• Follow Us on
Latest News

Home ျပင္သစ္ထံမွ အသစ္၀ယ္ယူထားေသာ ဂ်က္တိုက္ေလယာဥ္မ်ားကို တ႐ုတ္ႏွင့္ နယ္စပ္တြင္ အိႏၵိယစမ္းသပ္

ျပင္သစ္ထံမွ အသစ္၀ယ္ယူထားေသာ ဂ်က္တိုက္ေလယာဥ္မ်ားကို တ႐ုတ္ႏွင့္ နယ္စပ္တြင္ အိႏၵိယစမ္းသပ္

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၂၂
 
ျပင္သစ္ႏုိင္ငံထံမွအိႏၵိယႏုိင္ငံမၾကာေသးမီက၀ယ္ယူထားသည့္ရာေဖးဂ်က္တိုက္ေလယာဥ္မ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ဟိမ၀ႏၱာေတာင္တန္းေဒသမွ လာဒါ့ေဒသတြင္ပ်ံသန္းခဲ့သည္ဟု အရာ႐ွိတစ္ေယာက္က AFP သတင္းေအဂ်င္စီကို တနလၤာေန႔တြင္ေျပာသည္။
 
ျပင္သစ္ထံမွအေမရိကန္ေဒၚလာသန္း ၉၄၀၀ ျဖင့္၀ယ္ယူထားသည့္ရာေဖးေလယာဥ္ ၃၆ စင္းထဲမွပထမဆံုး ၅ စင္းကို စက္တင္ဘာ ၁၀ ရက္တြင္ တပ္ေတာ္၀င္ခဲ့ေၾကာင္း အိႏၵိယကာကြယ္ေရး၀န္ႀကီး ရာနတ္ ဆင္းကေျပာၿပီး ထိုေလယာဥ္မ်ားသည္ အိႏၵိယအေပၚဆန္႔က်င္သူမ်ားကို အားေကာင္းသည့္သတင္းစကားပါးျခင္းဟု လည္းေျပာသည္။
 
လာဒါ့ေဒသအပါအ၀င္ စစ္ဆင္ေရးနယ္ေျမေတြကို ရင္းႏွီးေအာင္ ရာေဖးဂ်က္တိုက္ေလယာဥ္ေတြပ်ံသန္း ေနသည္ဟု အမည္မေဖာ္လိုသူအိႏိၵယေလတပ္အရာ႐ွိႀကီးတစ္ေယာက္ကေျပာသည္။
 
ဇြန္လလယ္က လာဒါ့ေဒသတြင္ တ႐ုတ္ႏွင့္အိႏၵိယစစ္သားမ်ား လက္နက္မဲ့တိုက္ခိုက္ခဲ့ရာ အိႏၵိယစစ္သား အေယာက္ ၂၀ ေသဆံုးခဲ့ၿပီး တ႐ုတ္ဘက္ကလည္း ထိခိုက္ေသဆံုးသူမ်ား႐ွိေၾကာင္းေျပာေသာ္လည္း အေရအတြက္ကိုမထုတ္ျပန္ေခ်။
 
စက္တင္ဘာလအေစာပိုင္းတြင္လည္း ႏွစ္ႏုိင္ငံနယ္စပ္ထိုေဒသတြင္ ၄၅ ႏွစ္အတြင္း ပထမဆံုးအႀကိမ္ပစ္ခတ္မ ႈမ်ားျဖစ္ပြားခဲ့သည္။ ႏွစ္ဖက္တပ္မွဴးမ်ားက ထိုေဒသတြင္ တင္းမာမႈမ်ားေလွ်ာ့ခ်ေရးေဆြးေႏြးေနခ်ိန္တြင္ ရာေဖးေလယာဥ္မ်ား၏ပ်ံသန္းမႈသတင္းေပၚထြက္လာျခင္းျဖစ္သည္။
 
Ref : India tests new French fighter jets in skies near China border
 
#PeopleMedia
 
(Unicode)
ပြင်သစ်ထံမှ အသစ်ဝယ်ယူထားသော ဂျက်တိုက်လေယာဉ်များကို တရုတ်နှင့် နယ်စပ်တွင် အိန္ဒိယစမ်းသပ်
……………………………………………………
 
နယူးဒေလီ၊ စက်တင်ဘာ ၂၂
 
ပြင်သစ်နိုင်ငံထံမှအိန္ဒိယနိုင်ငံမကြာသေးမီကဝယ်ယူထားသည့်ရာဖေးဂျက်တိုက်လေယာဉ်များသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဟိမဝန္တာတောင်တန်းဒေသမှ လာဒါ့ဒေသတွင်ပျံသန်းခဲ့သည်ဟု အရာရှိတစ်ယောက်က AFP သတင်းအေဂျင်စီကို တနင်္လာနေ့တွင်ပြောသည်။
 
ပြင်သစ်ထံမှအမေရိကန်ဒေါ်လာသန်း ၉၄၀၀ ဖြင့်ဝယ်ယူထားသည့်ရာဖေးလေယာဉ် ၃၆ စင်းထဲမှပထမဆုံး ၅ စင်းကို စက်တင်ဘာ ၁၀ ရက်တွင် တပ်တော်ဝင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနတ် ဆင်းကပြောပြီး ထိုလေယာဉ်များသည် အိန္ဒိယအပေါ်ဆန့်ကျင်သူများကို အားကောင်းသည့်သတင်းစကားပါးခြင်းဟု လည်းပြောသည်။
 
လာဒါ့ဒေသအပါအဝင် စစ်ဆင်ရေးနယ်မြေတွေကို ရင်းနှီးအောင် ရာဖေးဂျက်တိုက်လေယာဉ်တွေပျံသန်း နေသည်ဟု အမည်မဖော်လိုသူအိန္ဒိယလေတပ်အရာရှိကြီးတစ်ယောက်ကပြောသည်။
 
ဇွန်လလယ်က လာဒါ့ဒေသတွင် တရုတ်နှင့်အိန္ဒိယစစ်သားများ လက်နက်မဲ့တိုက်ခိုက်ခဲ့ရာ အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ပြီး တရုတ်ဘက်ကလည်း ထိခိုက်သေဆုံးသူများရှိကြောင်းပြောသော်လည်း အရေအတွက်ကိုမထုတ်ပြန်ချေ။
 
စက်တင်ဘာလအစောပိုင်းတွင်လည်း နှစ်နိုင်ငံနယ်စပ်ထိုဒေသတွင် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်ပစ်ခတ်မ ှုများဖြစ်ပွားခဲ့သည်။ နှစ်ဖက်တပ်မှူးများက ထိုဒေသတွင် တင်းမာမှုများလျှော့ချရေးဆွေးနွေးနေချိန်တွင် ရာဖေးလေယာဉ်များ၏ပျံသန်းမှုသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။
 
Ref : India tests new French fighter jets in skies near China border
 
#PeopleMedia

Share this post