• Follow Us on

Home ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းမ်ားသည္ သက္ဆိုင္ရာ UEC အဖြဲ႕ခြဲ႐ုံးမ်ားထံ မဲဆႏၵရွင္စာရင္းႏွင့္ ေရြးေကာက္ပြဲရလဒ္ ပုံစံ(၁၆)ႏွင့္ပုံစံ(၁၉)တို႔ကို မိတၱဴကူးခြင့္ျပဳရန္တင္ျပေတာင္းခံ

ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းမ်ားသည္ သက္ဆိုင္ရာ UEC အဖြဲ႕ခြဲ႐ုံးမ်ားထံ မဲဆႏၵရွင္စာရင္းႏွင့္ ေရြးေကာက္ပြဲရလဒ္ ပုံစံ(၁၆)ႏွင့္ပုံစံ(၁၉)တို႔ကို မိတၱဴကူးခြင့္ျပဳရန္တင္ျပေတာင္းခံ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၅ (People Media)

ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားလွယ္ေလာင္းမ်ားသည္ သက္ဆိုင္ရာ UEC အဖြဲ႕ခြဲ႐ုံးမ်ားထံ မဲဆႏၵရွင္စာရင္းႏွင့္ ေရြးေကာက္ပြဲရလဒ္ ပုံစံ(၁၆)ႏွင့္ပုံစံ(၁၉)တို႔ကို မိတၱဴကူးခြင့္ျပဳရန္တင္ျပေတာင္းခံထားေၾကာင္း ကိုယ္စား လွယ္ေလာင္းအခ်ိဳ႕က အတည္ျပဳေျပာဆိုသည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားျပဳကိုယ္စားလွယ္ေလာင္းမ်ားမွာ သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ ပုံစံ ၁၆ ႏွင့္ ပုံစံ ၁၉ တို႔အား မိထၱဴကူးယူခြင့္ေတာင္းဆိုမူ မ်ားရွိေနၿပီး ထိုသို႔ေတာင္းခံျခင္းမွာ ကိုယ္စားလွယ္ေလာင္းမ်ား၏ဆႏၵသေဘာထားအရသာျဖစ္သည္ ျပည္ခိုင္ ၿဖိဳးပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။

“တစ္နိုင္ငံလုံးအတိုင္းအတာေတာင္းတယ္ဆိုတာေတာ့ မဟုတ္ေလာက္ဘူး။ အဲ့ဒါေတာ့ ကၽြန္ေတာ္မသိဘူးဗ်။ ၿမိဳ႕နယ္အလိုက္ျဖစ္ပါလိမ့္မယ္။ ကိုယ္စားလွယ္ေတြကေလ သူတို႔လိုခ်င္တဲ့ Document ကို လွမ္းေတာင္း တာျဖစ္မယ္” ဟု ဦးသိန္းထြန္းဦးကေျပာသည္။

အလားတူ ေရြးေကာက္ပြဲေကာ္မရွင္ထံမွ အခ်က္အလက္မ်ားအား တပ္မေတာ္ဖက္ကလည္းေတာင္းခံထားၿပီး မည္သူမွ် မိတၱဴကူးယူထုတ္ခြင့္မျပဳရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေကာ္မရွင္အဖြဲ႕ခြဲမ်ားသို႔ ညြန္ၾကားထားသည္။

ကိုယ္စားလွယ္မ်ားက ထိုသို႔ေတာင္းခံရျခင္းမွာ ေရြးေကာက္ပြဲမဲရလာဒ္အေပၚအယုံအၾကည္မရွိ၍ ျဖစ္ၿပီး ေကာ္ မရွင္က လိပ္ျပာလုံပါက ထုတ္ေပးရမည္ဟု ဦးသိန္းထြန္းထြန္းဦးကေျပာသည္။

“တကယ္သာ UEC အေနနဲ႔ ပြင့္လင္းျမင္သာမႈရွိ္မယ္ဆိုရင္ေတာ့ ျပည္သူလူထုကေနၿပီးေတာ့ ဘယ္သူက ပဲေတာင္းေတာင္းေပါ့။ သူရဲ့သတ္မွတ္ခ်က္ေတြနဲ႔ညီမယ္ဆိုရင္ သူတို႔ဘယ္ေလာက္ရွင္းတယ္။ သန္႔ရွင္းတယ္ဆို တာသက္ေသျပနိုင္ရမွာေပါ့။ အခုေတာ့ ဟိုပ္ိတ္ဒီပိတ္နဲ႔လုပ္ေတာ့ သံသယျဖစ္စရာ ပိုႀကီးထြားလာေစတာေပါ့” ဟု ၄င္းကေျပာသည္။

