• Follow Us on

Home ပြင်သစ်နိုင်ငံ၌ အိုမီခရွန် COVID-19 ရောဂါ သံသယရှိသူ ၈ ဦး ရှိကြောင်း ထုတ်ပြန်

ပြင်သစ်နိုင်ငံ၌ အိုမီခရွန် COVID-19 ရောဂါ သံသယရှိသူ ၈ ဦး ရှိကြောင်း ထုတ်ပြန်

Share this post

နိုင်ငံတကာ ၊ နိုဝင်ဘာ ၂၉ (People Media)

 

ပြီးခဲ့သော ၁၄ ရက်အတွင်း အာဖရိက ခရီးစဉ်များ သွားရောက်ခဲ့သည့် ခရီးသည်များအား ရောဂါပိုးစစ်ဆေး ရာတွင် အိုမီခရွန် COVID-19 ရောဂါသံသယရှိသူ ၈ ဦး တွေ့ရှိရကြောင်း နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင် ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

အခြားမျိုးဗီဇကွဲများ(Alpha ၊ Beta ၊ Gamma နှင့် Delta)တို့တွင် တွေ့ရှိရသည့် ဗီဇပြောင်းလဲမှုများအတွက် negative စစ်ဆေးမှုနှင့်အတူ COVID-19 ရောဂါပိုးရှိသူ ၈ ဦးကို မော်လီကျူးလားဇီဝနည်းပညာ sequencing ဖြင့် စစ်ဆေး၍ ထပ်မံအတည်ပြုချက် လိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ်အတွက် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

 

ပြင်သစ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် အိုမီခရွန် COVID-19 ရောဂါ ဖြစ်ပွားမှုများအား အတည်ပြုထုတ် ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပြင်သစ်ကျန်းမာရေးဝန်ကြီး Olivier Veran က “ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ COVID-19 ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ပြန့်နှံ့နေကတည်းက ကျွန်တော်တို့နိုင်ငံမှာလည်း အိုမီခရွန်က ပြန့်နှံ့နေနိုင်ပါတယ်” ဟု BFMTV Sunday morning အစီအစဉ်တွင် ပြောကြားခဲ့သည်။

 

ကြိုတင်ကာကွယ်မှုအနေဖြင့် ပြင်သစ်နိုင်ငံသည် အခြား ဥရောပသမဂ္ဂနိုင်ငံများနှင့်အတူ အာဖရိကတောင်ပိုင်း နိုင်ငံ ၇ နိုင်ငံမှ လေကြောင်းပျံသန်းမှုများအား ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသည် ပိုမိုကူးစက်နိုင်ခြေ သို့မဟုတ် Delta အပါအဝင် အခြားမျိုးဗီဇပြောင်းပိုးများနှင့် နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်သည့် ရောဂါ ဖြစ်ပွားနိုင်ခြေ ရှိ ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #အိုမီခရွန်COVID19

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

(Xinhua)

 



Share this post