• Follow Us on

Home ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တက်မ/တက် သည် UEC အပေါ်၌ မူတည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောဆို

ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တက်မ/တက် သည် UEC အပေါ်၌ မူတည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ -၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျင်းပရန် လွှတ် တော်ကိုယ်စားလှယ်များကို ခေါ်ယူထားသော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် လွှတ်တော်ကို တက်ရောက်ခြင်းရှိ/မရှိသည် UEC ၏ ဆောင်ရွက်ချက်ပေါ်၌ မူတည်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။

“လွှတ်တော်တက်မယ် မတက်ဘူးဆိုတာက အခု မဆုံးဖြတ်သေးဘူး။ အစ်ကိုတို့က UEC သည် တရားမျှတမှု မရှိဘူး။ မဲစာရင်းတွေမမှန်ကန်ဘူး။ မဲစာရင်းတွေကို ပြန်လည်ရေတွက်ဖို့ အစ်ကိုတို့တောင်းဆိုထားတာရှိတယ်။ ဒီအပေါ်မှာ UEC က ဘယ်လိုဖြေရှင်းပေးမလဲအပေါ်မှာ မူတည်တာပေ့ါ။ အခုအချိန်မှာတော့ ပြောလို့မရသေး” ဟု ဒေါက်တာနန္ဒာလှမြင့် ပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မှီကာလ၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ဖြစ်ပေါ်ခဲ့သော အခြေအနေများ အပေါ် ဖြေရှင်းရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီက UEC ကို တောင်းဆိုလျက်ရှိသည်။

“၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအခင်းအကျင်းမှာ ပါဝင်ခဲ့တဲ့ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ ဟာ မဲစာရင်းနဲ့ပတ်သက်လို့ မှားယွင်းမှုတွေရှိနေတယ်။ မဲစာရင်းတွေက မမှန်ကန်ဘူးဆိုတာကို UEC ကို တောက်လျောက်ပြောနေတယ်။ ဒါတွေကို UEC က ဖြေရှင်းခြင်းမရှိသည့်အတွက် နိုင်ငံရေးအကြပ်အတည်း တစ်ခုဖြစ်လာတယ်လို့ မြင်တယ်။ ဒါကြောင့် UEC က ဒါကို တာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ ဖြေရှင်းပေးဖို့လိုတယ်။ ဒါဆိုရင် နိုင်ငံရေးအကြပ်အတည်းတွေ ပြေလည်သွားလိမ့်မယ်လို့ မြင်တယ်” ဟု ဒေါက်တာ နန္ဒာလှမြင့်က ဆက်လက်ပြောဆိုသည်။

လာမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သည် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သလို တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များသည် ဖေဖော်ဝါရီလ ၉ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်သည်။

#PeopleMedia #USDP #Election

(unicode)
………………………………………………………..







#PeopleMedia #USDP #Election


Share this post