• Follow Us on

Home ျပည္နယ္ရုံးေဆာက္ရန္ လုိအပ္သည့္ေငြ ျပည္နယ္ဝန္ႀကီးမွ ရန္ပုံေငြရွာေဖြေပးရန္ အကူအညီေတာင္းခံစာ လူမႈကြန္ယက္၌ ထြက္ေပၚၿပီးေနာက္ ႐ုပ္သိမ္းလုိက္ေၾကာင္း ကခ်င္ျပည္နယ္ NLD ဥကၠဌ ေျပာဆုိ

ျပည္နယ္ရုံးေဆာက္ရန္ လုိအပ္သည့္ေငြ ျပည္နယ္ဝန္ႀကီးမွ ရန္ပုံေငြရွာေဖြေပးရန္ အကူအညီေတာင္းခံစာ လူမႈကြန္ယက္၌ ထြက္ေပၚၿပီးေနာက္ ႐ုပ္သိမ္းလုိက္ေၾကာင္း ကခ်င္ျပည္နယ္ NLD ဥကၠဌ ေျပာဆုိ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၈

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၌ တည္ေဆာက္မည့္ NLD အေဆာက္အဦးအတြက္ လုိအပ္သည့္ ရန္ပုံေငြကုိ ျပည္နယ္ဝန္ႀကီးမွ ရွာေဖြေပးရန္ အကူအညီေတာင္းခံသည့္စာသည္ ႏုိဝင္ဘာ(၁၆)ရက္၌ လူမႈကြန္ယက္၌ ထြက္ေပၚလာၿပီးေနာက္ ႐ုပ္သိမ္းလုိက္ၿပီျဖစ္ေၾကာင္း ျပည္နယ္ NLD ပါတီဥကၠဌ ဦးျမသိန္းက ေျပာဆုိလုိက္ သည္။

အဆုိပါ ရန္ပုံေငြရွာေဖြေပးရန္ အကူအညီေတာင္းခံစာႏွင့္ပတ္သက္ၿပီး PeopleMedia မွ ကခ်င္ျပည္နယ္ ဝန္ႀကီးထံ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ ဆက္သြယ္၍ မရခဲ့ေသာ္လည္း ျပည္နယ္ NLD ဥကၠဌႏွင့္ အဆက္အသြယ္ ရရွိခဲ့သည္။

“႐ုပ္သိမ္းလုိက္ပါၿပီ”ဟု ျပည္နယ္ NLD ပါတီဥကၠဌ ဦးျမသိန္းက ေျပာသည္။

အဆုိပါထြက္ေပၚလာသည့္စာ၌ NLD ပါတီ ကခ်င္ျပည္နယ္႐ုံးကုိ ၂၀၁၉ ခုႏွစ္အတြင္း အၿပီးေဆာက္လုပ္၊ ဖြင့္လွစ္ႏုိင္ေရး လ်ာထားသတ္မွတ္ၿပီးျဖစ္သည္။ အေဆာက္အဦးအတြက္ လ်ာထားသတ္မွတ္ၿပီး မူလ ရွာေဖြေသာ ရန္ပုံေငြမွာ လုံေလာက္မႈမရွိပါသျဖင့္ ထပ္မံရွာေဖြရန္ လုိအပ္လွ်က္ရွိသည္။

သုိ႔ျဖစ္ရာအလွဴေငြရွာေဖြရာတြင္ ဝန္ႀကီးမွ ပါဝင္ကူညီေဆာင္ရြက္ေပးႏုိင္ရန္ ေလးစားစြာ ေတာင္းခံအပ္ေၾကာင္း ေဖာ္ျပထားသည္။ အဆုိပါ အကူအညီေတာင္းခံမႈသည္ ႏုိဝင္ဘာ(၁၆)ရက္၌ ျပဳ႕လုပ္သည့္ ျပည္နယ္အလုပ္အမႈ ေဆာင္ အစည္းအေဝးဆုံးျဖတ္ခ်က္အရျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ႏုိဝင္ဘာ(၁၈)ရက္၌ ကခ်င္ျပည္နယ္ NLD ပါတီမွ မွားယြင္းထုတ္ေပးခဲ့သည့္ ႐ုံးစာအား ျပန္လည္း႐ုပ္သိမ္းေၾကာင္း အေၾကာင္းၾကားစာ ထပ္မံထုတ္ ျပန္ခဲ့သည္။

#PeopleMedia #KachinNLD

(Unicode)
ပြည်နယ်ရုံးဆောက်ရန် လိုအပ်သည့်ငွေ ပြည်နယ်ဝန်ကြီးမှ ရန်ပုံငွေရှာဖွေပေးရန် အကူအညီတောင်းခံစာ လူမှုကွန်ယက်၌ ထွက်ပေါ်ပြီးနောက် ရုပ်သိမ်းလိုက်ကြောင်း ကချင်ပြည်နယ် NLD ဥက္ကဌ ပြောဆို
……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်မည့် NLD အဆောက်အဦးအတွက် လိုအပ်သည့် ရန်ပုံငွေကို ပြည်နယ်ဝန်ကြီးမှ ရှာဖွေပေးရန် အကူအညီတောင်းခံသည့်စာသည် နိုဝင်ဘာ(၁၆)ရက်၌ လူမှုကွန်ယက်၌ ထွက်ပေါ်လာပြီးနောက် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်နယ် NLD ပါတီဥက္ကဌ ဦးမြသိန်းက ပြောဆိုလိုက် သည်။

အဆိုပါ ရန်ပုံငွေရှာဖွေပေးရန် အကူအညီတောင်းခံစာနှင့်ပတ်သက်ပြီး PeopleMedia မှ ကချင်ပြည်နယ် ဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့သော်လည်း ပြည်နယ် NLD ဥက္ကဌနှင့် အဆက်အသွယ် ရရှိခဲ့သည်။

“ရုပ်သိမ်းလိုက်ပါပြီ”ဟု ပြည်နယ် NLD ပါတီဥက္ကဌ ဦးမြသိန်းက ပြောသည်။

အဆိုပါထွက်ပေါ်လာသည့်စာ၌ NLD ပါတီ ကချင်ပြည်နယ်ရုံးကို ၂၀၁၉ ခုနှစ်အတွင်း အပြီးဆောက်လုပ်၊ ဖွင့်လှစ်နိုင်ရေး လျာထားသတ်မှတ်ပြီးဖြစ်သည်။ အဆောက်အဦးအတွက် လျာထားသတ်မှတ်ပြီး မူလ ရှာဖွေသော ရန်ပုံငွေမှာ လုံလောက်မှုမရှိပါသဖြင့် ထပ်မံရှာဖွေရန် လိုအပ်လျှက်ရှိသည်။

သို့ဖြစ်ရာအလှူငွေရှာဖွေရာတွင် ဝန်ကြီးမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် လေးစားစွာ တောင်းခံအပ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ အကူအညီတောင်းခံမှုသည် နိုဝင်ဘာ(၁၆)ရက်၌ ပြု့လုပ်သည့် ပြည်နယ်အလုပ်အမှု ဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်ကြောင်း ဖော်ပြထားသည်။ နိုဝင်ဘာ(၁၈)ရက်၌ ကချင်ပြည်နယ် NLD ပါတီမှ မှားယွင်းထုတ်ပေးခဲ့သည့် ရုံးစာအား ပြန်လည်းရုပ်သိမ်းကြောင်း အကြောင်းကြားစာ ထပ်မံထုတ် ပြန်ခဲ့သည်။

#PeopleMedia #KachinNLD


Share this post