• Follow Us on

Home ပြင်သစ်ရေတပ်မှ တိုက်လေယာဉ် ခုနစ်စင်း အင်ဒိုနီးရှားတွင် အရေးပေါ် ဆင်းသက်

ပြင်သစ်ရေတပ်မှ တိုက်လေယာဉ် ခုနစ်စင်း အင်ဒိုနီးရှားတွင် အရေးပေါ် ဆင်းသက်

Share this post

လေ့ကျင့်မူများပြုလုပ်နေသည့် ပြင်သစ်ရေတပ်မှ တိုက်လေယာဉ် ခုနစ်စင်းသည် ရာသီဥတုဆိုးရွားမူကြောင့် စနေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် အရေးပေါ် ဆင်းသက်လိုက်ရကြောင်း မေ ၂၀ ရက် BBCသတင်းတွင် ဖော်ပြထားသည်။

Dassault Rafale jets အမျိုးအစားတိုက်လေယာဉ်များမှ လေယာဉ်မှုးများသည် အာချေပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားလေတပ်တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

အရေးပေါ် ဆင်းသက်ခဲ့သည် တိုက်လေယာဉ် ခုနစ်စီးအနက် ငါးစီးမှာ အိန္ဒိယသမုဒ္ဒရာရှိCharles de Gaulle လေယာဉ်တင်သင်္ဘောဆီ ပြန်ရောက်သွားပြီဖြစ်သော်လည်း နှစ်စီးမှာ တနင်္ဂနွေနေ့အထိအားချေပြည်နယ်တွင် ဆက်ရှိနေဆဲဖြစ်သည်။

အာချေးလေတပ်စခန်းရှိ ဗိုလ်မှူးကြီးအာရစ်ဖ်က ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီးစုံစမ်းမူများပြုလုပ်ခဲ့ရာ မည်သည့် ပြဿနာမှ တွေ့ခဲ့ရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။သို့သော် တိုက်လေယာဉ်နှစ်စီး မည်သည့်အတွက်ကြောင့်ကျန်ရစ်နေသည်ကို ရှင်းလင်းစွာ မသိရသေးပေ။ ပြင်သစ် လေယာဉ်တင်သင်္ဘောသည် ဆူမာတြားကျွန်း အ
နောက်ပိုင်း မိုင် ၁၀၀ ကျော်အကွာတွင် သွားလာနေခြင်းဖြစ်သည်။


Share this post
https://www.facebook.com/303185163868226/videos/325318988137225/