• Follow Us on
Latest News

Home ျပင္သစ္ခရစ္ယာန္ဘုရားေက်ာင္းမွ လူ ၃ ေယာက္ကိုသတ္ျဖတ္ခံရၿပီးေနာက္ ဘုရားေက်ာင္းမ်ားႏွင့္ စာ သင္ေက်ာင္းမ်ားကို လံုၿခံဳေရးတိုးႁမွင့္မည္ဟု ျပင္သစ္သမၼတကတိျပဳ

ျပင္သစ္ခရစ္ယာန္ဘုရားေက်ာင္းမွ လူ ၃ ေယာက္ကိုသတ္ျဖတ္ခံရၿပီးေနာက္ ဘုရားေက်ာင္းမ်ားႏွင့္ စာ သင္ေက်ာင္းမ်ားကို လံုၿခံဳေရးတိုးႁမွင့္မည္ဟု ျပင္သစ္သမၼတကတိျပဳ

Share this post

ႏိုက္စ္၊ ေအာက္တိုဘာ ၃၀

ျပင္သစ္ႏိုင္ငံေတာင္ပိုင္းႏိုက္စ္ၿမိဳ႕တြင္ ၾကာသပေတးေန႔က ခရစ္ယာန္ဘုရားေက်ာင္းတခုအတြင္း အသက္ ၆၀ အရြယ္အမ်ိဳးသမီးတေယာက္ကို ေခါင္းျဖတ္ရန္ႀကိဳးစားမႈအပါအ၀င္ လူ ၃ ေယာက္ကို ဓားကိုင္လူတေယာက္က သတ္ျဖတ္မႈသည္ အစၥလာမ္မစ္အၾကမ္းဖက္တိုက္ခိုက္မႈဟု ျပင္သစ္သမၼတ အီမန္ႏ်ဳရယ္ မက္ခ႐ြန္က ေျပာ သည္။

ထိုတိုက္ခိုက္မႈသည္ အစၥလာမ္မစ္အၾကမ္းဖက္မႈအေတြးေခၚမ်ားအလြန္အမင္းသက္၀င္႐ွင္သန္ေနေၾကာင္း သတိေပးခ်က္ျဖစ္သည္ဟု ျပင္သစ္အၾကမ္းဖက္မႈဆန္႔က်င္ေရးအမႈစစ္ ဂၽြန္ဖရန္ဆြာ ရစ္ခ်တ္ကေျပာသည္။

ေသဆံုးသူမ်ားသည္ ထိုအခ်ိန္တြင္ ဘုရားေက်ာင္းအတြင္း႐ွိေနသည့္အခ်က္တခုတည္းေၾကာင့္ ပစ္မွတ္ထားခံရသည္ဟုလည္း ရစ္ခ်တ္ကလည္းေျပာသည္။

ဓားသမားက ေဆး႐ံုတြင္ ေဆးကုသမႈခံယူေနခ်ိန္တြင္ပင္ ဘုရားသခင္က အႀကီးျမတ္ဆံုးဟု ထပ္ကာထပ္ကာ ေျပာဆိုေၾကာင္း ႏိုက္စ္ၿမိဳ႕၀န္ ခရစၥ႐ွန္ အက္စထ႐ိုဆီက သတင္းေထာက္မ်ားကိုေျပာသည္။

အခင္းျဖစ္ရာသို႔ေရာက္႐ွိခဲ့သည့္ျပင္သစ္သမၼတ မက္ခ႐ြန္က ခရစ္ယာန္ဘုရားေက်ာင္းမ်ားတြင္ ရဲအေစာင့္မ်ား ၃၀၀၀ ႐ွိရာမွ ၇၀၀၀ အထိတိုးႁမွင့္မည္ဟု ကတိျပဳခဲ့သည္။

စာသင္ေက်ာင္းမ်ားတြင္လည္း လံုၿခံဳေရးမ်ားတိုးသြားမည္ဟု ကတိျပဳသည္။

ယခုလအေစာပိုင္းတြင္ ျပင္သစ္ေက်ာင္းဆရာတစ္ေယာက္က ကေလးမ်ားကို တမန္ေတာ္မိုဟာမက္ပံုကာတြန္း မ်ားျပသခဲ့ၿပီးေနာက္ ေခါင္းျဖတ္ခံရၿပီးေနာက္ပိုင္း ယခုဓားထိုးမႈမ်ားျဖစ္လာသည္။

ထိုျဖစ္ရပ္မ်ားေၾကာင့္ ျပင္သစ္ႏိုင္ငံတြင္ လြတ္လပ္စြာေဖာ္ထုတ္ေျပာဆိုခြင့္ကိုထိပါးခံမည္မဟုတ္ဟု မစၥတာ မက္ခ႐ြန္ကေျပာၿပီးေနာက္ မက္ခ႐ြန္ႏွင့္ မြတ္ဆလင္ႏိုင္ငံမ်ားၾကား ထိပ္တိုက္ရင္ဆိုင္ေနရသည္။

