• Follow Us on

Home ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်ရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးကူးဝန်ကြီး မှာကြား

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်ရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးကူးဝန်ကြီး မှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ (People Media)

 

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်လာစေရေး၊ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မှာကြားလိုက်သည်။

 

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ စားသုံးဆီထုတ်ပြန်နိုင်မှု ပမာဏ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ကိုးသိန်းကျော် တင်သွင်းနေရကြောင်း၊ ပြည်တွင်း စားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွား လုပ်ငန်း များအတွက် စုစုပေါင်း သုံးစွဲမှုတန်ချိန် (၁၁)သိန်းခန့်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်လာစေရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုကဏ္ဍ (Supply Chain)တစ်ခုလုံး ဖွံဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေးမူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

စားသုံးမှုပုံစံကို ပြောင်းလဲရာတွင် စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်များ၊ စားသုံးသူ အသိပညာပေး အစီစဉ်များကို ဦးစားပေးဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရန်တောင်သူများကို အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးဧကများ ပိုမိုတိုးချဲ့ စိုက်ပျိုးရေး ကွင်းဆင်း အသိပညာပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်း၊ စသည့်လုပ်ငန်းစဉ်များ ချမှတ်အ ကောင်အထည်ဖော်ရန် လိုအပ်သလို ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ပုံစံမျိုး ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #စီးပွားကူးသန်း

 

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post