• Follow Us on

Home ျပည္တြင္းေဆာ့ဝဲလ္မပါေသာ စက္ပစၥည္းမ်ား ႐ုရွားအစိုးရ တားျမစ္

ျပည္တြင္းေဆာ့ဝဲလ္မပါေသာ စက္ပစၥည္းမ်ား ႐ုရွားအစိုးရ တားျမစ္

Share this post

ႏိုင္ငံတကာ၊ ႏိုဝင္ဘာ ၂၃

႐ုရွားႏိုင္ငံဟာ ျပည္တြင္း ေဆာ့ဝဲလ္ထည့္သြင္းထားျခင္းမရွိတဲ့ စက္ပစၥည္းေတြကို တားျမစ္တဲ့ဥပေဒကို အဆိုတင္သြင္းထားၿပီး ၂၀၂၀ ခုႏွစ္ ဇူလိုင္လမွာ စတင္တရားဝင္ဖို႔ရွိေနပါတယ္။

ျပ႒ာန္းဥပေဒအရ စမတ္ဖုန္း၊ ကြန္ပ်ဴတာနဲ႔ စမတ္တီဗီေတြလည္း တားျမစ္စက္ပစၥည္းေတြထဲပါဝင္မွာ ျဖစ္ပါတယ္။ အခုလို ဥပေဒထုတ္ျပန္ရတဲ့ အေၾကာင္းအရင္းက ႐ုရွားနည္းပညာပိုင္းကို ျမႇင့္တင္ၿပီး ႏိုင္ငံတြင္းျပည္သူေတြ စက္ပစၥည္းဝယ္ယူရာမွာ အလြယ္တကူအသုံးျပဳႏိုင္ေစဖို႔ ျဖစ္တယ္လို႔ ဥပေဒျပဳ လႊတ္ေတာ္အမတ္ေတြက ေျပာပါတယ္။

ဒါေပမယ့္ စုံစမ္းေထာက္လွမ္းမႈေတြနဲ႔ ႐ုရွားေဈးကြက္ထဲက ကုမၸဏီေတြထြက္ခြာသြားႏိုင္တဲ့ စိုးရိမ္မႈေတြ လည္းရွိေနပါတယ္။

အခုျပ႒ာန္းလိုက္တဲ့ ဥပေဒဟာ ျပည္ပႏိုင္ငံေတြက စက္ပစၥည္းေတြကို ေရာင္းခ်ခြင့္တားျမစ္ျခင္းမဟုတ္ဘဲ မူလေဆာ့ဝဲလ္နဲ႔ ေရာင္းခ်ခြင့္မျပဳျခင္းသာျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ုရွားထုတ္ ေဆာ့ဝဲလ္ကို ျပန္လည္ထည့္ သြင္းရဖို႔ရွိေနပါတယ္။

႐ုရွားအစိုးရက အခုလို ဥပေဒျပ႒ာန္းခ်က္ေၾကာင့္ ဆိုက္ဘာလုံၿခဳံေရးတိုးတက္လာလိမ့္မယ္လို႔ ေျပာၾကား ထားေပမယ့္ ေဝဖန္ေရးသမားေတြကေတာ့ တ႐ုတ္ႏိုင္ငံလို အစိုးရက အင္တာနက္ထိန္းခ်ဳပ္မႈေတြျပဳလုပ္မွာကို စိုးရိမ္လ်က္ရွိေနၾကပါတယ္။

Ref; Reuters

#PeopleMedia #EPN

(Unicode)
ပြည်တွင်းဆော့ဝဲလ်မပါသော စက်ပစ္စည်းများ ရုရှားအစိုးရ တားမြစ်
……………………………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃

ရုရှားနိုင်ငံဟာ ပြည်တွင်း ဆော့ဝဲလ်ထည့်သွင်းထားခြင်းမရှိတဲ့ စက်ပစ္စည်းတွေကို တားမြစ်တဲ့ဥပဒေကို အဆိုတင်သွင်းထားပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ စတင်တရားဝင်ဖို့ရှိနေပါတယ်။

ပြဋ္ဌာန်းဥပဒေအရ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ စမတ်တီဗီတွေလည်း တားမြစ်စက်ပစ္စည်းတွေထဲပါဝင်မှာ ဖြစ်ပါတယ်။ အခုလို ဥပဒေထုတ်ပြန်ရတဲ့ အကြောင်းအရင်းက ရုရှားနည်းပညာပိုင်းကို မြှင့်တင်ပြီး နိုင်ငံတွင်းပြည်သူတွေ စက်ပစ္စည်းဝယ်ယူရာမှာ အလွယ်တကူအသုံးပြုနိုင်စေဖို့ ဖြစ်တယ်လို့ ဥပဒေပြု လွှတ်တော်အမတ်တွေက ပြောပါတယ်။

ဒါပေမယ့် စုံစမ်းထောက်လှမ်းမှုတွေနဲ့ ရုရှားဈေးကွက်ထဲက ကုမ္ပဏီတွေထွက်ခွာသွားနိုင်တဲ့ စိုးရိမ်မှုတွေ လည်းရှိနေပါတယ်။

အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ပြည်ပနိုင်ငံတွေက စက်ပစ္စည်းတွေကို ရောင်းချခွင့်တားမြစ်ခြင်းမဟုတ်ဘဲ မူလဆော့ဝဲလ်နဲ့ ရောင်းချခွင့်မပြုခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ရုရှားထုတ် ဆော့ဝဲလ်ကို ပြန်လည်ထည့် သွင်းရဖို့ရှိနေပါတယ်။

ရုရှားအစိုးရက အခုလို ဥပဒေပြဋ္ဌာန်းချက်ကြောင့် ဆိုက်ဘာလုံခြုံရေးတိုးတက်လာလိမ့်မယ်လို့ ပြောကြား ထားပေမယ့် ဝေဖန်ရေးသမားတွေကတော့ တရုတ်နိုင်ငံလို အစိုးရက အင်တာနက်ထိန်းချုပ်မှုတွေပြုလုပ်မှာကို စိုးရိမ်လျက်ရှိနေကြပါတယ်။

Ref; Reuters

#PeopleMedia #EPN


Share this post