• Follow Us on
Latest News

Home ျပည္ခုိင္ၿဖိဳးပါတီ မဲဆြယ္စည္း႐ုံးေရး၌ လုိက္ပါသူတစ္ဦးလွ်င္ က်ပ္ေငြ တစ္ေသာင္းႏွင့္ ဒံေပါက္တစ္ပြဲ ရရွိေၾကာင္း လူမႈကြန္ယက္၌ ေရးသားခဲ့သူႏွစ္ဦး ျပန္ေတာင္းပန္ရ

ျပည္ခုိင္ၿဖိဳးပါတီ မဲဆြယ္စည္း႐ုံးေရး၌ လုိက္ပါသူတစ္ဦးလွ်င္ က်ပ္ေငြ တစ္ေသာင္းႏွင့္ ဒံေပါက္တစ္ပြဲ ရရွိေၾကာင္း လူမႈကြန္ယက္၌ ေရးသားခဲ့သူႏွစ္ဦး ျပန္ေတာင္းပန္ရ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၇
 
ပဲခူးတုိင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၌ ျပည္ခုိင္ၿဖိဳးပါတီ မဲဆြယ္စည္းရုံးေရး၌ လုိက္ပါသူတစ္ဦးလွ်င္ က်ပ္ေငြ တစ္ ေသာင္းႏွင့္ ဒံေပါက္တစ္ပြဲရရွိေၾကာင္း လူမႈကြန္ယက္၌ ေရးသားခဲ့သူႏွစ္ဦးသည္ ျပည္ခုိင္ၿဖိဳးပါတီထံ ျပန္လည္ေတာင္းပန္ခဲ့ရသည္။
 
ျဖစ္စဥ္မွာ စက္တင္ဘာ(၁၄)ရက္ေန႔၌ ပဲခူးၿမိဳ႕၌ ျပည္ခုိင္ၿဖိဳးပါတီမွ မဲဆြယ္စည္းရုံးေရး လႈပ္ရွားမႈ၌ ပါဝင္သူမ်ား သည္ ေငြက်ပ္တစ္ေသာင္းႏွင့္ ဒံေပါက္တစ္ပြဲရရွိေၾကာင္း လူမႈကြန္ရက္၌ ေရးသားထားသူႏွစ္ဦးကုိ အေရး ယူေပးရန္ ျပည္ခုိင္ၿဖိဳးပါတီ တာဝန္ရွိသူမ်ားက သက္ဆုိင္ရာ ရဲစခန္းထံ တုိင္ၾကားခဲ့သည္။
 
အဆုိပါ တုိင္ၾကားခ်က္ေၾကာင့္ လူမႈကြန္ယက္၌ ေရးသားခဲ့သည့္ ပဲခူးၿမိဳ႕ခံႏွစ္ဦးသည္ စက္တင္ဘာ (၁၆) ရက္ေန႔၌ ျပည္ခုိင္ၿဖိဳးပါတီ တာဝန္ရွိသူမ်ားကုိ တရားဝင္ ေတာင္ပန္ခဲ့သည္။
 
“သူတုိ႔ဘက္က တရားဝင္ ေတာင္းပန္ေတာ့ ေက်ေအးေပးလုိက္ပါတယ္” လုိ႔ ပဲခူးၿမိဳ႕၊ တုိင္း အမွတ္(၁) ကုိယ္စားလွယ္ေလာင္း ဦးမင္းခန္႔ေက်ာ္(ျပည္ခုိင္ၿဖိဳးပါတီ)က ေျပာပါတယ္။
 
#PeopleMedia #USDP #2020election
 
(unicode)
ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေး၌ လိုက်ပါသူတစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းနှင့် ဒံပေါက်တစ်ပွဲ ရရှိကြောင်း လူမှုကွန်ယက်၌ ရေးသားခဲ့သူနှစ်ဦး ပြန်တောင်းပန်ရ
………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၁၇
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေး၌ လိုက်ပါသူတစ်ဦးလျှင် ကျပ်ငွေ တစ် သောင်းနှင့် ဒံပေါက်တစ်ပွဲရရှိကြောင်း လူမှုကွန်ယက်၌ ရေးသားခဲ့သူနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီထံ ပြန်လည်တောင်းပန်ခဲ့ရသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာ(၁၄)ရက်နေ့၌ ပဲခူးမြို့၌ ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု၌ ပါဝင်သူများ သည် ငွေကျပ်တစ်သောင်းနှင့် ဒံပေါက်တစ်ပွဲရရှိကြောင်း လူမှုကွန်ရက်၌ ရေးသားထားသူနှစ်ဦးကို အရေး ယူပေးရန် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများက သက်ဆိုင်ရာ ရဲစခန်းထံ တိုင်ကြားခဲ့သည်။
 
အဆိုပါ တိုင်ကြားချက်ကြောင့် လူမှုကွန်ယက်၌ ရေးသားခဲ့သည့် ပဲခူးမြို့ခံနှစ်ဦးသည် စက်တင်ဘာ (၁၆) ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကို တရားဝင် တောင်ပန်ခဲ့သည်။
 
“သူတို့ဘက်က တရားဝင် တောင်းပန်တော့ ကျေအေးပေးလိုက်ပါတယ်” လို့ ပဲခူးမြို့၊ တိုင်း အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးမင်းခန့်ကျော်(ပြည်ခိုင်ဖြိုးပါတီ)က ပြောပါတယ်။
 
#PeopleMedia #USDP #2020election

Share this post