• Follow Us on

Home ျပည္နယ္အစိုးရဘတ္ဂ်က္ႏွင့္ထုတ္ေ၀သည့္ ကယားတိုင္းမ္ဂ်ာနယ္အယ္ဒီတာခ်ဳပ္ကုိ NLD ပါတီ၏ ပါတီေအာင္ႏုိင္ေရးေကာ္မတီ၌ ခန္႔အပ္မႈထားမႈအေပၚ ကယန္းမ်ိဳးဆက္သစ္လူငယ္အဖြဲ႔ ေဝဖန္

ျပည္နယ္အစိုးရဘတ္ဂ်က္ႏွင့္ထုတ္ေ၀သည့္ ကယားတိုင္းမ္ဂ်ာနယ္အယ္ဒီတာခ်ဳပ္ကုိ NLD ပါတီ၏ ပါတီေအာင္ႏုိင္ေရးေကာ္မတီ၌ ခန္႔အပ္မႈထားမႈအေပၚ ကယန္းမ်ိဳးဆက္သစ္လူငယ္အဖြဲ႔ ေဝဖန္

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၄

ကယားျပည္နယ္ အစုိးရဘက္ဂ်တ္ျဖင့္ ထုတ္ေဝလ်က္ရွိသည့္ ကယားတုိင္းမ္ ဂ်ာနယ္၏ အယ္ဒီတာခ်ဳပ္ကုိ ကယားျပည္နယ္ NLD ပါတီ၏ ေအာင္ႏုိင္ေရးေကာ္မတီ၌ ခန္႔အပ္ထားမႈကုိ ကယန္းမ်ဳိးဆက္သစ္လူငယ္အဖြဲ႔ ဥကၠဌ ခြန္းဘန္းနဘုတ္က ေဝဖန္ေျပာဆုိလုိက္ပါတယ္။

ကယားတုိင္းမ္းဂ်ာနယ္သည္ ျပည္နယ္အစုိးရ၏ ဘတ္ဂ်တ္ျဖင့္ တစ္လလွ်င္ ႏွစ္ၾကိမ္ထုတ္ေဝသည့္ ဂ်ာနယ္တစ္ေစာင္ျဖစ္ျပီး ၎ဂ်ာနယ္၌ အယ္ဒီတာခ်ဳပ္အျဖစ္ တာဝန္ယူသည့္ ဦးစုိးရာဇာဝင္းကုိ NlD ပါတီ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔က ကယားျပည္နယ္ ေရြးေကာက္ပြဲေအာင္ႏုိင္ေရးေကာ္မတီ အဖြဲ႔ေခါင္းေဆာင္ျဖင့္ ခန္႔အပ္ထားသည္။

“ကယားတိုင္းမ္ဆိုတာ အစိုးရပိုက္ဆံနဲ႔ပဲထုတ္တာေပါ့ေနာ္။ တစ္နည္းအားျဖင့္ေျပာမယ္ဆိုရင္ေတာ့ ျပည္သူ႔ဘ႑နဲ႔ပဲထုတ္ေ၀တာျဖစ္တယ္။ဆိုေတာ့ အခုလက္ရွိအႏိုင္ရပါတီအေနနဲ႔ အဲဒီလိုမ်ိဳး အသုံးခ်တာကေတာ့ အဲဒီ အယ္ဒီတာခ်ဳပ္ကိုအသုံးခ်တာကေတာ့ သိပ္မသင့္ေတာ္ဘူးလို႔ ကြ်န္ေတာ္တို႔ျမင္တယ္။တစ္နည္းအားျဖင့္ ကယားတိုင္းမ္က ျပည္သူ႔ဘ႑ာနဲ႔ထုတ္တာဟုတ္မဟုတ္ျပည္သူလူထုကိုခ်ျပဖို႔လိုမယ္။ဟိုတယ္ဆိုရင္ အခုနလိုမ်ိဳး အယ္ဒီတာခ်ဳပ္ဆိုတဲ့ ရာထူးကိုေတာ့ ပါတီတစ္ပါတီ ေအာင္ႏိုင္ေရး မန္ေနဂ်ာ တာ၀န္ယူတာေတာ့မျဖစ္သင့္ဘူး။ျပည္သူလူထုကို လြတ္လြတ္လပ္လပ္ သတင္းေပးတဲ့ပုံစံမ်ိဳးနဲ႔ပဲထုတ္ေ၀သင့္တယ္လို႔ျမင္တယ္။ပါတီတစ္ပါတီထဲရဲ႔ ေအာင္ႏိုင္ေရးအတြက္အသုံးခ်တာေတာ့ မျဖစ္သင့္ပါဘူး’’ဟု ၎ကေျပာသည္။

