• Follow Us on

Home ျပည္ခိုင္ျဖဳိးအစိုးရလက္ထက္ သမၼတႀကီး ဦးသိန္းစိန္ေခတ္မွာ ေကာင္းေနသည့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ယခုအစိုးရလက္ထက္တြင္ ေႏွာင့္ေႏွးသြားဟုဆို

ျပည္ခိုင္ျဖဳိးအစိုးရလက္ထက္ သမၼတႀကီး ဦးသိန္းစိန္ေခတ္မွာ ေကာင္းေနသည့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ယခုအစိုးရလက္ထက္တြင္ ေႏွာင့္ေႏွးသြားဟုဆို

Share this post

ရန္ကုန္၊ ၂၀၂၀ ၾသဂုတ္လ ၁၈ရက္

ျပည္ခိုင္ျဖဳိးအစိုးရလက္ထက္ သမၼတႀကီး ဦးသိန္းစိန္ေခတ္မွာ ေကာင္းေနသည့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ယခုအစိုးရလက္ထက္တြင္ ေႏွာင့္ေႏွးသြားေၾကာင္း ျပည္ခိုင္ျဖဳိးပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေျပာသည္။

ၾသဂုတ္လ ၁၈ရက္ေနျပည္ေတာ္တြင္က်င္းပေသာ ျပည္ခိုင္ျဖဳိးပါတီ သတင္းစာရွင္းလင္းတြင္ ျပည္ခိုင္ျဖဳိးပါတီေျပာ ေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေျပာၾကားခဲ့သည္။

“ကြ်န္ေတာ္တို႔ ပါတီရဲ႔ ၿငိမ္းခ်မ္းေရးမူဝါဒက တိုင္းျပည္တည္ၿငိမ္းေအးခ်မ္းမွဖြံျဖဳိးတိုးတက္မယ္။ျပည္သူေတြေအးေအး ခ်မ္းခ်မ္းေနရမယ္ဆိုတဲ့မူဝါဒရွိတယ္။ သမၼတႀကီး ဦးသိန္းစိန္လက္ထက္မွာ တစ္ဖက္ကလည္း တိုင္းရင္းသားလက္နက္ကို င္အဖြဲ႔ေတြနဲ႔ NCAလမ္းေၾကာင္းေပၚေရာက္ေအာင္ ကြ်န္ေတာ္တို႔အစိုးရအေနနဲ႔သြားခဲ့တယ္။ အဓိက ၿငိမ္းခ်မ္းေရးရဖို႔ဆိုတာ ကြ်န္ေတာ္တို႔ ညီအစ္ကိုေမာင္ႏွမခ်င္း ၿငိမ္းခ်မ္းေရးရဖို႔ပဲ။ျပည္ခိုင္ျဖဳိး ဦးသိန္းစိန္အစိုးရလက္ထက္မွာ ေတာ္ေတာ္ေလးအေျခအေနေကာင္းေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ဒီဘက္အစိုးရလက္ထက္မွာ ေႏွာင့္ေႏွးသြားတယ္။ အစည္းအေ၀းမေခၚႏိုင္ဘူး။တိုက္ပြဲေတြျပန္ျဖစ္လာတယ္။စစ္ေဘးေရွာင္ေတြပိုမ်ားလာတယ္’’ဟု ၎ကေျပာသည္။

၂၀၁၅ခုႏွစ္ေအာက္တိုဘာ၁၅ရက္တြင္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး NCAသေဘာတူစာခ်ဳပ္အားတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၈ဖြဲ႔က သေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၇ခုႏွစ္တြင္မြန္ျပည္သစ္ပါတီ၊လားဟူဒီမိုကရက္တစ္ပါတီတို႔ ထပ္မံလက္မွတ္ေရးထိုးခဲ့သည္။

