• Follow Us on

Home ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အေးတိအေးစက်နှင့် ကုသမဂ္ဂအစည်းအဝေးတက်ရောက်

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အေးတိအေးစက်နှင့် ကုသမဂ္ဂအစည်းအဝေးတက်ရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂ (People Media)

 

သြစတေးလျနိုင်ငံအား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများထောက်ပံ့မည့်ကိစ္စနှင့်ပတ်သက်၍ ပြင်သစ် နိုင်ငံကဒေါသထွက်လျက်ရှိရာ ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးယာအိလိုသဂီယန်က အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နှင့် တွေ့ဆုံရန်အစီအစဉ်မရှိကြောင်းသိရသည်။

 

“ကျွန်တော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့တွေ့ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော် သူ့ ကို ဒီနေရာမှာဖြစ်ဖြစ် ဒါမှမဟုတ် ဟောဟိုကဝရံတာမှာဖြစ်ဖြစ် တွေ့လို့ရနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ ဒါဟာ ဒီနေရာ ကိုလာတဲ့ ပထမဦးဆုံးအချက်မဟုတ်ပါဘူး။” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးယာအိလိုသဂီယန်ကပြောသည်။

 

နိုင်ငံခြားရေးဝန်ကြီးယာအိလိုသဂီယန်သည် ကုလသမဂ္ဂအစည်းအဝေးကို စတင်တက်ရောက်ခဲ့ပြီး အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နှင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ကြားတွင် အေးတိအေးစက်အမူအရာနှင့် ထိုင်နေခဲ့သည်။ ယင်းအမူအရာမှာ ရေငုပ်သင်္ဘောစာချုပ်ပျက်ပြယ်သွားသည့်ကိစ္စနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံက မည်မျှဒေါသ ထွက်နေသည်ကိုပြသခြင်းဖြစ်သည်။  “ရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်ပျက်ပြားသွားတာထက် ယုံကြည်မှုပျက် ပြားသွားတာက ပိုဆိုးတာပါ။ ” ဟု ၎င်းကပြောသည်။

 

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဖလိုးရန့်စ်ပါလီကလည်း နယူးယောက်မြို့တွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဘန်းဝေါ လေ့စ်နှင့်တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယာအိလိုသဂီယန်နှင့် တွေ့ဆုံရန် တံခါးဖွင့်ထားဆဲဖြစ်သည်။

 

“နိုင်ငံခြားရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့က တခြားအရာရှိတွေ ပြောထားတဲ့အတိုင်းပါပဲ ပြင်သစ်နိုင်ငံဟာ ကျွန်တော် တို့နိုင်ငံရဲ့ အရှည်ကြာဆုံးမဟာမိတ်နိုင်ငံတစ်ခုပါ၊ အရှည်ကြာဆုံးသောမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတစ်ခုပါ။ ပြ ဿနာတွေကြားထဲမှာ အလွန်ကိုတန်ဖိုးရှိတဲ့မဟာမိတ်နိုင်ငံပါ။ ကျွန်တော်တို့ဟာ ပြင်သစ်နိုင်ငံကို ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက နိုင်ငံတစ်ခုအဖြစ်ပဲ ရှုမြင်သွားမှာပါ။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ အီရစ်ကာဘာ့ခ်စ်ရပ်ဂယ်လ်က သတင်းထောက်များကိုပြောသည်။

 

အမေရိကန်သမ္မတဘိုင်ဒန်က လွန်ခဲ့သည့်သီတင်းပတ်အတွင်း သြစတေးလျဝန်ကြီးချုပ်စကော့မာရီဆန်၊ ဗြိတိန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်တို့နှင့် အွန်လိုင်းဆွေးနွေးပွဲအတွင်း သုံးပွင့်ဆိုင်စာချုပ်အကြောင်းကို ထုတ်ဖော်ပြော ကြားခဲ့ခြင်းဖြစ်သည်။

 

“ပြင်သစ်အနေအထားကို ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ သူတို့အမြင်တွေကို မျှ ဝေခံစားနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့အနေအထားကို ကျွန်တော်တို့နားလည်ပါတယ်။ သမ္မတဘိုင်ဒန်နဲ့ သမ္မတမက်ခရွန်တို့ကြားမှာ ဖုန်းအဆက်အသွယ်ထပ်ရဖို့ ကျွန်တော်တို့မျှော်လင့်နေပါတယ်။ သမ္မတနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ပြောဆိုဖို့အတွက် ဒီအချိန်ဟာ အရေးကြီးတဲ့အချိန်နဲ့ အခွင့်အလမ်းတစ်ခု ပဲလို့ ထင်ပါတယ်။” ဟု ထိပ်တန်းအရာရှိတစ်ဦးက သတင်းထောက်များကိုပြောသည်။

 

Ref: Angry France opens UN session with cold shoulder for Antony Blinken

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Angry France opens UN session with cold shoulder for Antony Blinken

 

#PeopleMedia


Share this post