• Follow Us on

Home ပြည်တွင်းထုတ် တန် ၃,၀၀၀ ရေငုပ်သင်္ဘော တောင်ကိုရီးယားရေတပ်လက်ခံရရှိ

ပြည်တွင်းထုတ် တန် ၃,၀၀၀ ရေငုပ်သင်္ဘော တောင်ကိုရီးယားရေတပ်လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇ (People Media)

 

တောင်ကိုရီးယားရေတပ်သည် ပထမဦးဆုံး ပြည်တွင်း၌ တည်ဆောက်သည့် တန် ၃,၀၀၀ ရေငုပ်သင်္ဘောကို ပြီးခဲ့သည့် သောကြာနေ့ (သြဂုတ်လ ၁၃ ရက်) က လက်ခံရရှိခဲ့ကြောင်းသိရသည်။

 

မျဉ်းမတ်ဒုံးကျည်ပြွန် ခြောက်ခုတပ်ဆင်ထားသဖြင့် ဒိုစန်အာချန်ဟို ရေငုပ်သင်္ဘောမှာ ရေငုပ်သင်္ဘောမှ မြေပြင် သို့ ပဲ့ထိန်းဒုံးကျည်များပစ်ခတ်နိုင်သည်။ အဆိုပါ ရေငုပ်သင်္ဘော၏အလျားမှာ ၈၃.၅ မီတာနှင့် အနံမှာ ၉.၆ မီ တာရှိပြီး ရေတပ်စစ်သည် ၅၀ ဦးတင်ဆောင်နိုင်သည်။ ယင်းရေငုပ်သင်္ဘော အစိတ်အပိုင်းများ၏ ၇၆% မှာ ကို ရီးယားပြည်တွင်း၌ပင်ထုတ်လုပ်ထားပြီး ရေငုပ်သင်္ဘောသည် ရေပြင်ပေါ်သို့ပြန်မတက်ဘဲ ရေအောက်တွင် ရက် ပေါင်း ၂၀ ကြာအောင် လှုပ်ရှားသွားလာနိုင်ကြောင်း ရေတပ်အရာရှိများကပြောသည်။

 

တောင်ကိုရီးယားနိုင်ငံ၏ ပထမဦးဆုံးပြည်တွင်းဖြစ် တန် ၃,၀၀၀ ရေငုပ်သင်္ဘောကို လွှဲပြောင်းပေးနိုင်ခြင်းမှာ နိုင်ငံ၏အောင်မြင်မှုအတွက် ကြီးမားသောတိုးတက်မှုတစ်ခုဖြစ်ကြောင်း ရေငုပ်သင်္ဘောတည်ဆောက်ရေးစီမံ ချက်ကိုဦးဆောင်ကြီးကြပ်ခဲ့သူ ဂျီယောင်ဂူးက ပြောသည်။

 

တောင်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောအသစ်ကို ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း တပ်တော်မဝင်မီ တစ်နှစ် ကြာ ဆန်းစစ်အကဲဖြတ်ရန် စီစဉ်ထားခဲ့သည်။ လက်ရှိတွင် တောင်ကိုရီးယားရေတပ်သည် တန်ချိန် ၁,၂၀၀ ရေ ငုပ်သင်္ဘောနှင့် တန်ချိန် ၁,၈၀၀ ရေငုပ်သင်္ဘောများကို အသုံးပြုလျက်ရှိသည်။

 

ဒိုစန်အာချန်ဟို ရေငုပ်သင်္ဘောသည် ရေအောက်တွင် အမြင့်ဆုံး ရေမိုင် ၂၀  (တစ်နာရီလျှင် ၃၇ ကီလိုမီတာ) ခုတ်မောင်းနိုင်ပြီး ရေမိုင် ၁၀,၀၀၀ အထိ (၁၈,၅၂၀ ကီလိုမီတာ) သွားလာနိုင်သည်။ အနာဂတ်တွင် ခရုစ်ဒုံး ကျည်များထည့်သွင်းတပ်ဆင်နိုင်ရန် ရေယာဉ်တွင် ၅၃၃ မီလီမီတာရှိ တော်ပီဒိုပြန်များပါတပ်ဆင်ထားသည်။

ရေငုပ်သင်္ဘောတွင် အလိုအလျောက် လည်ပတ်မောင်းနှင်နိုင်ပြီး ထိန်းချုပ်နိုင်သော အလိုအလျောက်ထိန်း ကျောင်းမောင်းနှင်သည့်စနစ်ရော လူကိုယ်တိုင်ထိန်းကျောင်းမောင်းနှင်သည့်စနစ်ပါ တပ်ဆင်ထားပြီး စနစ် နှစ်ခုစလုံးကိုရောစပ်အသုံးပြုနိုင်သည်။ ၎င်းအပြင် ပစ်မှတ်စုံစမ်းရှာဖွေရေးနှင့် ပစ်မှတ်အမျိုးအစားခွဲခြားရေး တို့အတွက် active sonar နှင့် flank array sonar တို့ကိုလည်း တပ်ဆင်ထားသည်။ ဆိုနာများအပြင် လက် နက်တပ်ဆင်မှုတာဝန်ခွဲဝေခြင်း၊ ပစ်မှတ်စုံစမ်းဖော်ထုတ်ခြင်း၊ ခြေရာခံလိုက်ခြင်းနှင့် တိုက်ပွဲဝင်ပစ်ခတ်ခြင်းတို့အ တွက် တိုက်ပွဲဝင်အုပ်ချုပ်ရေးစနစ်ကိုလည်း တပ်ဆင်ထားသည်။

 

မြောက်ကိုရီးယားက တန် ၃,၀၀၀ ရေငုပ်သင်္ဘောတစ်စီးတည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းများပေါ် ထွက်လာပြီးနောက်ပိုင်း တောင်ကိုရီးယားက ဒိုစန်အာချန်ဟို ရေငုပ်သင်္ဘောကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

Ref: South Korea Navy Receives First Indigenous 3,000-Ton Submarine

 

#PeopleMedia #ရေငုပ်သင်္ဘော #တောင်ကိုရီးယား

 

(unicode)


………………………………………………………………

 


 


 


 


 


 



 


 

Ref: South Korea Navy Receives First Indigenous 3,000-Ton Submarine

 



Share this post