ထို႔ေနာက္ ၂၁ရာစုပင္လုံ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံတြင္ ျပည္ေထာင္စုမွခြဲမထြက္ရ၊ ကိုယ္ပိုင္ျပဌာန္းခြင့္စသည့္ စကားလုံးမ်ားအေပၚ ေဆြးေႏြးမႈမ်ား မတူကြဲျပားရာမွ KNU ၊RCSS SSAအဖြဲ႔တို႔သည္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ ပါ၀င္ေဆြးေႏြးမႈယာယီရပ္ဆိုင္းခဲ့သည္။

လက္ရွိတြင္ NCAလက္မွတ္ေရးထိုးရန္က်န္ရွိေနေသာ ေျမာက္ပိုင္းအဖြဲ႔မ်ားမွာ AA ၊KIA ၊TNLA ၊MMNDA ၊ SSPP ၊KNPP စသည့္အဖြဲ႔တို႔ျဖစ္ၾကသည္။

#PeopleMedia

(unicode)
ပြည်ခိုင်ဖြိုးအစိုးရလက်ထက် သမ္မတကြီး ဦးသိန်းစိန်ခေတ်မှာ ကောင်းနေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ယခုအစိုးရလက်ထက်တွင် နှောင့်နှေးသွားဟုဆို
………………………………………………………

ရန်ကုန်၊ ၂၀၂၀ ဩဂုတ်လ ၁၈ရက်

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် သမ္မတကြီး ဦးသိန်းစိန်ခေတ်မှာ ကောင်းနေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ယခုအစိုးရလက်ထက်တွင် နှောင့်နှေးသွားကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

ဩဂုတ်လ ၁၈ရက်နေပြည်တော်တွင်ကျင်းပသော ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်းတွင် ပြည်ခိုင်ဖြိုးပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပါတီရဲ့ ငြိမ်းချမ်းရေးမူဝါဒက တိုင်းပြည်တည်ငြိမ်းအေးချမ်းမှဖွံဖြိုးတိုးတက်မယ်။ပြည်သူတွေအေးအေး ချမ်းချမ်းနေရမယ်ဆိုတဲ့မူဝါဒရှိတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ တစ်ဖက်ကလည်း တိုင်းရင်းသားလက်နက်ကို င်အဖွဲ့တွေနဲ့ NCAလမ်းကြောင်းပေါ်ရောက်အောင် ကျွန်တော်တို့အစိုးရအနေနဲ့သွားခဲ့တယ်။ အဓိက ငြိမ်းချမ်းရေးရဖို့ဆိုတာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမချင်း ငြိမ်းချမ်းရေးရဖို့ပဲ။ပြည်ခိုင်ဖြိုး ဦးသိန်းစိန်အစိုးရလက်ထက်မှာ တော်တော်လေးအခြေအနေကောင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဒီဘက်အစိုးရလက်ထက်မှာ နှောင့်နှေးသွားတယ်။ အစည်းအဝေးမခေါ်နိုင်ဘူး။တိုက်ပွဲတွေပြန်ဖြစ်လာတယ်။စစ်ဘေးရှောင်တွေပိုများလာတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၅ခုနှစ်အောက်တိုဘာ၁၅ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCAသဘောတူစာချုပ်အားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ခုနှစ်တွင်မွန်ပြည်သစ်ပါတီ၊လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြည်ထောင်စုမှခွဲမထွက်ရ၊ ကိုယ်ပိုင်ပြဌာန်းခွင့်စသည့် စကားလုံးများအပေါ် ဆွေးနွေးမှုများ မတူကွဲပြားရာမှ KNU ၊RCSS SSAအဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးမှုယာယီရပ်ဆိုင်းခဲ့သည်။

လက်ရှိတွင် NCAလက်မှတ်ရေးထိုးရန်ကျန်ရှိနေသော မြောက်ပိုင်းအဖွဲ့များမှာ AA ၊KIA ၊TNLA ၊MMNDA ၊ SSPP ၊KNPP စသည့်အဖွဲ့တို့ဖြစ်ကြသည်။

#PeopleMedia


Share this post