• Follow Us on

Home ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်၌ နိုင်ငံခြားသားအကြံပေးများ ခန့်အပ်ထားခြင်းမရှိသလို အတိုင်ပင်ခံရာထူး မရှိခဲ့ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသည့် USDP ကိုယ်စားလှယ်လောင်း နှစ်ဦးနှင့် ရပ်ကျေးစည်းရုံးရေးမှူးတို့ကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း USDP ပါတီ ပြောဆို

ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်၌ နိုင်ငံခြားသားအကြံပေးများ ခန့်အပ်ထားခြင်းမရှိသလို အတိုင်ပင်ခံရာထူး မရှိခဲ့ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသည့် USDP ကိုယ်စားလှယ်လောင်း နှစ်ဦးနှင့် ရပ်ကျေးစည်းရုံးရေးမှူးတို့ကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း USDP ပါတီ ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ မဲဆွယ်ကာလ၌ ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်၌ နိုင်ငံခြားသားအကြံပေးများ ခန့်အပ်ထားခြင်းမရှိသလို အတိုင်ပင်ခံရာထူးမရှိခဲ့ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံ ထားရသည့် USDP ကိုယ်စားလှယ်လောင်းနှစ်ဦးနှင့် ရပ်ကျေးစည်းရုံးရေးမှူးတို့ကို ဥပဒေကြောင်းအရ ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ USDP ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သည့် ဦးတင့်ဆွေ(တိုင်းအမှတ်-၂) ကိုယ်စားလှယ်လောင်း၊ ဦးစောမောင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)နှင့် ဦးညိုရောင် ရပ် ကျေးစည်းရုံးရေးမှူးတို့သည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့၌ မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် ဟောပြောခဲ့သည့် စကားလုံးများနှင့်ပတ်သက်ပြီး ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံလိုက်ရတာလည်းဖြစ်ပါတယ်။

“ဦးသိန်းစိန်လက်ထက်က အတိုင်ပင်ခံရာထူးရှိသလား။ မရှိတဲ့ရာထူးကို နိုင်ငံခြားသား ၉၃ ယောက်ငှားထားရ တယ်။ တစ်လ သိန်း ၅၀၊ ၆၀ ပေးပြီးငှားရတယ်။ သိန်း ၅ ထောင်ရှိတယ်။ ကျွန်တော်တို့မြို့နယ်၊ ကျေးရွာ ပေါင်းမှ သိန်း ၁ ထောင်မရဘူး။ ဒီလူတွေမငှားရင် လူမှုစီးပွားအကျိုးစီးပွားအတွက် အသုံးပြုလို့မရဘူးလား။ မြန်မာလူမျိုးအုပ်ချုပ်တဲ့တိုင်းပြည် ဘယ်နိုင်ငံခြားသားမှ အတိုင်ပင်ခံငှားစရာမလိုဘူး။ ၂၀၁၀ ဦးသိန်းစိန် လက်ထက် ဒီမိုကရေစီဖော်ဆောင်တဲ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုး ဘယ်အတိုင်ပင်ခံမှ မငှားဘဲနဲ့ ဒီမိုကရေစီ လမ်းကို ဖော်ဆောင်ခဲ့ပါတယ်”စသည်ဖြင့် USDP ပါတီ ကိုယ်စားလှယ်များက ပြောဆိုခဲ့ကြပါတယ်။

ထိုကဲ့သို့ ဖမ်းဆီးခံရသည် USDP ပါတီကိုယ်စားလှယ်များ၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးသွားမယ်လို့ USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“ပြည်ခိုင်ဖြိုးပါတီသည် ဒီကိုယ်စားလောင်းတွေဘက်ကနေ ရပ်တည်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစွဲဆိုမှုကိုကြည့်ရင် တရားမျှတမှုရှိမရှိဆိုတာ အင်မတန်မှ ထင်ရှားနေတယ်။ သူတို့ရဲ့ပြောဆိုချက်တွေဟာ လွှတ်တော်အတွင်းမှာ ထောက်ပြပြီးတော့မှ ပြောဆိုတဲ့အချက်တွေဖြစ်တဲ့အတွက် နိုင်ငံတော်အကြည်ညို ပျက်စေမှု မြောက်မမြောက်ဆိုတာ စဉ်းစားစရာအချက်တွေဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောပါတယ်။

#PeopleMedia #USDP #Political

(unicode)
…………………………………………………………….







#PeopleMedia #USDP #Political


Share this post