• Follow Us on

Home ပြင်သစ်ရေနံကုမ္ပဏီ Total လုပ်ကိုင်ခဲ့သည့် ရတနာဓာတ်ငွေ့စီမံကိန်း၏ ပိုင်ဆိုင်မှုရှယ်ယာများကို ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီမှ ဝယ်ယူမည်

ပြင်သစ်ရေနံကုမ္ပဏီ Total လုပ်ကိုင်ခဲ့သည့် ရတနာဓာတ်ငွေ့စီမံကိန်း၏ ပိုင်ဆိုင်မှုရှယ်ယာများကို ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီမှ ဝယ်ယူမည်

Share this post

နေပြည်တော်၊ မတ် ၁၆

 

မြန်မာနိုင်ငံတွင် ပြင်သစ်ရေနံကုမ္ပဏီ Total Energies လုပ်ကိုင်ခဲ့သည့် ရတနာဓာတ်ငွေ့စီမံကိန်း၏ ပိုင်ဆိုင်မှု ရှယ်ယာများကို ထိုင်းရေနံနှင့် ဓါတ်ငွေ့ကုမ္ပဏီ PTTEP မှ လွှဲပြောင်းဝယ်ယူမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

ပြင်သစ်အခြေစိုက် Total Energies နှင့် အမေရိကန်အခြေစိုက် Chevron တို့သည် မြန်မာနိုင်ငံမှ လုပ်ငန်းများ ကို ပြန်ရုတ်သိမ်းမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့ ကုမ္ပဏီဖြစ်သည့် PTTEP မှ လွဲပြောင်းဝယ်ယူမည်ဖြစ်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်။

 

ရတနာဓာတ်ငွေ့စီမံကိန်းက ထွက်ရှိသည့် ဓာတ်ငွေ့သည် မြန်မာနှင့် ထိုင်းပြည်သူများအတွက် အရေးပါခြင်း ကြောင့် Total Energies ၏လုပ်ငန်းများကို လွှဲပြောင်းရယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PTTEP မှ ထုတ်ပြန် ထားသည်။

 

ရတနာ သဘာဝဓါတ်ငွေ့စီမံကိန်းသည် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံစလုံးက ပြည်သူများ၏ အသက်မွေးဝမ်း ကြောင်းအတွက် အဓိကကျသည့် သဘာဝဓါတ်ငွေ့အရင်းအမြစ်ဖြစ်ခြင်းကြောင့် စွမ်းအင်လိုအပ်ချက် အနှောက်အယှက်မဖြစ်စေရန် အရေးကြီးကြောင်း PTTEP မှ ထုတ်ပြန်ထားသည်။

 

ရှယ်ယာများ လွှဲပြောင်းဝယ်ယူမှုကို ဇူလိုင်လတွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်၍ PTTEP ကုမ္ပဏီမှ ၃၇ ဒသမ ၁ ရာခိုင်နှုန်းအား ပိုင်ဆိုင်တော့မည်ဖြစ်ပြီး၊ မြန်မာအစိုးရပိုင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် Chevron လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Unocal Myanmar Offshore ကုမ္ပဏီမှ ၄၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အများဆုံးပိုင်ဆိုင်တော့မည်ဖြစ်ကြောင်း PTTEP မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post