• Follow Us on
Latest News

Home ျပည္ခိုင္ၿဖိဳးပါတီမွ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ဂုဏ္သိကၡာရွိ္သည့္ အႏိုင္ရလဒ္တစ္ခုေမွ်ာ္မွန္းထားေၾကာင္း USDP ပါတီေျပာဆို

ျပည္ခိုင္ၿဖိဳးပါတီမွ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ဂုဏ္သိကၡာရွိ္သည့္ အႏိုင္ရလဒ္တစ္ခုေမွ်ာ္မွန္းထားေၾကာင္း USDP ပါတီေျပာဆို

Share this post

ရန္ကုန္၊ ဇူလိုင္ – ၆

ျပည္ခိုင္ၿဖိဳးပါတီမွ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ဂုဏ္သိကၡာရွိသည့္အႏိုင္ရလဒ္တစ္ခုေမွ်ာ္မွန္းထားၿပီး လတ္တ ေလာတြင္ ကိုယ္စားလွယ္ေလာင္းမ်ားအမည္စာရင္းကို ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕သို႔ တင္ျပထားၿပီး ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးကေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈႏွင့္ပတ္သက္၍ ဇူလိုင္ ၆ ရက္ People Media မွ ဆက္သြယ္ေမးျမန္းရာတြင္ ျပည္ခိုင္ၿဖိဳးပါတီမွ ေျပာေရးဆိုခြင့္ရွိသူဦးသိန္းထြန္းဦးကေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔က ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ေနတယ္ဆိုတာက ၂၀၁၅ ေရြးေကာက္ပြဲၿပီးကတည္းကေပါ႔။ ျပည္သူလူထုအေပၚမွာ ဘယ္ေလာက္အက်ိဳးေက်းဇူးျပဳမႈေတြလုပ္ေနသလဲဆိုတဲ့ေပတံေပၚမွာ အဓိကထား တယ္။ အဲဒီလိုေရြးခ်ယ္လာတာ တစ္ေနရာတစ္ေယာက္တည္းမဟုတ္ဘူး။ ငါးေယာက္ေျခာက္ေယာက္ေရြးေရြး လာတာ အခုဆိုရင္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ကို တင္ျပထားတဲ့အဆင့္ေရာက္သြားၿပီ။ ကြၽန္ေတာ္တို႔ကိုယ္စား လွယ္ေလာင္းေတြဟာ ျပည္သူစိတ္ခ်ယုံၾကည္ရတဲ့ ပုဂၢိဳလ္ေတြျဖစ္ဖို႔ အာမခံပါတယ္။ ေရြးေကာက္ပြဲအႏိုင္ရလဒ္ အေနနဲ႔လည္း ဂုဏ္သိကၡာရွိတဲ့အႏိုင္ရလဒ္တစ္ခုကို ေမွ်ာ္မွန္းထားပါတယ္’’ဟု ၎ကေျပာသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီသည္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ဆႏၵမဲအမ်ားစုျဖင့္ အႏိုင္ရရွိခဲ့ၿပီး သမၼတဦးသိန္းစိန္ေခါင္းေဆာင္ေသာ အစိုးရတစ္ရပ္မွ မိုးဘိုင္းလ္ဖုန္းဆင္းကတ္မ်ားေစ်းႏႈန္း ျပင္ဆင္သတ္ မွတ္ျခင္းလုပ္ငန္း၊ ျပည္တြင္းၿငိမ္းခ်မ္းေရးတြင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕အထိ ၿငိမ္းခ်မ္းေရး လက္ မွတ္ေရးထိုးႏိုင္ေစခဲ့ျခင္းတို႔ျပဳလုပ္ႏိုင္ခဲ့သည္။

