• Follow Us on

Home ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်း၌ ကျောင်းသား/သူ  ၆၉ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရ

ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်း၌ ကျောင်းသား/သူ  ၆၉ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်း၌ နေထိုင်သည့် ကျောင်းသား/သူ  ၆၉ သည် ကိုဗစ်ရောဂါပိုး ကူးစက်ခြင်းခံထားရတယ်လို့ ပြင်ဦးလွင်မြို့ လူမှု ကူညီရေးအသင်းများထံက သိရပါတယ်။

 

“ကူးစက်ခံရတာတော့ ဟုတ်ပါတယ်။ တစ်ယောက်က စပြီးတော့ ဖျားလို့ဆိုပြီးတော့ ကျောင်းက လူအကုန် စစ်မယ်ဆိုပြီးတော့ စစ်တဲ့အခါမှာ ၆၉ ဦးမှာ ရောဂါပိုးတွေ့တာ ဖြစ်ပါတယ်” လို့ ပြင်ဦးလွင်မြို့ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယင်းသို့ ရောဂါပိုးတွေ့ရှိသည့် အဆိုပါ ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်းအား LockDown ဧရိယာအဖြစ်သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

 

“အခုတော့ ကျောင်းကိုတော့ LockDown ချမှတ်ထားတယ်၊ ဘယ်သူမှလည်း အဝင်မခံသလို ဘယ်သူမှလည်း အပြင်ထွက်ခွင့်မပေးပါဘူး ပြီးတော့ ကျောင်းဝင်းအတွင်းတို့ကိုလည်း ပိုးသတ်ဆေးဖြန်းတာတို့ဘာတို့ကို ဆောင်ရွက်ထားတယ်” လို့ ပြင်ဦးလွင်မြို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်းတွင် ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိပြီး ယခုတွင် ရောဂါကူးစက်ခြင်းခံထားရသူများနှင့် ကူးစက်ခြင်းမရှိသူများကို သီးခြားခွဲ၍ နေထိုင်နိုင်ရန် စီမံခန့်ခွဲမှု များ ပြုလုပ်ထားပေးရကြောင်းလည်း သိရပါတယ်။

 

#PeopleMedia #ပြင်ဦးလွင် #COVID19

(unicode)


………………………………………………………………..

 


 


 


 


 


 


 



Share this post