• Follow Us on
Latest News

Home ျပစ္ဒဏ္က်လဴငယ္တစ္ဦးအပါအဝင္အခ်ဳပ္ရီမန္ယူထားသည့္လူငယ္(၅)ဦးမသန္စြမ္းသက္ငယ္သင္တန္းေက်ာင္း(မႏၲေလး) Quarantineစင္တာ၌ထားရွိစဥ္ထြက္ေျပး

ျပစ္ဒဏ္က်လဴငယ္တစ္ဦးအပါအဝင္အခ်ဳပ္ရီမန္ယူထားသည့္လူငယ္(၅)ဦးမသန္စြမ္းသက္ငယ္သင္တန္းေက်ာင္း(မႏၲေလး) Quarantineစင္တာ၌ထားရွိစဥ္ထြက္ေျပး

Share this post

မႏၲေလး၊စက္တင္ဘာ-၂၂

ျပစ္ဒဏ္က် လူငယ္တစ္ဦး အပါအဝင္ အခ်ဳပ္ရီမန္ ရယူထားသည့္ လူငယ္ ၅ ဦးသည္လူငယ္သင္တန္းေက်ာင္း (မႏၲေလး) သို႔ မပို႔ေဆာင္မွီ ေအာင္ေျမသာစံၿမိဳ႕နယ္ ရွိ မသန္စြမ္းေက်ာင္း ၌ ဖြင့္လွစ္ထားသည့္ Quarantine စင္တာ ၌ ထားရွိစဥ္ ထြက္ေျပးလြတ္ေျမာက္မႈ တစ္ခု ျဖစ္ပြားခဲ့သည္။

“ထြက္ေျပးတာ ဟုတ္တယ္၊ ျပန္မမိေသးဘူး”ဟု သက္ဆိုင္ရာ နယ္ေျမရဲစခန္းတာဝန္ရွိသူ တစ္ဦးကေျပာသည္။

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မဟာေဇယ်ာဘုံရပ္ကြက္ရွိ မသန္စြမ္းေက်ာင္း ၌ ဖြင့္လွစ္ထားေသာ COVID-19 Quarantine စင္တာ ၌ Quarantine (ေစာင့္ၾကည့္) ကာလ ၂၁ ရက္ ထားရွိစဥ္ အထက္ပါ လူငယ္ ၅ ဦးသည္ ယေန႕(စက္တင္ဘာလ ၂၁) နံနက္ ၄ နာရီ ဝန္းက်င္ တြင္ ၎တို႔ကို ထားရွိထားသည့္ အခန္း ျပတင္းတံခါးကို ခ်ိဳးေဖာက္ ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။

ျပစ္ဒဏ္က်ခံေနရသူ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္ တစ္ဦး ႏွင့္ တရား႐ုံးတြင္ ျပစ္မႈအသီးသီး ရင္ဆိုင္သည့္ အခ်ဳပ္ရီမန္ရယူထားသည္ အသက္ ၁၈ အ႐ြယ္ လူငယ္တစ္ဦး (ရဲအက္ ၃၉၂) ၊ အသက္ ၁၆ ႏွစ္ အ႐ြယ္ လူငယ္ တစ္ဦး (ပုဒ္မ -၃၈၀)၊ ၁၇ ႏွစ္ အ႐ြယ္ လူငယ္တစ္ဦး (မူးယစ္ေဆးဝါး ပုဒ္မ ၁၆(ဂ)၊ ၁၄ အ႐ြယ္ လူငယ္ တစ္ဦး (လက္နက္ပုဒ္မ ၁၉-င) တို႔ ပါဝင္ၿပီး ပုဒ္မ ၃၉၂ တို႔ ပါဝင္သည္။

မႏၲေလး လူငယ္သင္တန္းေက်ာင္းတြင္လည္း အလားတူ ကိစၥရပ္မ်ိဳး ၿပီးခဲ့သည့္ ဇူလိုင္လ အတြင္း ျဖစ္ပြားခဲ့ၿပီး လူငယ္သင္တန္းေက်ာင္း မွ ျပစ္ဒဏ္က် လူငယ္ငါးဦး ထြက္ေျပးခဲ့ရာ ျပန္လည္ဖမ္းဆီးရမိခ်ိန္ တြင္ ရရွိခဲ့သည့္ ဒဏ္ရာမ်ားျဖင့္ လူငယ္ ၅ ဦး အနက္ ၂ ဦး သည္ ေသဆုံးခဲ့သည္။

