• Follow Us on

Home ျပည္ပမွတင္သြင္းခြင့္ မျပဳခဲ့သည့္ ျပည္ပထုတ္အရက္မ်ားကုိ စီးပြား/ကူး သန္းဝန္ႀကီးဌာန ျပန္လည္တင္သြင္း ခြင့္ျပဳ

ျပည္ပမွတင္သြင္းခြင့္ မျပဳခဲ့သည့္ ျပည္ပထုတ္အရက္မ်ားကုိ စီးပြား/ကူး သန္းဝန္ႀကီးဌာန ျပန္လည္တင္သြင္း ခြင့္ျပဳ

Share this post

ရန္ကုန္၊ ေမ – ၂၅

ျပန္ပမွတင္သြင္းခြင့္ ကန္႔သတ္ခဲ့သည့္ ျပည္ပထုတ္အရက္မ်ားကုိ တင္သြင္းခြင့္ျပန္လည္ခြင့္ျပဳလုိက္ေၾကာင္း စီးပြား/ကူးသန္းဝန္ႀကီးဌာနက ယေန႔ အမိန္႔စာထုတ္ျပန္လုိက္သည္။

စီးပြား/ကူးသန္းဝန္ႀကီးဌာနသည္ ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီ(၄)ရက္ေန႔၌ ထုတ္ျပန္ခဲ့သည့္ အမိန္႔ေၾကာ္ျငာကုိ ပယ္ဖ်က္လုိက္ေၾကာင္း ယေန႔ထုတ္ျပန္သည့္ အမိန္႔စာ၌ ေဖာ္ျပထားသည္။

ျပည္ပမွ အရက္တင္သြင္းမည့္ကုမၸဏီသည္ ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ႏွင့္အညီ တင္သြင္းရမည္ျဖစ္ၿပီး လုပ္ပုိင္ ခြင့္ ေဖာက္ဖ်က္က်ဴးလြန္လွ်င္ ယမကာတင္သြင္းခြင့္အား ရပ္ဆုိင္းျခင္း၊ ယမကာတင္သြင္းခြင့္ မွတ္ပုံတင္အား ပယ္ဖ်က္ျခင္းခံရမည္ျဖစ္ေၾကာင္း စီးပြား/ကူးသန္း၏ အမိန္႔ေၾကာ္ျငာ၌ ေဖာ္ျပထားသည္။

#PeopleMedia #ျပည္ပထုတ္အရက္

(Unicode)
ပြည်ပမှတင်သွင်းခွင့် မပြုခဲ့သည့် ပြည်ပထုတ်အရက်များကို စီးပွား/ကူး သန်းဝန်ကြီးဌာန ပြန်လည်တင်သွင်း ခွင့်ပြု
………………………………………………

ရန်ကုန်၊ မေ – ၂၅

ပြန်ပမှတင်သွင်းခွင့် ကန့်သတ်ခဲ့သည့် ပြည်ပထုတ်အရက်များကို တင်သွင်းခွင့်ပြန်လည်ခွင့်ပြုလိုက်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ယနေ့ အမိန့်စာထုတ်ပြန်လိုက်သည်။

စီးပွား/ကူးသန်းဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ(၄)ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာကို ပယ်ဖျက်လိုက်ကြောင်း ယနေ့ထုတ်ပြန်သည့် အမိန့်စာ၌ ဖော်ပြထားသည်။

ပြည်ပမှ အရက်တင်သွင်းမည့်ကုမ္ပဏီသည် ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ တင်သွင်းရမည်ဖြစ်ပြီး လုပ်ပိုင် ခွင့် ဖောက်ဖျက်ကျူးလွန်လျှင် ယမကာတင်သွင်းခွင့်အား ရပ်ဆိုင်းခြင်း၊ ယမကာတင်သွင်းခွင့် မှတ်ပုံတင်အား ပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း၏ အမိန့်ကြော်ငြာ၌ ဖော်ပြထားသည်။

#PeopleMedia #ပြည်ပထုတ်အရက်


Share this post