• Follow Us on
Home ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲပြုလုပ်ရန်စီစဉ်၊ တပ်မတော်နှင့်နီးစပ်သူများ အတည်ပြု
Share this post
ရန်ကုန်၊ ဇန်နဝါရီ – ၂၇
#Peoplemedia
[Unicode]
ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲပြုလုပ်ရန်စီစဉ်၊ တပ်မတော်နှင့်နီးစပ်သူများ အတည်ပြု
……………………………………………………………………………………..
ရန်ကုန်၊ ဇန်နဝါရီ – ၂၇
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲပြု့လုပ်ရန်စီစဉ်နေကြောင်း တပ်မတော်နှင့်နီးစပ်သူများက အတည်ပြုသည်။
“အပြောင်းအလဲရှိတယ်။ အားလုံးက လွှတ်တော်ဖြတ်ပြီးမှ အတည်ပြုရမှာ”ဟု တပ်မတော်နှင့် နီးစပ်သူက ဆိုသည်။
လက်ရှိအချိန်၌ ပြည်ထဲရေးဝန်ကြီးဌာကို ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တာဝန်ယူလျှက် ရပါတယ်။ အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား အစားထိုးသွားမယ်လို့ တပ်မတော်နှင့် နီးစပ်သူများက ပြောဆိုမှုများ ရှိလာပါတယ်။
အဆိုပါအပြောင်းအလဲအပေါ် Peoplemedia မှ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပါ။
မှတ်ချက် ။ ။ သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြမည်။
#Peoplemedia
Share this post