• Follow Us on

Home ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လာမည့်ရွေးကောက်ပွဲ၌ ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်


Share this post


…………………………………………………………………………………………………….

ရန်ကုန်၊ သြဂုတ် – ၅







(unicode)

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လာမည့်ရွေးကောက်ပွဲ၌ ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်
…………………………………………………………………………………………………….
ရန်ကုန်၊ ဩဂုတ် – ၅
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လာမည့်ရွေးကောက်ပွဲ၌ နေပြည်တော်ကော င်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အလားတူ ပြည်ခိုင်ဖြိုးပါတီ၏ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးခင်ရီ၊ ဦးလှထွန်းတို့သည်လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေရှိ ဇေယျာသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ ၌ ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိထားသည့် နယ်မြေတစ်ခုဖြစ်သည်။
အဆိုပါ ဇေယျာသိရိမြို့နယ်သည် တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့ဝင် မိသားစုများ အများဆုံးနေထိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ရုံး အခြေစိုက်ရာ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
ဇေယျာသီရိမဲဆန္ဒနယ်ကို NLD ပါတီအပါအဝင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီနှင့် အခြားပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။
#PeopleMedia #USDP #2020election


Share this post