• Follow Us on

Home ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်နံ့သာဖြူ (၄၅)ပိဿာ သယ်ဆောင်သူ ဖမ်းဆီးခံရ


Share this post

ရန်ကုန်၊စက်တင်ဘာ-၁၆





(unicode)
ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်နံ့သာဖြူ (၄၅)ပိဿာ သယ်ဆောင်သူ ဖမ်းဆီးခံရ
…………………………………………………

ရန်ကုန်၊စက်တင်ဘာ-၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ် (၁)စီးနှင့် တရားမဝင်နံ့သာဖြူ (၄၅)ပိဿာ သယ်ဆောင်သူ ဖမ်းဆီးခံရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၁၅)ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်း၊ သံတံခါးဂိတ်ဝနေရာ၌ မော်တော်ယာဉ်အမှတ် (YGN 3G/7019) CROWN ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ(၄၆)တုံး (၄၅)ပိဿာအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဌာနက သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #ပြင်ဦးလွင်


Share this post