• Follow Us on

Home ျပင္သစ္ႏိုင္ငံ၌ တစ္ရက္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀၀၀၀ ေက်ာ္ျဖင့္ စံခ်ိန္တင္ ေတြ႕ရွိ

ျပင္သစ္ႏိုင္ငံ၌ တစ္ရက္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀၀၀၀ ေက်ာ္ျဖင့္ စံခ်ိန္တင္ ေတြ႕ရွိ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၃

ယမန္ေန႔က ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္ ၁၀၅၆၁ မႈ ေတြ႕ရွိခဲ့ေၾကာင္း ျပင္သစ္ က်န္းမာေရးတာ ဝန္ရွိသူမ်ားက ေၾကညာခဲ့ရာ ကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္ေနာက္ပိုင္း တစ္ရက္တာအတြင္း စံခ်ိန္တင္ အျမင့္ဆုံး ကူးစက္မႈ ျဖစ္လာခဲ့သည္။

ျပင္သစ္ႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါပ်ံ႕ႏွံ႔မႈ ဆိုးရြားလာေနေၾကာင္း ျပင္သစ္ဝန္ႀကီးခ်ဳပ္ ဂ်င္းကက္စ္တပ္ဇ္က သတိေပးခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္လာခဲ့ျခင္းျဖစ္သည္။

ယခင္က တစ္ရက္တာအတြင္း အျမင့္ဆုံးကူးစက္မႈမွာ ၿပီးခဲ့သည့္ၾကာသပေတးေန႔က လူနာသစ္ ၉၈၄၃ ဦး ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္လာေသာ္လည္း ကက္စ္တပ္ဇ္က ကန္႔သတ္ခ်က္သစ္မ်ား ျပဳလုပ္မည္ ဟု မေၾကညာခဲ့သလို ျပင္သစ္ႏိုင္ငံက သြားလာမႈကန္႔သတ္ခ်က္ ျပဳလုပ္မည္မဟုတ္ေၾကာင္း၊ ခပ္ခြာခြာေနျခင္း၊ ႏွာေခါင္းစည္းတပ္ဆင္ျခင္းႏွင့္ စမ္းသပ္မႈ တိုးျမႇင့္လုပ္ေဆာင္ျခင္းတို႔ျဖင့္ ဗိုင္းရပ္စ္ႏွင့္ ေနသားက်ေအာင္ ေဆာင္ ရြက္မည္ဟု ေျပာၾကားခဲ့သည္။

အစိုးရအဖြဲ႕က ကိုဗစ္-၁၉ စမ္းသပ္မႈ အျမန္ေျခရာခံမႈစနစ္ အေကာင္အထည္ေဖာ္ေဆာင္ကာ စီးပြားေရး လုပ္ငန္းအခ်ိဳ႕ အလုပ္ခ်ိန္နာရီမ်ားေလ်ာ့ခ်ရန္ ေဒသႏၲရအာဏာပိုင္မ်ားသို႔ လုပ္ပိုင္ခြင့္ေပးအပ္မည္ဟု ၄င္းက ေျပာ သည္။
အစုလိုက္ကူးစက္မႈ ၇၇၂ မႈကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ကူးစက္လူနာ ၈၆ ဦး တိုး လာခဲ့ေၾကာင္း ျပင္သစ္က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ၿပီးခဲ့ေသာအပတ္အတြင္း ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေဆး႐ုံမ်ားသို႔ လူနာသစ္ ၂၄၃၂ ဦး ေရာက္ရွိလာခဲ့ၿပီး အထူးၾကပ္မတ္ေဆာင္၌ လူနာ ၄၁၇ ဦးကို ကုသေပးေနရေၾကာင္း အဆိုပါဝန္ႀကီးဌာနက ဆိုသည္။

ျပင္သစ္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရစ္ေၾကာင့္ ၿပီးခဲ့ေသာတစ္ရက္အတြင္း ေသဆုံးသူ ၁၇ ဦးအပါအဝင္ ေသဆုံးသူ စုစုေပါင္း ၃၀၉၁၀ ဦးအထိ ရွိလာခဲ့သည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; France’s daily Covid-19 infections top 10,000 for first time

(unicode)
ပြင်သစ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ဖြင့် စံချိန်တင် တွေ့ရှိ
……………………………………………………………….

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၁၀၅၆၁ မှု တွေ့ရှိခဲ့ကြောင်း ပြင်သစ် ကျန်းမာရေးတာ ဝန်ရှိသူများက ကြေညာခဲ့ရာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း တစ်ရက်တာအတွင်း စံချိန်တင် အမြင့်ဆုံး ကူးစက်မှု ဖြစ်လာခဲ့သည်။

ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု ဆိုးရွားလာနေကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကက်စ်တပ်ဇ်က သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယခင်က တစ်ရက်တာအတွင်း အမြင့်ဆုံးကူးစက်မှုမှာ ပြီးခဲ့သည့်ကြာသပတေးနေ့က လူနာသစ် ၉၈၄၃ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာသော်လည်း ကက်စ်တပ်ဇ်က ကန့်သတ်ချက်သစ်များ ပြုလုပ်မည် ဟု မကြေညာခဲ့သလို ပြင်သစ်နိုင်ငံက သွားလာမှုကန့်သတ်ချက် ပြုလုပ်မည်မဟုတ်ကြောင်း၊ ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် စမ်းသပ်မှု တိုးမြှင့်လုပ်ဆောင်ခြင်းတို့ဖြင့် ဗိုင်းရပ်စ်နှင့် နေသားကျအောင် ဆောင် ရွက်မည်ဟု ပြောကြားခဲ့သည်။

အစိုးရအဖွဲ့က ကိုဗစ်-၁၉ စမ်းသပ်မှု အမြန်ခြေရာခံမှုစနစ် အကောင်အထည်ဖော်ဆောင်ကာ စီးပွားရေး လုပ်ငန်းအချို့ အလုပ်ချိန်နာရီများလျော့ချရန် ဒေသန္တရအာဏာပိုင်များသို့ လုပ်ပိုင်ခွင့်ပေးအပ်မည်ဟု ၄င်းက ပြော သည်။
အစုလိုက်ကူးစက်မှု ၇၇၂ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်လူနာ ၈၆ ဦး တိုး လာခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံများသို့ လူနာသစ် ၂၄၃၂ ဦး ရောက်ရှိလာခဲ့ပြီး အထူးကြပ်မတ်ဆောင်၌ လူနာ ၄၁၇ ဦးကို ကုသပေးနေရကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။

ပြင်သစ်နိုင်ငံ၌ ကိုရိုနာဗိုင်းရစ်ကြောင့် ပြီးခဲ့သောတစ်ရက်အတွင်း သေဆုံးသူ ၁၇ ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၃၀၉၁၀ ဦးအထိ ရှိလာခဲ့သည်။

ကိုးကား – အေအက်ဖ်ပီ

Ref; France’s daily Covid-19 infections top 10,000 for first time


Share this post