• Follow Us on

Home ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းေက်းရြာမ်ားအနီး သံေက်ာက္ေျမတူးေဖာ္ေနမႈ တိုင္ၾကားေသာ္လည္း အေရးယူမႈ တစ္စံုတစ္ရာမရွိေၾကာင္းေဒသခံမ်ားေျပာ

ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းေက်းရြာမ်ားအနီး သံေက်ာက္ေျမတူးေဖာ္ေနမႈ တိုင္ၾကားေသာ္လည္း အေရးယူမႈ တစ္စံုတစ္ရာမရွိေၾကာင္းေဒသခံမ်ားေျပာ

Share this post

ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းေက်းရြာမ်ားအနီး သံေက်ာက္ေျမတူးေဖာ္ေနမႈ တိုင္ၾကားေသာ္လည္း အေရးယူမႈ တစ္စံုတစ္ရာမရွိေၾကာင္းေဒသခံ မ်ားေျပာ
…………………………………………………………………..

ျပင္ဦးလြင္ၿမိဳ႕နယ္ အင္းယား၊ က်ားတြင္းေရ၊ ေရႊသင္း၊ ေဘာ္၊ ပင္စည္စသည့္ ေက်းရြာမ်ားအနီးရွိ သစ္ေတာပိုင္ ေျမမ်ားႏွင့္ ပုဂၢလိက ပိုင္ေျမမ်ားတြင္ သံေက်ာက္ေျမ တူးေဖာ္ေနမႈမ်ားကို အေရးယူေပးရန္ တိုင္ၾကားေသာ္ လည္း အေရးယူျခင္းမရွိေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဘိလပ္ေျမကုန္ၾကမ္းမ်ားျဖစ္ သံေက်ာက္ေျမမ်ားကို စက္ယႏၲရားႀကီးမ်ားျဖင့္ တူးေဖာ္ထုတ္ယူ၍ ေျမသယ္ကား မ်ားႏွင့္ ဘိလပ္ေျမစက္႐ုံမ်ားတြင္ သြားေရာက္ေရာင္းခ်ျခင္းျဖစ္ၿပီး သယ္ယူသည့္လမ္းေၾကာင္းျဖစ္သည့္ ေက်း ရြာခ်င္းဆက္လမ္းမ်ားႏွင့္ စိုက္ပ်ိဳးေျမအခ်ိဳ႕ ပ်က္စီးေၾကာင္းသိရသည္။

“အေရးယူေပးဖို႔ တိုင္တယ္။ ဒါေပမယ့္ ေနာက္ရက္က်ရင္ မတူးေတာ့ဘူး။ ခဏရပ္ထားလိုက္တယ္။ ေျမသယ္ တဲ့ကားေတြ သယ္သြားတဲ့လမ္း အကုန္ပ်က္တယ္။ ဒီလမ္းကိုပဲ ဒီနားက ရြာေတြ အကုန္လုံးသုံးရတာ။ ၿမိဳ႕နယ္ ဆက္သြယ္ထားတဲ့အဓိကလမ္းျဖစ္တယ္။ ေက်ာင္းသားေက်ာင္းသူေတြ ဆရာဆရာမေတြ အသုံးျပဳတယ္။ လမ္း ပ်က္စီးေတာ့ ဆိုင္ကယ္လဲတာေတြလည္းျဖစ္တယ္”ဟု က်ားတြင္းေရေက်းရြာဦးေမာင္တင္က ေျပာသည္။

ေဒသခံမ်ားအေနျဖင့္ ဘိလပ္ေျမကုန္ၾကမ္းမ်ားျဖစ္သည့္ သံေက်ာက္ေျမမ်ားကို တရားဝင္ထုတ္ယူမႈကို တားဆီး ၍ တရားဝင္လုပ္ကိုင္ကာ ေက်းရြာဖြံ႕ၿဖိဳးေရးလုပ္ငန္းႏွင့္ ေက်းရြာဖြံ႕ၿဖိဳးေရးရန္ပုံေငြမ်ား ေပးေစၾကသည္။

“တရားဝင္လုပ္ၿပီး ေက်းရြာဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို လုပ္ကိုင္ၿပီး ေဒသခံေတြ အလုပ္အကိုင္ရရွိေရး ေဆာင္ ရြက္ေပးမယ္ဆိုရင္ေကာင္းတယ္။ ႏိုင္ငံေတာ္လည္း အခြန္ရမယ္”ဟု ပုံကုန္းေက်းရြာမွ ဦးေမာင္ထြန္းက ေျပာသည္။