တူရကီသမၼတ ရီဆက္ ေတယစ္ အာဒို၀မ္က မက္ခ႐ြန္အေနျဖင့္ စိတ္က်န္းမာေရးစစ္ေဆးသင့္ေၾကာင့္ ေျပာင္ေျပာင္တင္းတင္းေ၀ဖန္ခဲ့သည္။

Ref : France on ’emergency’ footing after knifeman kills 3 at church

#PeopleMedia

(unicode)
ပြင်သစ်ခရစ်ယာန်ဘုရားကျောင်းမှ လူ ၃ ယောက်ကိုသတ်ဖြတ်ခံရပြီးနောက် ဘုရားကျောင်းများနှင့် စာ သင်ကျောင်းများကို လုံခြုံရေးတိုးမြှင့်မည်ဟု ပြင်သစ်သမ္မတကတိပြု
…………………………………………………….

နိုက်စ်၊ အောက်တိုဘာ ၃၀

ပြင်သစ်နိုင်ငံတောင်ပိုင်းနိုက်စ်မြို့တွင် ကြာသပတေးနေ့က ခရစ်ယာန်ဘုရားကျောင်းတခုအတွင်း အသက် ၆၀ အရွယ်အမျိုးသမီးတယောက်ကို ခေါင်းဖြတ်ရန်ကြိုးစားမှုအပါအဝင် လူ ၃ ယောက်ကို ဓားကိုင်လူတယောက်က သတ်ဖြတ်မှုသည် အစ္စလာမ်မစ်အကြမ်းဖက်တိုက်ခိုက်မှုဟု ပြင်သစ်သမ္မတ အီမန်နျုရယ် မက်ခရွန်က ပြော သည်။

ထိုတိုက်ခိုက်မှုသည် အစ္စလာမ်မစ်အကြမ်းဖက်မှုအတွေးခေါ်များအလွန်အမင်းသက်ဝင်ရှင်သန်နေကြောင်း သတိပေးချက်ဖြစ်သည်ဟု ပြင်သစ်အကြမ်းဖက်မှုဆန့်ကျင်ရေးအမှုစစ် ဂျွန်ဖရန်ဆွာ ရစ်ချတ်ကပြောသည်။

သေဆုံးသူများသည် ထိုအချိန်တွင် ဘုရားကျောင်းအတွင်းရှိနေသည့်အချက်တခုတည်းကြောင့် ပစ်မှတ်ထားခံရသည်ဟုလည်း ရစ်ချတ်ကလည်းပြောသည်။

ဓားသမားက ဆေးရုံတွင် ဆေးကုသမှုခံယူနေချိန်တွင်ပင် ဘုရားသခင်က အကြီးမြတ်ဆုံးဟု ထပ်ကာထပ်ကာ ပြောဆိုကြောင်း နိုက်စ်မြို့ဝန် ခရစ္စရှန် အက်စထရိုဆီက သတင်းထောက်များကိုပြောသည်။

အခင်းဖြစ်ရာသို့ရောက်ရှိခဲ့သည့်ပြင်သစ်သမ္မတ မက်ခရွန်က ခရစ်ယာန်ဘုရားကျောင်းများတွင် ရဲအစောင့်များ ၃၀၀၀ ရှိရာမှ ၇၀၀၀ အထိတိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။

စာသင်ကျောင်းများတွင်လည်း လုံခြုံရေးများတိုးသွားမည်ဟု ကတိပြုသည်။

ယခုလအစောပိုင်းတွင် ပြင်သစ်ကျောင်းဆရာတစ်ယောက်က ကလေးများကို တမန်တော်မိုဟာမက်ပုံကာတွန်း များပြသခဲ့ပြီးနောက် ခေါင်းဖြတ်ခံရပြီးနောက်ပိုင်း ယခုဓားထိုးမှုများဖြစ်လာသည်။

ထိုဖြစ်ရပ်များကြောင့် ပြင်သစ်နိုင်ငံတွင် လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုထိပါးခံမည်မဟုတ်ဟု မစ္စတာ မက်ခရွန်ကပြောပြီးနောက် မက်ခရွန်နှင့် မွတ်ဆလင်နိုင်ငံများကြား ထိပ်တိုက်ရင်ဆိုင်နေရသည်။

တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဝမ်က မက်ခရွန်အနေဖြင့် စိတ်ကျန်းမာရေးစစ်ဆေးသင့်ကြောင့် ပြောင်ပြောင်တင်းတင်းဝေဖန်ခဲ့သည်။

Ref : France on ’emergency’ footing after knifeman kills 3 at church

#PeopleMedia


Share this post