• Follow Us on

Home ျပည္ပဆန္တင္ပို႔မႈေၾကာင့္ ျပည္တြင္းဆန္ေစ်းအနည္းငယ္ျမင့္ တက္လာႏိုင္ေၾကာင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္ ေျပာ

ျပည္ပဆန္တင္ပို႔မႈေၾကာင့္ ျပည္တြင္းဆန္ေစ်းအနည္းငယ္ျမင့္ တက္လာႏိုင္ေၾကာင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္ ေျပာ

Share this post

ရန္ကုန္၊ ဇြန္ – ၁၅

ျပည္ပဆန္တင္ပို႔မႈေၾကာင့္ ျပည္တြင္းဆန္ေစ်းကြက္အေျခအေန အနည္းငယ္ျမင့္တက္လာႏိုင္ေၾကာင္း ဘုရင့္ ေနာင္ကုန္စည္ဒိုင္ အတြင္းေရးမွဴးဦးသန္းဦးကေျပာသည္။

ျပည္ပဆန္တင္ပို႔မႈအျဖစ္ ျပည္တြင္းမွ ဖိလစ္ပိုင္ႏိုင္ငံသို႔ ဆန္တန္ခ်ိန္ ၇ ေသာင္းတင္ပို႔ေရာင္းခ်မႈကို ကုမၸဏီ ၂၃ ခုမွတင္ဒါေအာင္ကာ တင္ပို႔သြားမည့္အေပၚ ၎က အထက္ပါအတိုင္းသုံးသပ္ေျပာၾကားခဲ့ျခင္းလည္းျဖစ္သည္။

“ျပည္တြင္းမွာ လက္က်န္ဆန္ေတြကို ဆန္စက္ပိုင္တဲ့ သိုေလွာင္ထားတဲ့လူေတြကကိုင္ထားတာ ေစ်းႏႈန္းတစ္ခု ကို မႀကိဳက္ဘဲနဲ႔ေတာ့မေရာင္းဘူး။ အဲ့ေစ်းႏႈန္းေတြေၾကာင့္ ျပည္တြင္းက ေစ်းႏႈန္းကေတာ့ တစ္အိတ္ကို တစ္ ေထာင္ႏွစ္ေထာင္တက္သြားႏိုင္တယ္” ဟု ဘုရင့္ေနာင္ကုန္စည္ဒိုင္အတြင္းေရးမွဴးဦးသန္းဦးကေျပာသည္။

ထို႔အျပင္ ဆန္ေစ်းကြက္တြင္ နယ္ကုန္သည္မ်ားအ႐ူံးရွိသည့္အတြက္ နယ္ကုန္သည္မ်ားထံမွ ဆန္၀င္ေရာက္မႈ နည္းေနေၾကာင္း ၎ကေျပာသည္။

လက္ရွိအခ်ိန္တြင္ ဆန္ေစ်းကြက္ ပုံမွန္အတိုင္းရွိေနၿပီး ျပည္ပမွ ထပ္မံ၀ယ္ပါက ေစ်းခ်က္ခ်င္းတက္လာႏိုင္ ေၾကာင္း၊ ေစ်းတက္ဖို႔ေစာင့္ေနေသာသူမ်ားထံမွ ျပန္လည္၀ယ္ယူရမွာျဖစ္ေၾကာင္း လည္းဘုရင့္ေနာင္ကုန္စည္ ဒိုင္ အတြင္းေရးမွဴးဦးသန္းဦးကေျပာၾကားခဲ့သည္။

#PeopleMedia

(unicode)
ပြည်ပဆန်တင်ပို့မှုကြောင့် ပြည်တွင်းဆန်ဈေးအနည်းငယ်မြင့် တက်လာနိုင်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပြော
………………………………………………………

ရန်ကုန်၊ ဇွန် – ၁၅

ပြည်ပဆန်တင်ပို့မှုကြောင့် ပြည်တွင်းဆန်ဈေးကွက်အခြေအနေ အနည်းငယ်မြင့်တက်လာနိုင်ကြောင်း ဘုရင့် နောင်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဦးကပြောသည်။

ပြည်ပဆန်တင်ပို့မှုအဖြစ် ပြည်တွင်းမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၇ သောင်းတင်ပို့ရောင်းချမှုကို ကုမ္ပဏီ ၂၃ ခုမှတင်ဒါအောင်ကာ တင်ပို့သွားမည့်အပေါ် ၎င်းက အထက်ပါအတိုင်းသုံးသပ်ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ပြည်တွင်းမှာ လက်ကျန်ဆန်တွေကို ဆန်စက်ပိုင်တဲ့ သိုလှောင်ထားတဲ့လူတွေကကိုင်ထားတာ ဈေးနှုန်းတစ်ခု ကို မကြိုက်ဘဲနဲ့တော့မရောင်းဘူး။ အဲ့ဈေးနှုန်းတွေကြောင့် ပြည်တွင်းက ဈေးနှုန်းကတော့ တစ်အိတ်ကို တစ် ထောင်နှစ်ထောင်တက်သွားနိုင်တယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရေးမှူးဦးသန်းဦးကပြောသည်။

ထို့အပြင် ဆန်ဈေးကွက်တွင် နယ်ကုန်သည်များအရူံးရှိသည့်အတွက် နယ်ကုန်သည်များထံမှ ဆန်ဝင်ရောက်မှု နည်းနေကြောင်း ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဆန်ဈေးကွက် ပုံမှန်အတိုင်းရှိနေပြီး ပြည်ပမှ ထပ်မံဝယ်ပါက ဈေးချက်ချင်းတက်လာနိုင် ကြောင်း၊ ဈေးတက်ဖို့စောင့်နေသောသူများထံမှ ပြန်လည်ဝယ်ယူရမှာဖြစ်ကြောင်း လည်းဘုရင့်နောင်ကုန်စည် ဒိုင် အတွင်းရေးမှူးဦးသန်းဦးကပြောကြားခဲ့သည်။

#PeopleMedia


Share this post