• Follow Us on

Home ျပည္တြင္းျဖစ္ ကိုဗစ္ကာကြယ္ေဆး လူသားျဖင့္စမ္းသပ္မႈ ေနာက္အပတ္တြင္ ဗီယက္နမ္နိုင္ငံ စတင္မည္

ျပည္တြင္းျဖစ္ ကိုဗစ္ကာကြယ္ေဆး လူသားျဖင့္စမ္းသပ္မႈ ေနာက္အပတ္တြင္ ဗီယက္နမ္နိုင္ငံ စတင္မည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၆
ဗီယက္နမ္နိုင္ငံ နာနိုဂ်န္ ေဆးဝါးကုမၸဏီကထုတ္လုပ္သည့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးတစ္မ်ိဳး ပ ထမအဆင့္ လူသားျဖင့္စမ္းသပ္မႈကို ဒီဇင္ဘာလ ၁၀ ရက္တြင္ စတင္မည္ျဖစ္သည္။
လူသားျဖင့္စမ္းသပ္မႈ ပထမအဆင့္တြင္ပါဝင္မည့္ ေစတနာ့ဝန္ထမ္းမ်ား စတင္စုေဆာင္းရန္ ဗီယက္နမ္ စစ္ေဆးတကၠသိုလ္ႏွင့္ ပူးေပါင္းေဆာင္ရြက္မည္ဟု က်န္းမာေရးဝန္ႀကီး ငုယင္သန္ေလာင္းက ေျပာသည္။
ေစတနာ့ဝန္ထမ္းမ်ားကို ေနာက္တစ္ပတ္အၾကာတြင္ ကာကြယ္ေဆး ပထမအႀကိမ္ ထိုးေပးမည္ျဖစ္ သည္။ ပထမအဆင့္တြင္ အသက္ ၁၈ ႏွစ္မွ ၄၀ ႏွစ္ၾကား ေစတနာ့ဝန္ထမ္း ၂၀ ဦးကို ကာကြယ္ေဆးထိုးေပးမည္ ဟု က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။
“ကၽြန္ေတာ္တို႔ တတ္နိုင္သမၽွေစာၿပီး ကိုဗစ္ကာကြယ္ေဆးရဖို႔ လုပ္ေဆာင္ေနပါတယ္” ဟု ယမန္ေန႔ကျပဳ လုပ္သည့္ အစည္းအေဝးတစ္ခု၌ ငုယင္သန္ေလာင္းက ေျပာသည္။
ဗီယက္နမ္နိုင္ငံ၌ လက္ရွိအခ်ိန္တြင္ Nanogen၊ Vabiotech၊ Polyvac ႏွင့္ Institute of Vaccines and Medical Biologicals (IVAC) တို႔က သုေတသနျပဳလုပ္ေနသည့္ ကိုဗစ္ကာကြယ္ေဆးေလးမ်ိဳးရွိသည္။
ဗီယက္နမ္နိုင္ငံတြင္ ယမန္ေန႔ညေနပိုင္းအထိ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳကူးစက္မႈ ၁၃၆၅ မႈႏွင့္ ေသဆုံး သူ ၃၅ ဦးရွိေၾကာင္း သိရသည္။
ကိုးကား – ဗြီအင္န္ေအ
Ref; Vietnam begins human trials of indigenous Covid-19 vaccine next week
(unicode)
ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး လူသားဖြင့်စမ်းသပ်မှု နောက်အပတ်တွင် ဗီယက်နမ်နိုင်ငံ စတင်မည်
……………………………………………………………….
နိုင်ငံတကာ၊ ဒီဇင်ဘာ ၆
ဗီယက်နမ်နိုင်ငံ နာနိုဂျန် ဆေးဝါးကုမ္ပဏီကထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုး ပ ထမအဆင့် လူသားဖြင့်စမ်းသပ်မှုကို ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်မည်ဖြစ်သည်။
လူသားဖြင့်စမ်းသပ်မှု ပထမအဆင့်တွင်ပါဝင်မည့် စေတနာ့ဝန်ထမ်းများ စတင်စုဆောင်းရန် ဗီယက်နမ် စစ်ဆေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်းက ပြောသည်။
စေတနာ့ဝန်ထမ်းများကို နောက်တစ်ပတ်အကြာတွင် ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးမည်ဖြစ် သည်။ ပထမအဆင့်တွင် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား စေတနာ့ဝန်ထမ်း ၂၀ ဦးကို ကာကွယ်ဆေးထိုးပေးမည် ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
“ကျွန်တော်တို့ တတ်နိုင်သမျှစောပြီး ကိုဗစ်ကာကွယ်ဆေးရဖို့ လုပ်ဆောင်နေပါတယ်” ဟု ယမန်နေ့ကပြု လုပ်သည့် အစည်းအဝေးတစ်ခု၌ ငုယင်သန်လောင်းက ပြောသည်။
ဗီယက်နမ်နိုင်ငံ၌ လက်ရှိအချိန်တွင် Nanogen၊ Vabiotech၊ Polyvac နှင့် Institute of Vaccines and Medical Biologicals (IVAC) တို့က သုတေသနပြုလုပ်နေသည့် ကိုဗစ်ကာကွယ်ဆေးလေးမျိုးရှိသည်။
ဗီယက်နမ်နိုင်ငံတွင် ယမန်နေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုကူးစက်မှု ၁၃၆၅ မှုနှင့် သေဆုံး သူ ၃၅ ဦးရှိကြောင်း သိရသည်။
ကိုးကား – ဗွီအင်န်အေ
Ref; Vietnam begins human trials of indigenous Covid-19 vaccine next week


Share this post