• Follow Us on

Home ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၂၀)၏ ပူးတြဲထုတ္ျပန္ခ်က္အေပၚ ေကာ္မရွင္သတိေပး၊ အလားတူ ထပ္မံေဆာင္ရြက္လွ်င္ ႏုိင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ခြင့္ရွိမည္မဟုတ္ေၾကာင္း သတိေပး

ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၂၀)၏ ပူးတြဲထုတ္ျပန္ခ်က္အေပၚ ေကာ္မရွင္သတိေပး၊ အလားတူ ထပ္မံေဆာင္ရြက္လွ်င္ ႏုိင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ခြင့္ရွိမည္မဟုတ္ေၾကာင္း သတိေပး

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၅

ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၂၀)၏ ပူးတြဲထုတ္ျပန္ခ်က္အေပၚ ေကာ္မရွင္သတိေပး၊ အလားတူ ထပ္မံေဆာင္ရြက္လွ်င္ ႏုိင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ခြင့္ရွိမည္မဟုတ္ေၾကာင္း ေကာ္မရွင္၏ သတိေပးခ်က္ကုိ ႏုိဝင္ဘာ(၁၅)ရက္ေန႔၌ ႏုိင္ငံပုိင္မီဒီယာမ်ား၌ ေဖာ္ျပခဲ့သည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ နိုင္ငံေရးပါတီ ၂၀ ၏ ပါတီ တာဝန္ရွိသူအသီးသီးက လက္မွတ္ေရးထိုး၍ နိုဝင္ဘာ ၂ ရက္ေန႔ ရက္စြဲျဖင့္ ပူးတြဲသေဘာထား ထုတ္ျပန္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ရာယင္းသေဘာထားထုတ္ျပန္ေၾကညာခ်က္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ႏွင့္စပ္လ်ဥ္း၍ မမွန္ကန္သည့္၊ အေထာက္အထားမရွိသည့္ သတင္းအခ်က္အလက္မ်ားကို ေရး သားေဖာ္ျပထားသည္ကိုေတြ႕ရွိရေၾကာင္း၊ ယင္းေရးသားေဖာ္ျပခ်က္မ်ားသည္ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ ဂုဏ္သိကၡာႏွင့္ကိုယ္က်င့္တရားကို ထိခိုက္ေစသည့္အျပင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဥပေဒႏွင့္အညီ က်င္းပေပးမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္း စဥ္မ်ားကို အျခားပါတီမ်ားႏွင့္မဲဆႏၵရွင္ျပည္သူမ်ားက အထင္အျမင္လြဲမွားေစႏုိင္သည္ကို စိစစ္ေတြ႕ရွိရ ေၾကာင္း။

ပါတီမွတ္ပုံတင္စဥ္ကပင္ ဝန္ခံခ်က္ေပးထားၿပီးျဖစ္

နိုင္ငံေရးပါတီမ်ားသည္ နိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (ဂ) ပါ ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ေလးစားလိုက္နာေရးႏွင့္ ပုဒ္မခြဲ(ဃ)ပါ လူတစ္ဦးခ်င္း(သို႔မဟုတ္) လူအမ်ားႏွင့္ပတ္သက္၍ သိကၡာႏွင့္ ကိုယ္က်င့္တရားကို ထိခိုက္ေစႏုိင္သည့္ ေရးသားမႈမ်ိဳး မျပဳလုပ္ေရးကို ေစာင့္ထိန္းလိုက္နာမည္ ျဖစ္ေၾကာင္းကို ပါတီမွတ္ပုံတင္စဥ္ကပင္ ဝန္ခံခ်က္ေပးထားၿပီးျဖစ္ေၾကာင္း၊ ယင္း ဥပေဒပုဒ္မ ၆ ပါ ဝန္ခံခ်က္တစ္ရပ္ရပ္ကို ေစာင့္ထိန္းလိုက္နာရန္ ပ်က္ကြက္သည့္ နိုင္ငံေရးပါတီသည္ ႏုိင္ငံ ေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ ခြင့္ရွိမည္မဟုတ္ေၾကာင္း။

