• Follow Us on
Latest News

Home ပြင်သစ် Naval Group နိုင်ငံ၏ ဒုတိယမြောက် နျူစွမ်းအင်သုံးရေငုပ်သင်္ဘော ထုတ်ဖော်ပြသ

ပြင်သစ် Naval Group နိုင်ငံ၏ ဒုတိယမြောက် နျူစွမ်းအင်သုံးရေငုပ်သင်္ဘော ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀ (People Media)

 

ပြင်သစ်သင်္ဘောကုမ္ပဏီ Naval Group သည် Duguay-Trouin S636 နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက် ရေးရေငုပ်သင်္ဘောကို သောကြာနေ့ (နိုဝင်ဘာလ ၂၆ ရက်) က Cherbourg သင်္ဘောကျင်းတွင် ထုတ်ဖော် ပြသခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြလိုက်သည်။

 

တန်ချိန် ၄၅၀၀ ရှိ Barracuda အတန်းအစား Duguay-Trouin S636 နျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ၂၀၂၂ ခုနှစ်မတိုင်မီ ပြင်သစ်ရေတပ်တွင်တပ်တော်ဝင်ရန် လျာထားပြီး ယင်းရေငုပ်သင်္ဘော သည် မြေပြင်ပစ်မှတ်များကိုပစ်ခတ်နိုင်သော MdCN ခရုစ်ဒုံးကျည်များတပ်ဆင်ထားကြောင်း သိရသည်။

 

အလွယ်တကူ တပ်ဖြန့်ချထားနိုင်ပြီး ရွှေ့ပြောင်းနိုင်ကာ ဘက်စုံသုံးနိုင်သော ရေငုပ်သင်္ဘောအဖြစ်အသိများကြ သည့် Barracuda အတန်းအစားရေငုပ်သင်္ဘော၏ စစ်ဆင်ရေးမှာ ပြင်သစ်နိုင်ငံ၏ မဟာဗျူဟာမြောက်သမုဒ္ဒရာ တပ်ဖွဲ့၏ နျူကလီးယားစွမ်းအင်သုံးပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောများကို ထောက်ပံ့ရန်နှင့် အကာအကွယ် ပေးရန်ဖြစ်သည်။

 

Naval Group အမှုဆောင်အရာရှိချုပ် ပီယာရီအဲရစ်ပွမ်မန်းလက်အမိန့်အရ Duguay-Trouin S636 နျူကလီး ယားစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောကို သင်္ဘောတည်ဆောက်ရေးခန်းမအတွင်းမှ နောက်ဆုံးအဆင့် တပ်ဆင်မှုများပြုလုပ်ရန်အတွက် ပြင်ပဧရိယာသို့ သင်္ဘောရွှေ့ပြောင်းသည့်ဒလိမ့်တုံး ၂၄ ခုကို အသုံးပြု၍ ရွှေ့ ပြောင်းခဲ့သည်။ အဆိုပါရေငုပ်သင်္ဘောကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင်ဖြစ်စေ ဒီဇင်ဘာလနှောင်း ပိုင်းတွင်ဖြစ်စေ ရေချသွားမည်ဖြစ်ကြောင်းသိရသည်။

 

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက စစ်အေးတိုက်ပွဲခေတ် Rubis အတန်းအစားရေငုပ်သင်္ဘောများကို အစားထိုး သည့်အနေဖြင့် ပြင်သစ်ရေတပ်သည် Naval Group ကုမ္ပဏီထံမှ ပထမဦးဆုံး နျူကလီးယားစွမ်းအင်သုံး တိုက် ခိုက်ရေးရေငုပ်သင်္ဘောကို လက်ခံရရှိခဲ့သည်။

 

၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် တပ်ဖြန့်ချထားသည့် ရေငုပ်သင်္ဘောအသစ်များထဲမှ စုစုပေါင်း ခြောက်စီးသည် ပြင် သစ်ရေတပ် ရေငုပ်သင်္ဘောအုပ်စုအတွက် အဓိကမဏ္ဍိုင်အဖြစ်ဖွဲ့စည်းသွားမည့် ရေငုပ်သင်္ဘောများဖြစ်သည်။ အဆင့်မြှင့်တင်ထားသော pump-jet propulsion system ကဲ့သို့ သွင်ပြင်လက္ခဏာသစ်များမှာ ပြင်သစ်ရေ တပ်ပိုင် Triomphant အတန်းအစား နျူကလီးယားပဲ့ထိန်းဒုံးကျည်များမှ ဆင်းသက်လာခြင်းဖြစ်သည်။

 

ရေငုပ်သင်္ဘောသစ်တွင် တွန်းကန်အားတာဘိုင်နှစ်လုံး၊ တာဘိုင်ဂျင်နရေတာနှစ်ဘုံးနှင့် အီလက်ထရစ်မော်တာ နှစ်လုံးတပ်ဆင်ထာသည်။ ၎င်းအပြင် အဆိုပါရေငုပ်သင်္ဘောတွင် နှစ်မျိုးစပ်တွန်းကန်အားစနစ်ကိုလည်း တပ် ဆင်ထားသည်။

 

ရန်သူ့ရေဒါဖမ်းယူရန်ခက်ခဲသည်ဟု ထင်ရှားသော Barracuda အတန်းအစား ရေငုပ်သင်္ဘောမှာ တန် ၅၃၀၀ သယ်ဆောင်နိုင်ပြီး အလျား ၉၉.၅ မီတာ (၃၂၆ ပေ) ရှိသည်။ Barracuda အတန်းအစား ရေငုပ်သင်္ဘော ၆ စီးအတွက် ဘတ်ဂျက်မှာ ခန့်မှန်း ဒေါ်လာ ၁၀.၂ ဘီလျံကုန်ကျကြောင်းသိရသည်။

 

Ref: Naval Group Displays France’s Second Barracuda Class Nuclear Sub

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Naval Group Displays France’s Second Barracuda Class Nuclear Sub

 

#PeopleMedia


Share this post