• Follow Us on

Home ျပင္သစ္သမၼတကိုဆန္႔က်င္ေၾကာင္း ဘဂၤလားေဒ့႐ွ္တြင္ လူ ၅ သိန္းခန္႔ ဆႏၵထုတ္ေဖာ္

ျပင္သစ္သမၼတကိုဆန္႔က်င္ေၾကာင္း ဘဂၤလားေဒ့႐ွ္တြင္ လူ ၅ သိန္းခန္႔ ဆႏၵထုတ္ေဖာ္

Share this post

ဒါကာ၊ ႏို၀င္ဘာ ၃
ၿပီးခဲ့သည့္လက ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္ မက္ခ႐ြန္၏အစၥလာမ္ဘာသာအေပၚ ဆန္႔က်င္သည့္မွတ္ခ်က္ျပဳခဲ့သည္ကို မလိုလားေၾကာင္းျပသသည့္အေနျဖင့္ တနလၤာေန႔တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာျပင္သစ္သံ႐ံုးအနီး လူ ၅ သိန္းခန္႔ဆႏၵထုတ္ေဖာ္ခဲ့သည္။
တနလၤာေန႔ေန႔လည္ ၁၁ နာရီခန္႔မွစ၍ ဘိုင္တူမူကာရမ္အမ်ိဳးသားဗလီနားတြင္ အစၥလာမ္မစ္အဖြဲ႔မ်ားမွေခါင္းေဆာင္မ်ားႏွင့္တက္ႂကြလႈပ္႐ွားသူသိန္းခ်ီစုေ၀းခဲ့ၾကသည္။
ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ ဟီဖာဂ်က္အီအစၥလာမ္ဘဂၤလားေဒ့႐ွ္ဦးေဆာင္သည့္ အစၥလာမ္မစ္အဖြဲ႔မ်ား၏အစုအဖြဲ႔တခုျဖစ္ေသာ ဆိုမိုမိုနာအစၥလာမ္မီဒယ္က တနလၤာေန႔တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာျပင္သစ္သံ႐ံုးကို ၀င္စီးရန္ႀကိဳးစားခဲ့ၿပီး ရဲမ်ားက တားဆီးႏိုင္ခဲ့သည္။
သူတို႔က ျပင္သစ္သံ႐ံုးထံခ်ီတက္ေသာအခါ ရဲမ်ားက သူတို႔ကိုတားဆီးခဲ့ၿပီး ျပန္ရန္အမိန္႔ေပးခဲ့သည္။
ရဲမ်ားကတားဆီးၿပီးေနာက္ သူတို႔က ဆႏၵထုတ္ေဖာ္မႈမ်ားလုပ္ခဲ့သည္။ ဆႏၵျပရာပတ္၀န္းက်င္တြင္ တနလၤာေန႔မနက္ပိုင္းမွစတင္၍ယာဥ္အသြားအလာရပ္ဆိုင္းၿပီး ေန႔စဥ္သြားလာရသူမ်ားအခက္အခဲေတြ႕ခဲ့သည္။
မက္ခ႐ြန္က ျပင္သစ္ႏိုင္ငံမွမြတ္ဆလင္အသိုက္အ၀န္းမ်ားကိုထိန္းခ်ဳပ္ရန္ၿခိမ္းေျခာက္ရာတြင္အသံုးျပဳေနသည့္ အစၥလာမ္မစ္ခြဲျခမ္းေရးကိုတိုက္ခိုက္ရန္ ကတိျပဳခဲ့သည္။
အစၥလာမ္ဘာသာသည္ ကမာၻတ၀န္းအၾကပ္ဆိုက္ေနသည့္ဘာသာတခုဟုလည္းေျပာခဲ့ၿပီး ႏိုင္ငံႏွင့္ခရစ္ယာန္ဘုရားေက်ာင္းေတာ္တို႔ကို တရား၀င္ခြဲျခားထားသည့္ ၁၉၀၅ ခုႏွစ္ဥပေဒတရပ္ကို ဒီဇင္ဘာတြင္ျပန္လည္တင္သြင္းကာ အားေကာင္းေအာင္လုပ္သြားမည္ဟုလည္းေျပာသည္။
Ref : Vienna shooting: Gunman hunted after deadly ‘terror’ attack
