• Follow Us on

Home ပြည်ပတိုက်ခိုက်ရေးသမား စေတနာ့ဝန်ထမ်း ၁၆၀၀၀ ထက်မနည်း ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံသို့ လာရောက်လျက်ရှိကြောင်း ဇာလန်စကီးပြော

ပြည်ပတိုက်ခိုက်ရေးသမား စေတနာ့ဝန်ထမ်း ၁၆၀၀၀ ထက်မနည်း ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံသို့ လာရောက်လျက်ရှိကြောင်း ဇာလန်စကီးပြော

Share this post

နိုင်ငံတကာ၊ မတ် ၄

 

ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေကို တိုက်ခိုက်ဖို့အတွက် ပြည်ပနိုင်ငံတွေက စေတနာ့ဝန်ထမ်းအင်အား ၁၆၀၀၀ ထက်မနည်း စာရင်းပေးသွင်းလာရာ တချို့မှာ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ဗလာဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

 

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပဒေသမှာဖြစ်ပွားတဲ့ အကြီးမားဆုံးစစ်မြေပြင်မှာ အသက်စွန့်တိုက်ခိုက်ဖို့ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပဒေသက စစ်သားဟောင်းတွေနဲ့ အရပ်သားစေတနာ့ဝန်ထမ်းတွေဟာ ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ရုရှားကို ခုခံတိုက်ခိုက်ဖို့အတွက် ပြည်ပနိုင်ငံက တိုက်ခိုက်ရေးသမား တွေ ကူညီကြပါလို့ မေတ္တာရပ်ခံလိုက်ပြီးတဲ့နောက်ပိုင်းမှာ အခုလို စေတနာ့ဝန်ထမ်းတွေပေါ်ထွက်လာတာပဲဖြစ် ပါတယ်။

 

“ပြည်ပနိုင်ငံက စေတနာ့ဝန်ထမ်းတွေဟာ ယူကရိန်း၊ ဥရောပ၊ ကမ္ဘာကြီးကို ကာကွယ်ဖို့ လာရောက်ပေါင်းစည်း ပါတော့မယ်။ ယူကရိန်းနိုင်ငံဟာ ပြည်ပတိုက်ခိုက်ရေးသမားစေတနာ့ဝန်ထမ်းတွေကို ရရှိထားပါပြီ။ ပထမဦးဆုံး စေတနာ့ဝန်ထမ်း ၁၆၀၀၀ ဟာ ကျွန်တော်တို့ ယူကရိန်းပြည်သူတွေနဲ့ ကမ္ဘာကြီးလွတ်လပ်ရေးကို ကာကွယ်ဖို့ အတွက် ယူကရိန်းကိုလာနေပါပြီ။” လို့ လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ သမ္မတဇာလန်စကီး က ပြောပါတယ်။

 

လူမှုကွန်ရက်သုံးစွဲသူတွေကတော့ အဲဒီစေတနာ့ဝန်ထမ်းတွေ ယူကရိန်းအနောက်ပိုင်းကို ဘယ်လိုဖြတ်ကျော် လာကြတယ်ဆိုတာနဲ့ ဘယ်လိုလက်နက်ပစ္စည်းတွေယူဆောင်လာကြတယ်ဆိုတာကို လိုင်းပေါ်မှာ သတင်းအ ချက်အလက်တွေအပြန်အလှန်ဖလှယ်ပြီး ဆွေးနွေးပြောဆိုနေကြပါတယ်။

 

“ယူကရိန်းနိုင်ငံအနေနဲ့ ကျွန်တော်တို့မိတ်ဖက်နိုင်ငံတွေ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေအစစ်အမှန်တွေဆီကနေ နေ့ စဉ်နဲ့အမျှ လက်နက်တွေ လက်ခံရရှိနေပါတယ်။ နေ့တိုင်းလိုလိုပဲ ကျွန်တော်တို့ ပိုပြီးအားကောင်းတဲ့လက်နက် တွေလက်ခံ ရရှိနေပါတယ်။ ကျွန်တော်တို့မှ ကျွန်တော်တို့ရဲ့လွတ်လပ်ရေးကလွဲလို့ ဘာမှဆုံးရှုံးစရာမရှိပါဘူး။” လို့ ဇာလန်စကီးကပြောပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းက ဗြိတိန်နိုင်ငံမှာရှိတဲ့ ယူကရိန်းသံရုံးရှေ့မှာ လူပေါင်းဒါဇင်နဲ့ချီပြီး ယူကရိန်းနိုင်ငံထဲ က ရုရှားစစ်တပ်ကိုတိုက်ထုတ်ဖို့ စေတနာ့ဝန်ထမ်းစာရင်းလာပေးနေကြပါတယ်။ ရုရှားတပ်တွေကို တိုက်ထုတ် ရာမှာ သူတို့အသက်တွေကိုစွန့်လွှတ်ဖို့ ဝန်မလေးဘူးလို့လည်း ပြောနေကြပါတယ်။

 

“ကျွန်တော်တို့ မသေချင်ပါဘူး။ အမှန်တကယ်ပဲ သေရမှာကြောက်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလိုမျိုး ကြောက်နေရင် အပြစ်မရှိတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ ဘယ်လိုခံစားနေရမလဲ တွေးကြည့်လို့ရပါတယ်။ ဒီ နေရာမှာ ဒီအတိုင်းထိုင်မနေနိုင်ပါဘူး။ စစ်မြေပြင်ကိုသွားခွင့်ပြုလိုက်ပါ။ နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ ကျွန်တော်တို့လိုနေရာမှာရှိနေတဲ့ လူငယ်မြောက်များစွာဟာ စစ်ပွဲထဲမှာ ပါဝင်ကူညီခွင့်မရခဲ့တာကို နောင်တရ နေပါလိမ့်မယ်။” လို့ လီယိုဒေါ်ဆန်က Sky News သတင်းဌာနကိုပြောပါတယ်။

 

စကော့တလန်မှာရှိတဲ့ လူငယ် ၁၀၀ ဝန်းကျင်ကလည်း စစ်ပွဲမှာပါဝင်တိုက်ခိုက်ဖို့ စာရင်းပေးသွင်းလက်မှတ်ထိုး နေကြောင်း အီဒင်ဘာ့ဂျ်မှာရှိတဲ့ ယူကရိန်းကောင်စစ်ဝန်ရုံးက ပြောပါတယ်။

 

Ref: At least 16,000 foreign volunteers are coming to help fight Putin’s army, says Zelensky

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: At least 16,000 foreign volunteers are coming to help fight Putin’s army, says Zelensky

 

#PeopleMedia


Share this post