• Follow Us on

Home ျပင္သစ္တြင္ ကို႐ိုနာဗိုင္းရပ္စ္တေန႔တာကူးစက္မႈစံခ်ိန္တင္

ျပင္သစ္တြင္ ကို႐ိုနာဗိုင္းရပ္စ္တေန႔တာကူးစက္မႈစံခ်ိန္တင္

Share this post

ပဲရစ္၊ ႏို၀င္ဘာ ၇

ျပင္သစ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္တေန႔တာကူးစက္မႈစံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး အတည္ျပဳလူနာ ၆၀၄၈၆ ေယာက္႐ွိခဲ့သည္။

ယခုစံခ်ိန္တင္လူနာ႐ွိလာသည့္ႏွင့္အတူ တႏိုင္ငံလံုးတြင္အတည္ျပဳလူ ၁.၇ သန္းေက်ာ္႐ွိေနသည္ဟု ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏အခ်က္အလက္မ်ားအရသိရသည္။

ေသာၾကာေန႔တြင္ ေသဆံုးသူ ၈၂၈ ေယာက္လည္း ထပ္တိုးခဲ့ၿပီး ေသဆံုးသူ ၄၀၀၀၀ နီးပါး႐ွိေနသည္။

ဗိုင္းရပ္စ္ကူးစက္မႈကိုထိန္းခ်ဳပ္ရန္ ျပင္သစ္တြင္ တပတ္ၾကာအလံုပိတ္ကန္႔သတ္မႈမ်ား႐ွိေနခ်ိန္တြင္ စံခ်ိန္တင္ကူးစက္မႈ႐ွိလာျခင္းျဖစ္သည္။

ကန္႔သတ္မႈမ်ားသည္ ဒီဇင္ဘာ ၁ ရက္အထိ႐ွိေနမည္ဟု ခန္႔မွန္းရၿပီး အလုပ္လုပ္ရန္၊ လိုအပ္ေသာ ပစၥည္းမ်ား၀ယ္ရန္၊ ေဆးကုသရန္ သို႔မဟုတ္ တေန႔လွ်င္တနာရီၾကာအားကစားလုပ္ရန္သာ အျပင္ထြက္ခြင့္ရမည္ျဖစ္သည္။

မျဖစ္မေနမလိုအပ္ေသာဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ဘားမ်ားကိုပိတ္ထားၿပီး ေက်ာင္းမ်ားကို ဆက္လက္ဖြင့္ထားသည္။ ည ၁၀ နာရီမွ မနက္ ၆ နာရီအထိ အျပင္မထြက္ရအမိန္႔လည္း႐ွိေနသည္။

Ref : Coronavirus: France records more than 60,000 cases

#PeopleMedia

(unicode)
ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်တနေ့တာကူးစက်မှုစံချိန်တင်
…………………………………….

ပဲရစ်၊ နိုဝင်ဘာ ၇

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တနေ့တာကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့ပြီး အတည်ပြုလူနာ ၆၀၄၈၆ ယောက်ရှိခဲ့သည်။

ယခုစံချိန်တင်လူနာရှိလာသည့်နှင့်အတူ တနိုင်ငံလုံးတွင်အတည်ပြုလူ ၁.၇ သန်းကျော်ရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏အချက်အလက်များအရသိရသည်။

သောကြာနေ့တွင် သေဆုံးသူ ၈၂၈ ယောက်လည်း ထပ်တိုးခဲ့ပြီး သေဆုံးသူ ၄၀၀၀၀ နီးပါးရှိနေသည်။

ဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်ရန် ပြင်သစ်တွင် တပတ်ကြာအလုံပိတ်ကန့်သတ်မှုများရှိနေချိန်တွင် စံချိန်တင်ကူးစက်မှုရှိလာခြင်းဖြစ်သည်။

ကန့်သတ်မှုများသည် ဒီဇင်ဘာ ၁ ရက်အထိရှိနေမည်ဟု ခန့်မှန်းရပြီး အလုပ်လုပ်ရန်၊ လိုအပ်သော ပစ္စည်းများဝယ်ရန်၊ ဆေးကုသရန် သို့မဟုတ် တနေ့လျှင်တနာရီကြာအားကစားလုပ်ရန်သာ အပြင်ထွက်ခွင့်ရမည်ဖြစ်သည်။

မဖြစ်မနေမလိုအပ်သောဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဘားများကိုပိတ်ထားပြီး ကျောင်းများကို ဆက်လက်ဖွင့်ထားသည်။ ည ၁၀ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်လည်းရှိနေသည်။

Ref : Coronavirus: France records more than 60,000 cases

#PeopleMedia


Share this post