• Follow Us on
Latest News

Home ပြည်ထဲရေးဒု-ဝန်ကြီးသည် (၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံတက်ရောက်၍ မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးထုတ်ပြန်

ပြည်ထဲရေးဒု-ဝန်ကြီးသည် (၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံတက်ရောက်၍ မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉ (People Media)

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် (၈၉) ကြိမ်မြောက် အင်တာ ပိုလ်အထွေထွေညီလာခံတက်ရောက်၍ အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကဏ္ဍများနှင့် မြန်မာနိုင်ငံမှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အင်တာပိုလ်၏ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။

 

ညီလာခံ သုံးရက်အတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေးကိစ္စများ၊ (၈၉) ကြိမ် မြောက် အင်တာပိုလ်အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၁၄ ချက်အား အတည်ပြုခြင်းကိစ္စများ၊ အင်တာ ပိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် အာရပ်ပြည်ထဲရေးဝန်ကြီးများအဖွဲ့(AIMC)၊ နိုင်ငံတကာရဲချုပ်များအသင်း (IACP) တို့နှင့် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးခြင်း စသည့်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ်ညီလာခံ တက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ Mr.KIM Jong Yang၊ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jurgen Stock တို့အား လည်းကောင်း၊ အင်တာပိုလ်ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E. Mr. Ahmed Nasser Al Raisi အား လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး HE. Mr.Sergey N. Lebedev၊  ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲ အဖွဲ့တို့မှ ရဲတပ်ဖွဲ့ အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံ မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

 

#PeopleMedia #အင်တာပိုလ်

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post