ယင္းဘိလပ္ေျမကုန္ၾကမ္းမ်ားကို သယ္ေဆာင္သည့္ ယာဥ္မ်ားမွာ တစ္ရက္လွ်င္ အစီး ၁၀၀ ခန္႔ရွိၿပီး တူးေဖာ္ သည့္ေနရာမွ ဘိလပ္ေျမကုန္ၾကမ္းမ်ားကို သယ္ေဆာင္ရန္ လမ္းမ်ားေဖာက္သည့္အတြက္ စိုက္ပ်ိဳးေျမအခ်ိဳ႕ ပ်က္စီးျခင္းျဖစ္ေၾကာင္း သိရသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မင္းက အဆိုပါ ဘိလပ္ေျမကုန္ၾကမ္းမ်ားကို တရားမဝင္တူးေဖာ္ေနမႈအား ထိထိေရာက္ေရာက္ အေရးယူရန္ေဆာင္ရြက္ လွ်က္ရွိေၾကာင္း ေျပာသည္။

#PeopleMedia

(Unicode)
ပြင်ဦးလွင်မြို့နယ်အတွင်းကျေးရွာများအနီး သံကျောက်မြေတူးဖော်နေမှု တိုင်ကြားသော်လည်း အရေးယူမှု တစ်စုံတစ်ရာမရှိကြောင်းဒေသခံ များပြော
……………………………………………………………………

ပြင်ဦးလွင်မြို့နယ် အင်းယား၊ ကျားတွင်းရေ၊ ရွှေသင်း၊ ဘော်၊ ပင်စည်စသည့် ကျေးရွာများအနီးရှိ သစ်တောပိုင် မြေများနှင့် ပုဂ္ဂလိက ပိုင်မြေများတွင် သံကျောက်မြေ တူးဖော်နေမှုများကို အရေးယူပေးရန် တိုင်ကြားသော် လည်း အရေးယူခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဘိလပ်မြေကုန်ကြမ်းများဖြစ် သံကျောက်မြေများကို စက်ယန္တရားကြီးများဖြင့် တူးဖော်ထုတ်ယူ၍ မြေသယ်ကား များနှင့် ဘိလပ်မြေစက်ရုံများတွင် သွားရောက်ရောင်းချခြင်းဖြစ်ပြီး သယ်ယူသည့်လမ်းကြောင်းဖြစ်သည့် ကျေး ရွာချင်းဆက်လမ်းများနှင့် စိုက်ပျိုးမြေအချို့ ပျက်စီးကြောင်းသိရသည်။

“အရေးယူပေးဖို့ တိုင်တယ်။ ဒါပေမယ့် နောက်ရက်ကျရင် မတူးတော့ဘူး။ ခဏရပ်ထားလိုက်တယ်။ မြေသယ် တဲ့ကားတွေ သယ်သွားတဲ့လမ်း အကုန်ပျက်တယ်။ ဒီလမ်းကိုပဲ ဒီနားက ရွာတွေ အကုန်လုံးသုံးရတာ။ မြို့နယ် ဆက်သွယ်ထားတဲ့အဓိကလမ်းဖြစ်တယ်။ ကျောင်းသားကျောင်းသူတွေ ဆရာဆရာမတွေ အသုံးပြုတယ်။ လမ်း ပျက်စီးတော့ ဆိုင်ကယ်လဲတာတွေလည်းဖြစ်တယ်”ဟု ကျားတွင်းရေကျေးရွာဦးမောင်တင်က ပြောသည်။

ဒေသခံများအနေဖြင့် ဘိလပ်မြေကုန်ကြမ်းများဖြစ်သည့် သံကျောက်မြေများကို တရားဝင်ထုတ်ယူမှုကို တားဆီး ၍ တရားဝင်လုပ်ကိုင်ကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေများ ပေးစေကြသည်။

“တရားဝင်လုပ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး ဒေသခံတွေ အလုပ်အကိုင်ရရှိရေး ဆောင် ရွက်ပေးမယ်ဆိုရင်ကောင်းတယ်။ နိုင်ငံတော်လည်း အခွန်ရမယ်”ဟု ပုံကုန်းကျေးရွာမှ ဦးမောင်ထွန်းက ပြောသည်။

ယင်းဘိလပ်မြေကုန်ကြမ်းများကို သယ်ဆောင်သည့် ယာဉ်များမှာ တစ်ရက်လျှင် အစီး ၁၀၀ ခန့်ရှိပြီး တူးဖော် သည့်နေရာမှ ဘိလပ်မြေကုန်ကြမ်းများကို သယ်ဆောင်ရန် လမ်းများဖောက်သည့်အတွက် စိုက်ပျိုးမြေအချို့ ပျက်စီးခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက အဆိုပါ ဘိလပ်မြေကုန်ကြမ်းများကို တရားမဝင်တူးဖော်နေမှုအား ထိထိရောက်ရောက် အရေးယူရန်ဆောင်ရွက် လျှက်ရှိကြောင်း ပြောသည်။

#PeopleMedia


Share this post