• Follow Us on

Home ပြည်ပစွက်ဖက်မှု ဆန်ကျင်ရေးဥပဒေပြဋ္ဌာန်းရန် န-စ-က စီစဉ်

ပြည်ပစွက်ဖက်မှု ဆန်ကျင်ရေးဥပဒေပြဋ္ဌာန်းရန် န-စ-က စီစဉ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၀ (People Media)

 

မြန်မာနိုင်ငံ၌ ပြည်ပနိုင်ငံများမှ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ပြည်ပစွက်ဖက်မှု ဆန်ကျင်ရေးဥပဒေပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသည်။

 

ပြည်ပစွက်ဖက်မှု ဆန်ကျင်ရေးဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြ သည့် ဦးသိန်းညွှန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jenp Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်တို့က န-စ-ကဥက္ကဋ္ဌထံ တင်ပြထားသည်။

 

ထိုကဲ့သို့ နိုင်ငံတော်ကောင်စီဝင်များ၏ တင်ပြချက်အပေါ် န-စ-ကဥက္ကဋ္ဌမှ ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေး ဥ ပဒေနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် နိုင်ငံအလိုက်ဥပဒေများအား ဥပဒေရေးရာဝန်ကြီးဌာနက လိုအပ်သည့် စိစစ်လေ့လာမှုများဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း ပြောသည်။

 

အဆိုပါ ဥပဒေပြဋ္ဌာန်းနိုင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁၇/၂၀၂၁)၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 

#PeopleMedia #ပြည်ပစွက်ဖက်မှုဆန်ကျင်ရေးဥပဒေ

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post