• Follow Us on

Home ပြင်သစ်က ရေငုပ်သင်္ဘောစာချုပ်ပျက်စီးသွားကြောင်းရင်ဖွင့်သော်လည်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တစ်နိုင်ငံတည်း အထီးကျန်ဖြစ်နေ

ပြင်သစ်က ရေငုပ်သင်္ဘောစာချုပ်ပျက်စီးသွားကြောင်းရင်ဖွင့်သော်လည်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တစ်နိုင်ငံတည်း အထီးကျန်ဖြစ်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀ (People Media)

 

သြစတေးလျနိုင်ငံနှင့် ဘီလျံပေါင်းများစွာတန်သည့် ရေငုပ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ပျက်ပြားခဲ့သည့် အ တွက် အမေရိကန်ပြည်ထောင်စုနှင့် ထိပ်တိုက်တွေ့ဆုံရန်နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြင့် ပြင်သစ်နိုင်ငံ သည် အန္တရာယ်ကြီးသောအလောင်းအစားတစ်ခုကို လုပ်ဆောင်နေပြီး အခြားနိုင်ငံများက ပြင်သစ်နိုင်ငံဘက်မှ ရပ်တည်ခြင်းမရှိကြောင်းသိရသည်။

 

သြစတေးလျနိုင်ငံက အမေရိကန်ကကူညီမည့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကိုလက်ခံရယူရန် ဆုံးဖြတ်လိုက်ပြီး ပြင်သစ်နှင့်ချုပ်ဆိုထားသောရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် ပြင် သစ်နိုင်ငံက အမေရိကန်နှင့် သြစတေးလျရှိ သံအမတ်များကို ပြန်လည်ခေါ်ယူခဲ့သည်။

 

ပြင်သစ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ သံအမတ်ကိုပြန်လည်ခေါ်ယူသည့်အတွက် မိမိတောင်းဆိုချက် ကိုပြန်လည်ရုပ်သိမ်းရဖွယ်ရှိသော သို့မဟုတ် မျက်နှာပျက်ရဖွယ်ရှိသော နေရာကို တိုးဝင်နေကြောင်း ပဲရစ်မြို့ရှိ Sciences P အင်စတီကျုမှ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဘာထရန်ဘာဒိုင်းက ပြောသည်။ “တကယ်လို့ ဒီ လို အခက်အခဲအကျပ်အတည်းအခြေအနေမျိုးကို ကြုံတွေ့ရမယ်ဆိုရင် ထွက်ပေါက်ကဘယ်မှာလဲဆိုတာ သိ ထားသင့်တယ်။” ဟု ၎င်းကပြောသည်။

 

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကို ရွေးချယ်လိုက်ခြင်းသည် ၎င်း၏ရေတပ်အတွက် ပိုမိုကောင်းမွန် သောရွေးချယ်မှုဖြစ်ကြောင်း သြစတေးလျနိုင်ငံကပြောသည်။ လူသိထင်ရှားအောင့်အည်းထိန်းချုပ်ထားသည့် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်သည် လာမည့်ရက်များအတွင်း အမေရိကန်သမ္မတဘိုင်ဒန်နှင့် စကားပြော ရန်စီစဉ်ထားကြောင်းသိရသည်။ သို့သော် ပြင်သစ်နိုင်ငံခြားရေးဝန် ကြီးယာအိလိုသဂီယန်ကမူ ယင်းအပြုအမူ မှာ “နောက်ကျောကိုဓားနှင့်ထိုးသောလုပ်ရပ်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

သြစတေးလျနှင့်ချုပ်ဆိုထားသောစာချုပ် ပျက်ပြားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံကဒေါသထွက်ခဲ့ပြီး နိုင်ငံရေးခေါင်း ဆောင်များကလည်း ယင်းဖြစ်ရပ်ကို ဖိအားပေးလျက်ရှိသည်။ သို့သော် ကုလသမဂ္ဂအထွေထွေညီလာခံစတင် ကျင်းပသည့်အချိန်တွင် ပြင်သစ်တစ်နိုင်ငံတည်းထီးတည်းဖြစ်နေရာ သံတမန်အကျိုးသက်ရောက်မှုမှာလည်း နည်းပါးနေလျက်ရှိသည်။ ဥရောပအင်အားကြီးနိုင်ငံဂျာမနီကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်ဝင် စားမှုမရှိ ကြောင်းတွေ့ရသည်။

 

ဂျိုးဘိုင်ဒန်အစိုးရသည် ဥရောပနှင့်ပတ်သက်၍ မဟာဗျူဟာမြောက်ချမှတ်ထားသည့်အစီအစဉ်များမရှိကြောင်း အသိပေးရင်း ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပနိုင်ငံများအား လှုံ့ဆော်စည်းရုံးနိုင်ကြောင်း Brookings Institution မှ အတ္တလန်တစ်သမုဒ္ဒရာကျော်ဆက်ဆံရေးကျွမ်းကျင်သူ စီလီယာဘီလင်းကပြောသည်။ “ပြင်သစ်အနေနဲ့ ဒီ ဆန်းစစ်လေ့လာချက်ကို ဥရောပနိုင်ငံတွေကို မျှဝေသင့်တယ်။ ပြီးတော့ ဖြေရှင်းဖို့နည်းလမ်းရှာရအောင် စားပွဲ ဝိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးသင့်တယ်။” ဟု သူမကပြောသည်။

 

ဂျိုးဘိုင်ဒန်အနေဖြင့် ပြဿနာပိုမိုမကြီးထွားစေရန် ပြင်သစ်နှင့်ဆက်ဆံရေး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် သတ္တိရှိရှိနှင့် ယုံကြည်မှုရှိရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်းဖြစ်သူ မက်ဘာ့ဂျ်မန်း ကပြောသည်။ အမေရိကန်သမ္မတဘိုင်ဒန်က ပြင်သစ်သမ္မတမက်ခရွန်ကို အိမ်ဖြူတော်သို့ဖိတ်ကြားဆွေးနွေး သင့်ကြောင်း ၎င်းကပြောသည်။

 

Ref: France vents over submarines but alone on world stage

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: France vents over submarines but alone on world stage

 

#PeopleMedia


Share this post