အဆိုပါပုံစံမ်ားပါ စာရင္းဇယားမ်ားအား ျပန္လည္စီစစ္ပါက သမာသမတ္က်မူရွိမရွိ ေပၚလြင္နိုင္သည့္အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ကိုယ္စားလွယ္မ်ားအတြက္ အေရးပါသည့္အေထာက္အထားျဖစ္သည္ဟု ဦးသိန္း ထြန္းဦးက ဆိုသည္။

#PeopleMedia #USDP #2020election

(unicode)
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ UEC အဖွဲ့ခွဲရုံးများထံ မဲဆန္ဒရှင်စာရင်းနှင့် ရွေးကောက်ပွဲရလဒ် ပုံစံ(၁၆)နှင့်ပုံစံ(၁၉)တို့ကို မိတ္တူကူးခွင့်ပြုရန်တင်ပြတောင်းခံ
………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၅ (People Media)

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ UEC အဖွဲ့ခွဲရုံးများထံ မဲဆန္ဒရှင်စာရင်းနှင့် ရွေးကောက်ပွဲရလဒ် ပုံစံ(၁၆)နှင့်ပုံစံ(၁၉)တို့ကို မိတ္တူကူးခွင့်ပြုရန်တင်ပြတောင်းခံထားကြောင်း ကိုယ်စား လှယ်လောင်းအချို့က အတည်ပြုပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းများမှာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပုံစံ ၁၆ နှင့် ပုံစံ ၁၉ တို့အား မိထ္တူကူးယူခွင့်တောင်းဆိုမူ များရှိနေပြီး ထိုသို့တောင်းခံခြင်းမှာ ကိုယ်စားလှယ်လောင်းများ၏ဆန္ဒသဘောထားအရသာဖြစ်သည် ပြည်ခိုင် ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာတောင်းတယ်ဆိုတာတော့ မဟုတ်လောက်ဘူး။ အဲ့ဒါတော့ ကျွန်တော်မသိဘူးဗျ။ မြို့နယ်အလိုက်ဖြစ်ပါလိမ့်မယ်။ ကိုယ်စားလှယ်တွေကလေ သူတို့လိုချင်တဲ့ Document ကို လှမ်းတောင်း တာဖြစ်မယ်” ဟု ဦးသိန်းထွန်းဦးကပြောသည်။

အလားတူ ရွေးကောက်ပွဲကော်မရှင်ထံမှ အချက်အလက်များအား တပ်မတော်ဖက်ကလည်းတောင်းခံထားပြီး မည်သူမျှ မိတ္တူကူးယူထုတ်ခွင့်မပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲများသို့ ညွန်ကြားထားသည်။

ကိုယ်စားလှယ်များက ထိုသို့တောင်းခံရခြင်းမှာ ရွေးကောက်ပွဲမဲရလာဒ်အပေါ်အယုံအကြည်မရှိ၍ ဖြစ်ပြီး ကော် မရှင်က လိပ်ပြာလုံပါက ထုတ်ပေးရမည်ဟု ဦးသိန်းထွန်းထွန်းဦးကပြောသည်။

“တကယ်သာ UEC အနေနဲ့ ပွင့်လင်းမြင်သာမှုရှိ်မယ်ဆိုရင်တော့ ပြည်သူလူထုကနေပြီးတော့ ဘယ်သူက ပဲတောင်းတောင်းပေါ့။ သူရဲ့သတ်မှတ်ချက်တွေနဲ့ညီမယ်ဆိုရင် သူတို့ဘယ်လောက်ရှင်းတယ်။ သန့်ရှင်းတယ်ဆို တာသက်သေပြနိုင်ရမှာပေါ့။ အခုတော့ ဟိုပ်ိတ်ဒီပိတ်နဲ့လုပ်တော့ သံသယဖြစ်စရာ ပိုကြီးထွားလာစေတာပေါ့” ဟု ၄င်းကပြောသည်။

အဆိုပါပုံစံများပါ စာရင်းဇယားများအား ပြန်လည်စီစစ်ပါက သမာသမတ်ကျမူရှိမရှိ ပေါ်လွင်နိုင်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်များအတွက် အရေးပါသည့်အထောက်အထားဖြစ်သည်ဟု ဦးသိန်း ထွန်းဦးက ဆိုသည်။

#PeopleMedia #USDP #2020election


Share this post