နိုင္ငံေရးပါတီ ၂၀ ၏ ပါတီတာဝန္ရွိသူ အသီးသီးတို႔အား သတိေပးထား

သို႔ျဖစ္၍ ေနာက္ေနာင္ ယခုကဲ့သို႔ ပုဂၢိဳလ္တစ္ဦးခ်င္း(သို႔မဟုတ္) လူအမ်ားႏွင့္ပတ္သက္၍ သိကၡာႏွင့္ ကိုယ္ က်င့္တရားကို ထိခိုက္ေစနိုင္သည့္ေရးသားေဖာ္ျပမႈ၊ မမွန္မကန္ ေရးသားေဖာ္ျပမႈမ်ား ထပ္မံေဆာင္႐ြက္ျခင္း မျပဳရန္ႏွင့္ အကယ္၍ ယင္းသို႔ေဆာင္႐ြက္ေၾကာင္း ေတြ႕ရွိပါက ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္းကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ႏုိဝင္ဘာ ၆ ရက္တြင္ က်င္းပေသာ စုံညီအစည္း အေဝးအမွတ္စဥ္ (၃၃/၂၀၁၉) ဆုံးျဖတ္ခ်က္အရ ႏုိင္ငံေရးပါတီ ၂၀ ၏ ပါတီတာဝန္ရွိသူအသီးသီးတို႔အား သတိေပးထားေၾကာင္းစသည္ျဖင့္ ေဖာ္ျပခဲ့သည္။ ႏုိဝင္ဘာ(၁၅)ရက္ေန႔၌ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္ မရွင္ႏွင့္ ႏုိင္ငံေရးပါတီမ်ားသည္ ေနျပည္ေတာ္၌ ေတြ႕ဆုံခဲ့သည္။

(Unicode)
ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၂၀)၏ ပူးတွဲထုတ်ပြန်ချက်အပေါ် ကော်မရှင်သတိပေး၊ အလားတူ ထပ်မံဆောင်ရွက်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း သတိပေး
………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၅

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၂၀)၏ ပူးတွဲထုတ်ပြန်ချက်အပေါ် ကော်မရှင်သတိပေး၊ အလားတူ ထပ်မံဆောင်ရွက်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း ကော်မရှင်၏ သတိပေးချက်ကို နိုဝင်ဘာ(၁၅)ရက်နေ့၌ နိုင်ငံပိုင်မီဒီယာများ၌ ဖော်ပြခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ၏ ပါတီ တာဝန်ရှိသူအသီးသီးက လက်မှတ်ရေးထိုး၍ နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန် ကြေညာချက်ထုတ်ပြန်ခဲ့ရာယင်းသဘောထားထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်စပ်လျဉ်း၍ မမှန်ကန်သည့်၊ အထောက်အထားမရှိသည့် သတင်းအချက်အလက်များကို ရေး သားဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း၊ ယင်းရေးသားဖော်ပြချက်များသည်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေသည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ ကျင်းပပေးမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စဉ်များကို အခြားပါတီများနှင့်မဲဆန္ဒရှင်ပြည်သူများက အထင်အမြင်လွဲမှားစေနိုင်သည်ကို စိစစ်တွေ့ရှိရ ကြောင်း။

ပါတီမှတ်ပုံတင်စဉ်ကပင် ဝန်ခံချက်ပေးထားပြီးဖြစ်

နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း(သို့မဟုတ်) လူအများနှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှုမျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်းကို ပါတီမှတ်ပုံတင်စဉ်ကပင် ဝန်ခံချက်ပေးထားပြီးဖြစ်ကြောင်း၊ ယင်း ဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်သည့် နိုင်ငံရေးပါတီသည် နိုင်ငံ ရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရှိမည်မဟုတ်ကြောင်း။

နိုင်ငံရေးပါတီ ၂၀ ၏ ပါတီတာဝန်ရှိသူ အသီးသီးတို့အား သတိပေးထား

သို့ဖြစ်၍ နောက်နောင် ယခုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးချင်း(သို့မဟုတ်) လူအများနှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ် ကျင့်တရားကို ထိခိုက်စေနိုင်သည့်ရေးသားဖော်ပြမှု၊ မမှန်မကန် ရေးသားဖော်ပြမှုများ ထပ်မံဆောင်ရွက်ခြင်း မပြုရန်နှင့် အကယ်၍ ယင်းသို့ဆောင်ရွက်ကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသော စုံညီအစည်း အဝေးအမှတ်စဉ် (၃၃/၂၀၁၉) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ ၂၀ ၏ ပါတီတာဝန်ရှိသူအသီးသီးတို့အား သတိပေးထားကြောင်းစသည်ဖြင့် ဖော်ပြခဲ့သည်။ နိုဝင်ဘာ(၁၅)ရက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများသည် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။


Share this post