• Follow Us on

Home ပြည်နယ်များ၏ပညာရေးမြှင့်တင်ရေးအတွက် လတ်တလောကာလတွင် ဦးစားပေးဆောင်ရွက်ရန် န.စ.က ဥက္ကဋ္ဌ မှာကြား

ပြည်နယ်များ၏ပညာရေးမြှင့်တင်ရေးအတွက် လတ်တလောကာလတွင် ဦးစားပေးဆောင်ရွက်ရန် န.စ.က ဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ (People Media)

 

ပြည်နယ်များ၏ ပညာရေးမြှင့်တင်ရေးအတွက် လက်တလောကာလတွင် ဦးစားပေးဆောင်ရွက်ရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြား လိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကား ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“ပညာရေးအားနည်းချက်တွေ ဖြစ်ပေါ်ရတာဟာ နိုင်ငံမတည်ငြိမ်မှု၊ သွားလာရေးခက်ခဲမှု၊ ဘာသာစကား အ ခက်အခဲဖြစ်မှု၊ မိဘများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမှု၊ ပညာသင်ကြားဖို့ ငွေကြေး မတတ်နိုင်မှုတွေ ကြောင့် ဖြစ်တာကို တွေ့ရှိနေရပါတယ်။ ဒါကြောင့် ပြည်နယ်တွေရဲ့ ပညာရေးမြှင့်တင်ဖို့အတွက် လက်တ လောကာလမှာ ဦးစားပေးဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်“ ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများတွင် စာရင်းသွင်းထားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးခန့် တက်ရောက်ပညာသင်ကြားလျက်ရှိသော်လည်း မျှော်မှန်းထားသည့် ကျောင်းတက်ရာခိုင်နှုန်းထက် နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေးဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက်ခံရမှုတို့ကြောင့် ပညာသင်ကြားနိုင်မှု မရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာသင်ကြားရေးသည် ပထမဦးစားပေးဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူမည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေ အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးပညာသင်ကြားနိုင်ရေး ဦးစားပေး အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ ပြောသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စာသင်ကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လို သည့် ဝန်ထမ်းများရှိပါကလည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများဖြစ်သဖြင့် တာ ဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ်ကြောက်တတ်မှုရှိကြောင်း၊ အဆို ပါအားနည်းချက်ကို အခွင့်ကောင်းယူအသုံးချ၍ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဆောင်ရွက်ခြင်းများ ပြုလုပ်၍ အနိုင်ကျင့်ဆောင်ရွက်မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post