• Follow Us on

Home ျပည္တြင္းျပည္ပေရြးေကာက္ပြဲေလ့လာသူမ်ား ၂၀၂၀ ေရြးေကာက္ပြဲေလ့ လာခြင့္ကို စတင္ေလွ်ာက္ထားႏိုင္

ျပည္တြင္းျပည္ပေရြးေကာက္ပြဲေလ့လာသူမ်ား ၂၀၂၀ ေရြးေကာက္ပြဲေလ့ လာခြင့္ကို စတင္ေလွ်ာက္ထားႏိုင္

Share this post

ရန္ကုန္၊ ဇူလိုင္ ၈

ျပည္တြင္းႏွင့္ ႏိုင္ငံတကာေရြးေကာက္ပြဲေလ့လာသူမ်ားအေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲေလ့လာခြင့္ကို စတင္ ေလ်ာက္ႏိုင္ၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ယခုလ ၇ ရက္ ရက္စြဲျဖင့္သတင္းထုတ္ျပန္ ေၾကညာလိုက္သည္။

၂၀၂၀ ျပည့္ႏွစ္ ႏို၀င္ဘာလ ၈ ရက္တြင္က်င္းပမည့္ အေထြေထြေရြေရြးေကာက္ပြဲေလ့လာခြင့္ကို ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလ ၁၅ ရက္အထိ ေလ်ာက္ထားႏိုင္မည္လည္းျဖစ္သည္။

ေရြးေကာက္ပြဲေလ့လာခြင့္ေလ်ာက္ထားရာတြင္ ျပည္တြင္းေလ့လာုသူမ်ားအေနျဖင့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ေလ့လာလိုသည့္ တိုင္းေဒသႀကီး/ျပည္နယ္ခ႐ိုင္၊ၿမိဳ႕နယ္အလိုက္ သက္ဆိုင္ရာ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမ်ားတြင္ ေလ်ာက္ထားရမည္ျဖစ္သည္။

ႏိုင္ငံတကာေရြးေကာက္ပြဲေလ့လာသူမ်ားအေနျဖင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တြင္ ေလ်ာက္ထားရ မည္ျဖစ္သည္။

ေရြးေကာက္ပြဲတြင္ ျပည္တြင္းျပည္ပအဖြဲ႕အစည္းမ်ားပါ၀င္မႈႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲ တြင္ ျပည္တြင္းျပည္ပအဖြဲ႕အစည္းမ်ားသည္ ပါတီႀကီးတစ္ခုကိုသာ မဲေပးဖို႔သင္ၾကားေပးသြားခဲ့ေၾကာင္း လက္ ရွိမင္းကင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျပည္ခိုင္ၿဖိဳးအမတ္ ဦးေမာင္ျမင့္ကေျပာသည္။

“ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ ေရြးေကာက္ပြဲကိုရွင္းျပတယ္ဆိုတဲ့အဖြဲ႕ NGO၊INGO အဖြဲ႕ေတြနယ္ေတြကို ဆင္းၾကတယ္၊ ကၽြန္ေတာ့္နယ္လည္းလာဆင္းၾကတယ္။ အဲဒီလူေတြအားလံုးသည္ ပါတီႀကီးတစ္ခုကို မဲေပးဖို႔ အတြက္ကိုပဲ သင္ၾကားေပးသြားတာ။ သူတို႔လိုလားတဲ့ပါတီႀကီးေတြကို မဲေပးဖို႔အတြက္ကိုပဲ ေဖၚေဆာင္သြား တာ” ဟု မင္းကင္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ျမင့္ကေျပာသည္။
ယင္းအတြက္လာမည့္ ၂၀၂၀ေရြးေကာပြဲတြင္ ေရြးေကာက္ပြဲအေထာက္အကူျပဳအဖြဲ႕အစည္းမ်ား၏ ပါ၀င္ ပတ္သက္မႈကို ေလ်ာ့ခ်ကန္႔သတ္ဖို႔လိုေၾကာင္းလည္း ၎ကေျပာၾကားခဲ့သည္။

#PeopleMedia

(unicode)
ပြည်တွင်းပြည်ပရွေးကောက်ပွဲလေ့လာသူများ ၂၀၂၀ ရွေးကောက်ပွဲလေ့ လာခွင့်ကို စတင်လျှောက်ထားနိုင်
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၈

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲလေ့လာခွင့်ကို စတင် လျောက်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၇ ရက် ရက်စွဲဖြင့်သတင်းထုတ်ပြန် ကြေညာလိုက်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေရွေးကောက်ပွဲလေ့လာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်အထိ လျောက်ထားနိုင်မည်လည်းဖြစ်သည်။

ရွေးကောက်ပွဲလေ့လာခွင့်လျောက်ထားရာတွင် ပြည်တွင်းလေ့လာုသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လေ့လာလိုသည့် တိုင်းဒေသကြီး/ပြည်နယ်ခရိုင်၊မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လျောက်ထားရမည်ဖြစ်သည်။

နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လျောက်ထားရ မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများပါဝင်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများသည် ပါတီကြီးတစ်ခုကိုသာ မဲပေးဖို့သင်ကြားပေးသွားခဲ့ကြောင်း လက် ရှိမင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကပြောသည်။

“ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကိုရှင်းပြတယ်ဆိုတဲ့အဖွဲ့ NGO၊INGO အဖွဲ့တွေနယ်တွေကို ဆင်းကြတယ်၊ ကျွန်တော့်နယ်လည်းလာဆင်းကြတယ်။ အဲဒီလူတွေအားလုံးသည် ပါတီကြီးတစ်ခုကို မဲပေးဖို့ အတွက်ကိုပဲ သင်ကြားပေးသွားတာ။ သူတို့လိုလားတဲ့ပါတီကြီးတွေကို မဲပေးဖို့အတွက်ကိုပဲ ဖေါ်ဆောင်သွား တာ” ဟု မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်ကပြောသည်။
ယင်းအတွက်လာမည့် ၂၀၂၀ရွေးကောပွဲတွင် ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့အစည်းများ၏ ပါဝင် ပတ်သက်မှုကို လျော့ချကန့်သတ်ဖို့လိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

#PeopleMedia


Share this post