• Follow Us on
Latest News

Home ျပည္တြင္းထုတ္ဗ်ဴဟာေျမာက္ေျမျပင္မွေျမျပင္ပစ္ဒံုးက်ည္ယူနစ္ ၂၀၀ ေက်ာ္ထုတ္လုပ္ရန္အစီအစဥ္ ေတာင္ကိုရီးယားအတည္ျပဳ

ျပည္တြင္းထုတ္ဗ်ဴဟာေျမာက္ေျမျပင္မွေျမျပင္ပစ္ဒံုးက်ည္ယူနစ္ ၂၀၀ ေက်ာ္ထုတ္လုပ္ရန္အစီအစဥ္ ေတာင္ကိုရီးယားအတည္ျပဳ

Share this post

ဆိုးလ္၊ ႏို၀င္ဘာ ၂၇
 
ဗ်ဴဟာေျမာက္ေျမျပင္အေျခစိုက္ဒံုးက်ည္တမ်ိဳး အေျမာက္အျမားထုတ္လုပ္ရန္အစီအစဥ္ကို ေတာင္ကိုရီး ယားအစိုးရက အတည္ျပဳခဲ့သည္။
 
ကိုရီးယားဗ်ဴဟာေျမာက္ေျမျပင္မွေျမျပင္ပစ္ဒံုးက်ည္မ်ား(KTSSM) သည္ ေျမာက္ကိုရီးယားေျမေအာက္အေ ျမာက္အေျခစိုက္စခန္းမ်ားကို လႊမ္းမိုးႏိုင္ရန္ရည္႐ြယ္ထားသည္ဟု ယြန္ဟတ္သတင္းေအဂ်င္စီကေဖာ္ျပသည္။
 
မၾကာေသးမီက ၿမိဳ႕ေတာ္ျပံဳယမ္းတြင္ ေျမာက္ကိုရီးယားစစ္ေရးျပအခမ္းအနားတခု၌ မျမင္ဖူးေသးသည့္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒံုးက်ည္မ်ားကို ေျမာက္ကိုရီးယားႏိုင္ငံက ထုတ္ေဖာ္ျပသခဲ့သည္။
 
ခြင့္ျပဳခ်က္ရပါက ၂၀၂၅ ခုႏွစ္အကုန္တြင္ KTSSM ဒံုးက်ည္ယူနစ္ ၂၀၀ ေက်ာ္ထုတ္လုပ္ထားသည္ကိုျမင္ေတြ႕ရ မည္ဟု ကာကြယ္ေရးစီမံကိန္းမ်ားႁမွင့္တင္ေရးေကာ္မတီကို ကာကြယ္ေရးပစၥည္းမ်ား၀ယ္ယူေရးအစီအစဥ္ႀကီး ၾကပ္ကြပ္ကဲမႈဌာန(DAPA)က ေျပာသည္။
 
စီမံကိန္းသည္ ကိုရီးယား၀မ္ဘီလီယံ ၄၅၀ (အေမရိကန္ေဒၚလာ ၄၀၆.၁၄ သန္း)တန္ေၾကာင္း DAPA ကေျပာၿပီး ကိုယ္ပိုင္နည္းပညာမ်ားျဖင့္လက္နက္သစ္မ်ားထုတ္လုပ္သြားမည္ဟုလည္းေျပာသည္။
 
အေျမာက္အျမားထုတ္လုပ္ရန္အတြက္ ကိုရီးယား၀မ္ဘီလီယံ ၃၂၀ အပိုေဆာင္းထားမည္။
 
ထိုဒံုးက်ည္မ်ားသည္ ကီလိုမီတာ ၁၂၀ အထိေရာက္ႏိုင္ၿပီး ပစ္မွတ္မ်ားကို တိက်စြာဖ်က္ဆီးႏိုင္သည္။
 
Ref : South Korea approves plan to produce over 200 KTSSM units by 2025
 
#PeopleMedia
 
(unicode)
ပြည်တွင်းထုတ်ဗျူဟာမြောက်မြေပြင်မှမြေပြင်ပစ်ဒုံးကျည်ယူနစ် ၂၀၀ ကျော်ထုတ်လုပ်ရန်အစီအစဉ် တောင်ကိုရီးယားအတည်ပြု
…………………………………………………………..
 
ဆိုးလ်၊ နိုဝင်ဘာ ၂၇
 
ဗျူဟာမြောက်မြေပြင်အခြေစိုက်ဒုံးကျည်တမျိုး အမြောက်အမြားထုတ်လုပ်ရန်အစီအစဉ်ကို တောင်ကိုရီး ယားအစိုးရက အတည်ပြုခဲ့သည်။
 
ကိုရီးယားဗျူဟာမြောက်မြေပြင်မှမြေပြင်ပစ်ဒုံးကျည်များ(KTSSM) သည် မြောက်ကိုရီးယားမြေအောက်အေ မြာက်အခြေစိုက်စခန်းများကို လွှမ်းမိုးနိုင်ရန်ရည်ရွယ်ထားသည်ဟု ယွန်ဟတ်သတင်းအေဂျင်စီကဖော်ပြသည်။
 
မကြာသေးမီက မြို့တော်ပြုံယမ်းတွင် မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနားတခု၌ မမြင်ဖူးသေးသည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။
 
ခွင့်ပြုချက်ရပါက ၂၀၂၅ ခုနှစ်အကုန်တွင် KTSSM ဒုံးကျည်ယူနစ် ၂၀၀ ကျော်ထုတ်လုပ်ထားသည်ကိုမြင်တွေ့ရ မည်ဟု ကာကွယ်ရေးစီမံကိန်းများမြှင့်တင်ရေးကော်မတီကို ကာကွယ်ရေးပစ္စည်းများဝယ်ယူရေးအစီအစဉ်ကြီး ကြပ်ကွပ်ကဲမှုဌာန(DAPA)က ပြောသည်။
 
စီမံကိန်းသည် ကိုရီးယားဝမ်ဘီလီယံ ၄၅၀ (အမေရိကန်ဒေါ်လာ ၄၀၆.၁၄ သန်း)တန်ကြောင်း DAPA ကပြောပြီး ကိုယ်ပိုင်နည်းပညာများဖြင့်လက်နက်သစ်များထုတ်လုပ်သွားမည်ဟုလည်းပြောသည်။
 
အမြောက်အမြားထုတ်လုပ်ရန်အတွက် ကိုရီးယားဝမ်ဘီလီယံ ၃၂၀ အပိုဆောင်းထားမည်။
 
ထိုဒုံးကျည်များသည် ကီလိုမီတာ ၁၂၀ အထိရောက်နိုင်ပြီး ပစ်မှတ်များကို တိကျစွာဖျက်ဆီးနိုင်သည်။
 
Ref : South Korea approves plan to produce over 200 KTSSM units by 2025
 
#PeopleMedia

Share this post