက္ကြဲမႈစုံစမ္းစစ္ေဆးမႈျပဳလုပ္ရာတြင္ အေစာပိုင္းရလဒ္မ်ားအရ ေဘ႐ြတ္ဆိပ္ကမ္း၌ ႏွစ္ခ်ီသိုေလွာင္ထား ခဲ့ေသာ အမိုးနီးယားႏိုက္ထရိတ္ဓါတ္ေျမၾသဇာမ်ားေၾကာင့္ျဖစ္ေၾကာင္း ေတြ႕ရွိသည္။

စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး တာဝန္ရွိသူမ်ားကို အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္မည္ဟု လက္ဘႏြန္ ၀န္ႀကီး ခ်ဳပ္က ေျပာထားသည္။

ေပါက္ကြဲမႈျဖစ္ၿပီး ေသဆုံးသူ ၁၃၇ ေယာက္ရွိေသာ ၿပီးခဲ့သည့္သုံးရက္၌ လက္ဘႏြန္ၿမိဳ႕ေတာ္သို႔ ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္ မက္ခ႐ြန္ေရာက္လာၿပီး စက္တင္ဘာ ၁ ရက္ေန႔မတိုင္မီ ႏိုင္ငံတကာအကူအညီမ်ား ေပး အပ္မည္ဟု ကတိျပဳသည္။

သို႔ေသာ္ လက္ဘႏြန္အစိုးရအေနျဖင့္ လာဘ္ေပးလာဘ္ယူမႈမ်ားကိုႏွိမ္ႏွင္းၿပီး စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္သင့္ေၾကာင္း တိုက္တြန္းသည္။

Ref : Beirut blast could have been due to ‘negligence, a missile or a bomb,’ says Lebanon’s president.

#PeopleMedia

(unicode)
ပြင်ပအနှောင့်အယှက်ကြောင့် ဘေရွတ်ပေါက်ကွဲမှုဖြစ်ခဲ့နိုင် ြေကာင်း သမ္မတပြော
…………………………………………………

ဘေရွတ်၊ ဩဂုတ် ၈

အင်္ဂါနေ့၌ ဘေရွတ်မြို့ကိုအကြီးအကျယ်ပျက်စီးသွားစေသည့် ပေါက်ကွဲမှုမှာ ပေါ့ဆမှု၊ ဒုံးကျည် သို့မဟုတ် ဗုံးကြောင့် ဖြစ်နိုင်သည်ဟု လက်ဘနွန်သမ္မတက ပြောသည်။

ပေါက်ကွဲမှုအပြီး ၃ ရက်အကြာ ပေါက်ကွဲမှုမှာ ပေါ့ဆခြင်းဖြစ်စေ၊ ပြင်ပမှ ဗုံး သို့မဟုတ် ဒုံးကျည်ကြောင့် ဖြစ်နိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သမ္မတ မိုက်ကယ် အာအွန်းကပြောသည်။

ပေါက်ကွဲမှုကြောင့် သောကြာနေ့အထိ သေဆုံးသူ ၁၅၄ ယောက်အထိရှိလာသည်။

လူ ၅၀၀၀ ခန့် ဒဏ်ရာရပြီး ဒါဇင်ချီပျောက်ဆုံးနေသည်။ ဘေရွတ်လူဦးရေ၏ ၁၂ ရာခိုင်နှုန်းကျော် လူ ၃၀၀၀၀၀ ခန့် ပေါက်ကွဲမှုကြောင့် နေအိမ်များပျက်စီးခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ကြာသပတေးနေ့ညတွင် ဘေရွတ်မြို့၌ အစိုးရဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲတို့ ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။

မြို့နေအများစုမှာ အစိုးရ၏ ပေါ့ဆမှုနှင့် အကျင့်ပျက်ခြစားမှုများကြောင့် လူအများအပြားသေဆုံးစေ ရသောပေါက်ကွဲမှုဖြစ်ရသည်ဟု မှတ်ယူကြသည်။

ပေါက်ကွဲမှုစုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် အစောပိုင်းရလဒ်များအရ ဘေရွတ်ဆိပ်ကမ်း၌ နှစ်ချီသိုလှောင်ထား ခဲ့သော အမိုးနီးယားနိုက်ထရိတ်ဓါတ်မြေဩဇာများကြောင့်ဖြစ်ကြောင်း တွေ့ရှိသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူများကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မည်ဟု လက်ဘနွန် ဝန်ကြီး ချုပ်က ပြောထားသည်။

ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသူ ၁၃၇ ယောက်ရှိသော ပြီးခဲ့သည့်သုံးရက်၌ လက်ဘနွန်မြို့တော်သို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ရောက်လာပြီး စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ နိုင်ငံတကာအကူအညီများ ပေး အပ်မည်ဟု ကတိပြုသည်။

သို့သော် လက်ဘနွန်အစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကိုနှိမ်နှင်းပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ကြောင်း တိုက်တွန်းသည်။

Ref : Beirut blast could have been due to ‘negligence, a missile or a bomb,’ says Lebanon’s president.

#PeopleMedia


Share this post