COVID-19 ေရာဂါ ကာကြယ္ေရး အတြက္ မသန္စြမ္း သက္ငယ္ သင္တန္းေက်ာင္း ကို ၿပီးခဲ့သည့္ ၾသဂုတ္ ၂၀ ရက္ တြင္ စတင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မဟာေဇယ်ာဘုံရပ္ကြက္၊ ၂၆လ မ္း၊၅၉×၆၀လမ္းၾကားတြင္တည္ရွိသည္။

ေနေသာ္(မန္း)

#PeopleMedia #မႏၲေလး #အခ်ဳပ္ခန္းေဖာက္ေျပးေ

[Unicode]
ပြစ်ဒဏ်ကျလူငယ်တစ်ဦးအပါအဝင်အချုပ်ရီမန်ယူထားသည့်လူငယ်(၅)ဦးမသန်စွမ်းသက်ငယ်သင်တန်းကျောင်း(မန္တလေး) Quarantineစင်တာ၌ထားရှိစဉ်ထွက်ပြေး

မန္တလေး၊စက်တင်ဘာ-၂၂

ပြစ်ဒဏ်ကျ လူငယ်တစ်ဦး အပါအဝင် အချုပ်ရီမန် ရယူထားသည့် လူငယ် ၅ ဦးသည်လူငယ်သင်တန်းကျောင်း (မန္တလေး) သို့ မပို့ဆောင်မှီ အောင်မြေသာစံမြို့နယ် ရှိ မသန်စွမ်းကျောင်း ၌ ဖွင့်လှစ်ထားသည့် Quarantine စင်တာ ၌ ထားရှိစဉ် ထွက်ပြေးလွတ်မြောက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

“ထွက်ပြေးတာ ဟုတ်တယ်၊ ပြန်မမိသေးဘူး”ဟု သက်ဆိုင်ရာ နယ်မြေရဲစခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်ရှိ မသန်စွမ်းကျောင်း ၌ ဖွင့်လှစ်ထားသော COVID-19 Quarantine စင်တာ ၌ Quarantine (စောင့်ကြည့်) ကာလ ၂၁ ရက် ထားရှိစဉ် အထက်ပါ လူငယ် ၅ ဦးသည် ယနေ့(စက်တင်ဘာလ ၂၁) နံနက် ၄ နာရီ ဝန်းကျင် တွင် ၎င်းတို့ကို ထားရှိထားသည့် အခန်း ပြတင်းတံခါးကို ချိုးဖောက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံနေရသူ အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦး နှင့် တရားရုံးတွင် ပြစ်မှုအသီးသီး ရင်ဆိုင်သည့် အချုပ်ရီမန်ရယူထားသည် အသက် ၁၈ အရွယ် လူငယ်တစ်ဦး (ရဲအက် ၃၉၂) ၊ အသက် ၁၆ နှစ် အရွယ် လူငယ် တစ်ဦး (ပုဒ်မ -၃၈၀)၊ ၁၇ နှစ် အရွယ် လူငယ်တစ်ဦး (မူးယစ်ဆေးဝါး ပုဒ်မ ၁၆(ဂ)၊ ၁၄ အရွယ် လူငယ် တစ်ဦး (လက်နက်ပုဒ်မ ၁၉-င) တို့ ပါဝင်ပြီး ပုဒ်မ ၃၉၂ တို့ ပါဝင်သည်။

မန္တလေး လူငယ်သင်တန်းကျောင်းတွင်လည်း အလားတူ ကိစ္စရပ်မျိုး ပြီးခဲ့သည့် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့ပြီး လူငယ်သင်တန်းကျောင်း မှ ပြစ်ဒဏ်ကျ လူငယ်ငါးဦး ထွက်ပြေးခဲ့ရာ ပြန်လည်ဖမ်းဆီးရမိချိန် တွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် လူငယ် ၅ ဦး အနက် ၂ ဦး သည် သေဆုံးခဲ့သည်။

COVID-19 ရောဂါ ကာကွယ်ရေး အတွက် မသန်စွမ်း သက်ငယ် သင်တန်းကျောင်း ကို ပြီးခဲ့သည့် သြဂုတ် ၂၀ ရက် တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၆လ မ်း၊၅၉×၆၀လမ်းကြားတွင်တည်ရှိသည်။

နေသော်(မန်း)

#PeopleMedia #မန္တလေး #အချုပ်ခန်းဖောက်ပြေးေ


Share this post