• Follow Us on

Home ပြည်ပတိုက်ခိုက်ရေးသမား ၂၀,၀၀၀ ဝန်းကျင် ယူကရိန်းတပ်များနဲ့ ပူးပေါင်းပြီး ရုရှားတပ်များကို တိုက်ခိုက်

ပြည်ပတိုက်ခိုက်ရေးသမား ၂၀,၀၀၀ ဝန်းကျင် ယူကရိန်းတပ်များနဲ့ ပူးပေါင်းပြီး ရုရှားတပ်များကို တိုက်ခိုက်

Share this post

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၉

 

ရုရှားတပ်များကို တိုက်ခိုက်နေသော ယူကရိန်းတပ်ဖွဲ့ဝင်များနှင့်အတူ လက်ရှိအချိန်တွင် ပြည်ပနိုင်ငံများမှ စေ တနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမား ၂၀,၀၀၀ ထက် မနည်း ပါဝင်တိုက်ခိုက်နေကြောင်း ယူကရိန်းနိုင်ငံက အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Kyiv Independent သတင်းစာမှာရေးသားဖော်ပြထားပါတယ်။

 

အဲဒီပြည်ပတိုက်ခိုက်ရေးသမားတွေအနေနဲ့ ယူကရိန်းနိုင်ငံသားအဖြစ် လျှောက်ချင်တယ်ဆိုရင် လျှောက်ထား နိုင်ခွင့်ရှိတယ်လို့ ယူကရိန်းအစိုးရဝန်ကြီးတစ်ဦးရဲ့စကားကို ကိုးကားပြီး သတင်းစာကရေးသားထားပါတယ်။

 

ပြည်ပနိုင်ငံတွေကရောက်လာတဲ့တိုက်ခိုက်ရေးသမားတွေအနေနဲ့ သူတို့လျှောက်ထားချင်တယ်ဆိုရင် ယူက ရိန်းနိုင်ငံသားအဖြစ်လျှောက်ထားခွင့်ရရှိနိုင်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး (၁) ရီဗန်းရီနင်က မတ်လ ၉ ရက်နေ့က ပြောပါတယ်။

 

ရုရှားတပ်တွေကို တိုက်ခိုက်ဖို့အတွက် မတ်လ ၆ ရက်နေ့ကတည်းက ပြည်ပနိုင်ငံတွေက စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမား နှစ်သောင်းဟာ ယူကရိန်းတပ်တွေနဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကိယက်ဗ်ပို့စ် သ တင်းစာက တွစ်တာမှာရေးသားခဲ့ပါတယ်။

 

အရှေ့ဥရောပနိုင်ငံအတွက် ဝင်ရောက်တိုက်ခိုက်လိုတဲ့ ပြည်ပနိုင်ငံသားတွေအနေနဲ့ မိမိတို့သက်ဆိုင်ရာနိုင်ငံ တွေမှာရှိတဲ့ သံရုံးတွေကတစ်ဆင့် စာရင်းပေးသွင်းပြီး စေတနာ့ဝန်ထမ်းအဖြစ် တိုက်ပွဲဝင်နိုင်တယ်လို့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့က ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ကြေညာခဲ့ပါတယ်။

 

အဲဒီအချိန်ကတည်းက ဂျပန်၊ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံအမျိုးမျိုးက စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမား တွေဟာ ယူကရိန်းနိုင်ငံအတွက် တိုက်ခိုက်ပေးဖို့ စာရင်းပေးသွင်းလာကြတယ်လို့ဆိုပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်း သမ္မတဇီလန်စကီးက သူ့နိုင်ငံကို လက်နက်ခဲယမ်းတွေထောက်ပံ့ပေးဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နေတိုးနဲ့ ဥရောပသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေထံကို အကြိမ်ကြိမ် အကူအညီတောင်းခံခဲ့ပါတယ်။

 

ကမ္ဘာ့နိုင်ငံအသီးသီးကတော့ ယူကရိန်းနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေပေးပြီး ရုရှားနိုင်ငံကိုတော့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြပါတယ်။

 

Ref: 20,000 foreigners have joined Ukrainian forces in fight against Russia: Report

 

#PeopleMedia

 

(unicode)


…………………………………………….

 


 


 


 


 


 


 


 


 


 

Ref: 20,000 foreigners have joined Ukrainian forces in fight against Russia: Report

 

#PeopleMedia


Share this post