• Follow Us on

Home ပြင်သစ်နဲ့ အမေရိကန် တိုက်လေယာဉ် ဝယ်ယူဖို့ အင်ဒိုနီးရှားစီစဉ်

ပြင်သစ်နဲ့ အမေရိကန် တိုက်လေယာဉ် ဝယ်ယူဖို့ အင်ဒိုနီးရှားစီစဉ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

အာရှပစိဖိတ်ဒေသတွေမှာ တင်းမာမှု မြှင့်တက်လာနေချိန်အတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့ လေတပ်ကို အဆင့်မြင့်တင်ဖို့အတွက် ပြင်သစ်နဲ့ အမေရိကန်တို့ကနေ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ တိုက် လေယာဉ်တွေကို ဝယ်ယူဖို့ကြိုးစားနေပါတယ်။

 

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်နဲ့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရန့်စ်ပါလီတို့ ဂျကာတာမှာ တွေ့ဆုံနေစဉ်မှာပဲ အင်ဒိုးနီးရှားနိုင်ငံက ပြင်သစ် Rafale တိုက်လေယာဉ် ၄၂ စီး ဝယ်ယူရေး သဘောတူညီချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဆူဘီယန်က ပြင်သစ်နိုင်ငံကနေ တိုက်လေယာဉ်များကို ဝယ်ယူသွားမှာ ဖြစ်တယ်လို့ အတည်ပြုပြောဆိုခဲ့ပြီး ကနဦး သဘောတူညီမှုအဖြစ် တိုက်လေယာဉ်ခြောက်စင်း ဝယ်ယူဖို့ အတွက် ပြင်သစ်နဲ့ မနေ့က စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံက Scorpene ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်းကိုလည်း ဝယ်ယူ သွားမှာဖြစ်ပြီး လေယာဉ် ၄၂ စီးနဲ့ သူတို့ရဲ့ လက်နက်တွေ အတွက် စာချုပ်က ဒေါ်လာ ၈.၁ ဘီလီယံ တန်ကြေး ရှိတယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံကလည်း  အင်ဒိုနီးရှားကို လက်နက်၊ခဲယမ်းနဲ့ ဆက်သွယ်ရေးစနစ်များ အပါအဝင် F-15 အဆင့်မြင့် တိုက်လေယာဉ်များ၊ အင်ဂျင်များနဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေါ်လာ ၁၃.၉ ဘီလီ ယံ ရောင်းချသွားမှာဖြစ်တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်အတွင်းက ဂျကာတာသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် အမေရိကန်-အင်ဒိုနီးရှားဆက်ဆံရေးကို တိုးမြင့်နိုင်ရေးအတွက် အဆိုပါ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်တယ်လို့လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

 

အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံအကြောင်း မပါရှိခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွား လာတာနဲ့အမျှ အမေရိကန်နဲ့ အခြားသော အနောက်နိုင်ငံအုပ်စုများဟာ အာရှပစိဖိတ်ဒေသတစ်ဝှမ်းရှိ နိုင်ငံ တွေနဲ့ နက်ရှိုင်းစွာ ချိတ်ဆက်မှုများလုပ်ဆောင်လာနေတယ်လို့လဲ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

သို့သော် အင်ဒိုနီးရှားကို အမေရိကန်က စစ်လက်နက်ရောင်းချဖို့ရှိနေပေမယ့် လူ့အခွင့်အရေးပြဿနာများနှင့် ပတ်သက်၍ စိစစ်ခံနေရပြီး အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

 

ကိုးကား – Aljareeza

 

Ref; Indonesia to buy French fighter jets, as US approves F-15 plan

 

#PeopleMedia

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref; Indonesia to buy French fighter jets, as US approves F-15 plan

 

#PeopleMedia


Share this post