#PeopleMedia
(unicode)
ပြင်သစ်သမ္မတကိုဆန့်ကျင်ကြောင်း ဘင်္ဂလားဒေ့ရှ်တွင် လူ ၅ သိန်းခန့် ဆန္ဒထုတ်ဖော်
………………………………..
ဒါကာ၊ နိုဝင်ဘာ ၃
ပြီးခဲ့သည့်လက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏အစ္စလာမ်ဘာသာအပေါ် ဆန့်ကျင်သည့်မှတ်ချက်ပြုခဲ့သည်ကို မလိုလားကြောင်းပြသသည့်အနေဖြင့် တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာပြင်သစ်သံရုံးအနီး လူ ၅ သိန်းခန့်ဆန္ဒထုတ်ဖော်ခဲ့သည်။
တနင်္လာနေ့နေ့လည် ၁၁ နာရီခန့်မှစ၍ ဘိုင်တူမူကာရမ်အမျိုးသားဗလီနားတွင် အစ္စလာမ်မစ်အဖွဲ့များမှခေါင်းဆောင်များနှင့်တက်ကြွလှုပ်ရှားသူသိန်းချီစုဝေးခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဟီဖာဂျက်အီအစ္စလာမ်ဘင်္ဂလားဒေ့ရှ်ဦးဆောင်သည့် အစ္စလာမ်မစ်အဖွဲ့များ၏အစုအဖွဲ့တခုဖြစ်သော ဆိုမိုမိုနာအစ္စလာမ်မီဒယ်က တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာပြင်သစ်သံရုံးကို ဝင်စီးရန်ကြိုးစားခဲ့ပြီး ရဲများက တားဆီးနိုင်ခဲ့သည်။
သူတို့က ပြင်သစ်သံရုံးထံချီတက်သောအခါ ရဲများက သူတို့ကိုတားဆီးခဲ့ပြီး ပြန်ရန်အမိန့်ပေးခဲ့သည်။
ရဲများကတားဆီးပြီးနောက် သူတို့က ဆန္ဒထုတ်ဖော်မှုများလုပ်ခဲ့သည်။ ဆန္ဒပြရာပတ်ဝန်းကျင်တွင် တနင်္လာနေ့မနက်ပိုင်းမှစတင်၍ယာဉ်အသွားအလာရပ်ဆိုင်းပြီး နေ့စဉ်သွားလာရသူများအခက်အခဲတွေ့ခဲ့သည်။
မက်ခရွန်က ပြင်သစ်နိုင်ငံမှမွတ်ဆလင်အသိုက်အဝန်းများကိုထိန်းချုပ်ရန်ခြိမ်းခြောက်ရာတွင်အသုံးပြုနေသည့် အစ္စလာမ်မစ်ခွဲခြမ်းရေးကိုတိုက်ခိုက်ရန် ကတိပြုခဲ့သည်။
အစ္စလာမ်ဘာသာသည် ကမ္ဘာတဝန်းအကြပ်ဆိုက်နေသည့်ဘာသာတခုဟုလည်းပြောခဲ့ပြီး နိုင်ငံနှင့်ခရစ်ယာန်ဘုရားကျောင်းတော်တို့ကို တရားဝင်ခွဲခြားထားသည့် ၁၉၀၅ ခုနှစ်ဥပဒေတရပ်ကို ဒီဇင်ဘာတွင်ပြန်လည်တင်သွင်းကာ အားကောင်းအောင်လုပ်သွားမည်ဟုလည်းပြောသည်။
Ref : Vienna shooting: Gunman hunted after deadly ‘terror’ attack
#PeopleMedia


Share this post