“ေရြးေကာက္ပြဲမွာ အႏိုင္ရရင္မွ ၫြန္႔ေပါင္းမဟုတ္ဘူး။ တို႔အေနနဲ႔က တိုင္းျပည္အက်ိဳးတူတဲ့ဟာနဲ႔ဆိုလို႔ရွိရင္ ဘယ္သူနဲ႔မဆို ပူးေပါင္းေဆာင္ရြက္မယ္ဆိုတဲ့မူခ်ထားၿပီးသား။ တိုင္းရင္းသားအေရးကို ေဆာင္ရြက္တယ္ ဆိုတာက ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၁ ကို တို႔ျပင္တဲ့ဟာတည္းကိုကသိႏိုင္တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔အေနနဲ႔က တိုင္းရင္းသားအေရးကိုလည္း ဦးစားေပးေဆာင္ရြက္တယ္။ အဲဒီအတြက္ ပူးေပါင္း ေဆာင္ရြက္ေရးက စိတ္ပူစရာကိစၥတစ္ခုမဟုတ္ဘူးလို႔ျမင္တယ္’’ဟု ေရြးေကာက္ပြဲရလဒ္ႏွင့္ပတ္သက္၍ ျပည္ ခိုင္ၿဖိဳးပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးကသုံးသပ္ေျပာသည္။

၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၃၄ သန္းေက်ာ္ရွိခဲ့ၿပီး ၂၀၂၀ ေရြးေကာက္ပြဲတြင္ ၃၇ သန္းေက်ာ္ရွိကာ ႏို၀င္ဘာ ၈ ရက္ေန႔တြင္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲအား က်င္းပမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေၾကညာထားသည္။

#PeopleMedia #USDP #2020Election

(unicode)
ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိ်သည့် အနိုင်ရလဒ်တစ်ခုမျှော်မှန်းထားကြောင်း USDP ပါတီပြောဆို
………………………………………………

ရန်ကုန်၊ ဇူလိုင် – ၆

ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိသည့်အနိုင်ရလဒ်တစ်ခုမျှော်မှန်းထားပြီး လတ်တ လောတွင် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြထားပြီး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့်ပတ်သက်၍ ဇူလိုင် ၆ ရက် People Media မှ ဆက်သွယ်မေးမြန်းရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကပြောကြားခဲ့သည်။

“ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းရွေးချယ်နေတယ်ဆိုတာက ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းကပေါ့။ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်အကျိုးကျေးဇူးပြုမှုတွေလုပ်နေသလဲဆိုတဲ့ပေတံပေါ်မှာ အဓိကထား တယ်။ အဲဒီလိုရွေးချယ်လာတာ တစ်နေရာတစ်ယောက်တည်းမဟုတ်ဘူး။ ငါးယောက်ခြောက်ယောက်ရွေးရွေး လာတာ အခုဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြထားတဲ့အဆင့်ရောက်သွားပြီ။ ကျွန်တော်တို့ကိုယ်စား လှယ်လောင်းတွေဟာ ပြည်သူစိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ အာမခံပါတယ်။ ရွေးကောက်ပွဲအနိုင်ရလဒ် အနေနဲ့လည်း ဂုဏ်သိက္ခာရှိတဲ့အနိုင်ရလဒ်တစ်ခုကို မျှော်မှန်းထားပါတယ်’’ဟု ၎င်းကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲအများစုဖြင့် အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရတစ်ရပ်မှ မိုးဘိုင်းလ်ဖုန်းဆင်းကတ်များဈေးနှုန်း ပြင်ဆင်သတ် မှတ်ခြင်းလုပ်ငန်း၊ ပြည်တွင်းငြိမ်းချမ်းရေးတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အထိ ငြိမ်းချမ်းရေး လက် မှတ်ရေးထိုးနိုင်စေခဲ့ခြင်းတို့ပြုလုပ်နိုင်ခဲ့သည်။

“ရွေးကောက်ပွဲမှာ အနိုင်ရရင်မှ ညွန့်ပေါင်းမဟုတ်ဘူး။ တို့အနေနဲ့က တိုင်းပြည်အကျိုးတူတဲ့ဟာနဲ့ဆိုလို့ရှိရင် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့မူချထားပြီးသား။ တိုင်းရင်းသားအရေးကို ဆောင်ရွက်တယ် ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို တို့ပြင်တဲ့ဟာတည်းကိုကသိနိုင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့က တိုင်းရင်းသားအရေးကိုလည်း ဦးစားပေးဆောင်ရွက်တယ်။ အဲဒီအတွက် ပူးပေါင်း ဆောင်ရွက်ရေးက စိတ်ပူစရာကိစ္စတစ်ခုမဟုတ်ဘူးလို့မြင်တယ်’’ဟု ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ပြည် ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကသုံးသပ်ပြောသည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၇ သန်းကျော်ရှိကာ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်။

#PeopleMedia #USDP #2020Election


Share this post