• Follow Us on

Home ျပည္နယ္ခုႏွစ္ခုတြင္ တိုင္းရင္းသားပါတီမ်ား အမတ္ေနရာ ၁၆၀ မွ ၂၀၀ ၾကား အနိုင္ရလာနိုင္ CNLD ဥကၠ႒ေျပာ

ျပည္နယ္ခုႏွစ္ခုတြင္ တိုင္းရင္းသားပါတီမ်ား အမတ္ေနရာ ၁၆၀ မွ ၂၀၀ ၾကား အနိုင္ရလာနိုင္ CNLD ဥကၠ႒ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

၂၀၂၀ ပါတီစုံ ဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲ၌ ျပည္နယ္ခုႏွစ္ခုတြင္ တိုင္းရင္းသားပါတီမ်ား အမတ္ေနရာ ၁၆၀ မွ ၂၀၀ ၾကား အနိုင္ရလာနိုင္ေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးငိုင္ေဆာခ့္က ေျပာပါ တယ္။

“အခုငါးႏွစ္အတြင္းမွာ ပါတီႀကီးတစ္ခုတည္းက ေသာ္လည္းေကာင္း NLD ပါတီက ေသာ္လည္းေကာင္း တိုင္း ရင္းသားအေရးကို မလုပ္နိုင္ဘူး၊ ကၽြန္ေတာ္တို႔ တိုင္းရင္းသားပါတီေတြကပဲ လုပ္နိုင္တယ္ဆိုတာ သင္ခန္းစာ ရၿပီးျဖစ္တဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔ ၂၀၂၀ ေရြးေကာက္ပြဲမွာေတာ့ တိုင္းရင္းသားပါတီေတြက ျပည္နယ္အ သီးသီးမွာ ၂၀၇ ေနရာကို အျပည့္အ၀မရရင္ေတာင္မွ အနည္းဆုံး ၁၆၀ ကေန ၂၀၀ ၾကားကို အနည္းဆုံးရမွာ ျဖစ္ပါတယ္”ဟု ဦးငိုင္ေဆာ့ခ္ ေျပာပါတယ္။

ဒါျပင္ တိုင္းေဒသႀကီးခုႏွစ္တိုင္းမွာလည္း အမတ္ေနရာ ၂၉၁ ေနရာမွာ NLD ပါတီ၊ USDP ပါတီ၊ PPP ပါတီ၊ UBP ပါတီ၊ ျပည္သူ႔ပါတီတို႔မွလည္း ၀င္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္သည့္အတြက္ အမတ္ေနရာ ၂၉၁ ေနရာကို NLD ပါတီ အျပတ္အသတ္အနိုင္ရရန္ ေတာ္ေတာ္ခက္ခဲမည္ျဖစ္ေၾကာင္း ဦးငိုင္ေဆာခ့္က ဆိုပါတယ္။

NLD ပါတီမွျဖစ္ေစ တျခားပါတီတစ္ခုခုကျဖစ္ေစ အမတ္ေနရာ ၂၉၁ ေနရာကို အျပတ္အသတ္ အနိုင္မရသည့္ အတြက္ အစိုးရဖြဲ႕နိုင္သည့္ အမတ္ ၃၃၃ ဦးရရန္အတြက္ တိုင္းရင္းသားပါတီမ်ား၏ အခန္းက႑လိုအပ္ ေၾကာင္း၊ သို႔ျဖစ္၍ တိုင္းရင္းသားပါတီမ်ားမွ အစိုးရဖြဲ႕နိုင္မည္ျဖစ္ေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးငိုင္ေဆာခ့္က ေျပာပါတယ္။

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(CNLD)ပါတီသည္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြင္ ခ်င္းျပည္နယ္ရွိ ေနရာ(၃၆)ေနရာႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔ရွိ လႊတ္ေတာ္ေနရာ မ်ားတြင္ (၂၁) ေနရာ၊ စုစုေပါင္း လႊတ္ေတာ္ေနရာ (၅၇)ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရပါ တယ္။

#PeopleMedia

(unicode)
ပြည်နယ်ခုနှစ်ခုတွင် တိုင်းရင်းသားပါတီများ အမတ်နေရာ ၁၆၀ မှ ၂၀၀ ကြား အနိုင်ရလာနိုင် CNLD ဥက္ကဋ္ဌပြော
………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ ၁၅

၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်ခုနှစ်ခုတွင် တိုင်းရင်းသားပါတီများ အမတ်နေရာ ၁၆၀ မှ ၂၀၀ ကြား အနိုင်ရလာနိုင်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆောခ့်က ပြောပါ တယ်။

“အခုငါးနှစ်အတွင်းမှာ ပါတီကြီးတစ်ခုတည်းက သော်လည်းကောင်း NLD ပါတီက သော်လည်းကောင်း တိုင်း ရင်းသားအရေးကို မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေကပဲ လုပ်နိုင်တယ်ဆိုတာ သင်ခန်းစာ ရပြီးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီတွေက ပြည်နယ်အ သီးသီးမှာ ၂၀၇ နေရာကို အပြည့်အဝမရရင်တောင်မှ အနည်းဆုံး ၁၆၀ ကနေ ၂၀၀ ကြားကို အနည်းဆုံးရမှာ ဖြစ်ပါတယ်”ဟု ဦးငိုင်ဆော့ခ် ပြောပါတယ်။

ဒါပြင် တိုင်းဒေသကြီးခုနှစ်တိုင်းမှာလည်း အမတ်နေရာ ၂၉၁ နေရာမှာ NLD ပါတီ၊ USDP ပါတီ၊ PPP ပါတီ၊ UBP ပါတီ၊ ပြည်သူ့ပါတီတို့မှလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည့်အတွက် အမတ်နေရာ ၂၉၁ နေရာကို NLD ပါတီ အပြတ်အသတ်အနိုင်ရရန် တော်တော်ခက်ခဲမည်ဖြစ်ကြောင်း ဦးငိုင်ဆောခ့်က ဆိုပါတယ်။

NLD ပါတီမှဖြစ်စေ တခြားပါတီတစ်ခုခုကဖြစ်စေ အမတ်နေရာ ၂၉၁ နေရာကို အပြတ်အသတ် အနိုင်မရသည့် အတွက် အစိုးရဖွဲ့နိုင်သည့် အမတ် ၃၃၃ ဦးရရန်အတွက် တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍလိုအပ် ကြောင်း၊ သို့ဖြစ်၍ တိုင်းရင်းသားပါတီများမှ အစိုးရဖွဲ့နိုင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆောခ့်က ပြောပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင် ချင်းပြည်နယ်ရှိ နေရာ(၃၆)နေရာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ လွှတ်တော်နေရာ များတွင် (၂၁) နေရာ၊ စုစုပေါင်း လွှတ်တော်နေရာ (၅၇)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါ တယ်။

#PeopleMedia


Share this post