ကယားတုိင္းမ္းဂ်ာနယ္သည္ ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္အပါအဝင္ အစုိးရအဖြဲ႔၏ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကုိ ဦးစားေပး ေဖာ္ျပေနသည့္ ဂ်ာနယ္ တစ္ေစာင္ျဖစ္သည္။အလားတူ ကယားတုိင္းမ္သည္ ကယားျပည္နယ္အစုိးရအဖြဲ႔ရုံး၌ ရုံးစုိက္ဖြင့္လွစ္ထားသည့္ ဂ်ာနယ္တစ္ေစာင္လည္း ျဖစ္သည္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔ #ကယားတုိင္းမ္

(unicode)
ပြည်နယ်အစိုးရဘတ်ဂျက်နှင့်ထုတ်ဝေသည့် ကယားတိုင်းမ်ဂျာနယ်အယ်ဒီတာချုပ်ကို NLD ပါတီ၏ ပါတီအောင်နိုင်ရေးကော်မတီ၌ ခန့်အပ်မှုထားမှုအပေါ် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဝေဖန်
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၄

ကယားပြည်နယ် အစိုးရဘက်ဂျတ်ဖြင့် ထုတ်ဝေလျက်ရှိသည့် ကယားတိုင်းမ် ဂျာနယ်၏ အယ်ဒီတာချုပ်ကို ကယားပြည်နယ် NLD ပါတီ၏ အောင်နိုင်ရေးကော်မတီ၌ ခန့်အပ်ထားမှုကို ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဌ ခွန်းဘန်းနဘုတ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကယားတိုင်းမ်းဂျာနယ်သည် ပြည်နယ်အစိုးရ၏ ဘတ်ဂျတ်ဖြင့် တစ်လလျှင် နှစ်ကြိမ်ထုတ်ဝေသည့် ဂျာနယ်တစ်စောင်ဖြစ်ပြီး ၎င်းဂျာနယ်၌ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူသည့် ဦးစိုးရာဇာဝင်းကို NlD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကယားပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်ဖြင့် ခန့်အပ်ထားသည်။

“ကယားတိုင်းမ်ဆိုတာ အစိုးရပိုက်ဆံနဲ့ပဲထုတ်တာပေါ့နော်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပြည်သူ့ဘဏ္ဍနဲ့ပဲထုတ်ဝေတာဖြစ်တယ်။ဆိုတော့ အခုလက်ရှိအနိုင်ရပါတီအနေနဲ့ အဲဒီလိုမျိုး အသုံးချတာကတော့ အဲဒီ အယ်ဒီတာချုပ်ကိုအသုံးချတာကတော့ သိပ်မသင့်တော်ဘူးလို့ ကျွန်တော်တို့မြင်တယ်။တစ်နည်းအားဖြင့် ကယားတိုင်းမ်က ပြည်သူ့ဘဏ္ဍာနဲ့ထုတ်တာဟုတ်မဟုတ်ပြည်သူလူထုကိုချပြဖို့လိုမယ်။ဟိုတယ်ဆိုရင် အခုနလိုမျိုး အယ်ဒီတာချုပ်ဆိုတဲ့ ရာထူးကိုတော့ ပါတီတစ်ပါတီ အောင်နိုင်ရေး မန်နေဂျာ တာဝန်ယူတာတော့မဖြစ်သင့်ဘူး။ပြည်သူလူထုကို လွတ်လွတ်လပ်လပ် သတင်းပေးတဲ့ပုံစံမျိုးနဲ့ပဲထုတ်ဝေသင့်တယ်လို့မြင်တယ်။ပါတီတစ်ပါတီထဲရဲ့ အောင်နိုင်ရေးအတွက်အသုံးချတာတော့ မဖြစ်သင့်ပါဘူး’’ဟု ၎င်းကပြောသည်။

ကယားတိုင်းမ်းဂျာနယ်သည် ကယားပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးစားပေး ဖော်ပြနေသည့် ဂျာနယ် တစ်စောင်ဖြစ်သည်။အလားတူ ကယားတိုင်းမ်သည် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရုံးစိုက်ဖွင့်လှစ်ထားသည့် ဂျာနယ်တစ်စောင်လည်း ဖြစ်သည်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့ #ကယားတိုင်းမ်


Share this post