• Follow Us on

Home ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၈၂ ဘီလျံနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၁ သန်း မြန်မာအစိုးရ ခွင့်ပြု

ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၈၂ ဘီလျံနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၁ သန်း မြန်မာအစိုးရ ခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) နိုင်ငံ့တာဝန်ယူပြီးချိန်မှစ၍ ပထမဦးဆုံးနှစ်တွင် မြန်မာအစိုးရသည် အမေရိကန်ဒေါ်လာ ၃.၈၂ ဘီလျံနှင့်ညီမျှသော ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ ၆၅၁ သန်းနှင့် ညီ မျှသော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာအစိုးရက ကြေညာ လိုက်သည်။

 

မြန်မာနိုင်ငံတွင်း ပြန်လည်တည်ငြိမ်ရေးနှင့် COVID-19 ကပ်ရောဂါကာကွယ်ဆေးထိုးနှံမှုမြှင့်တင်ရေး ဆောင် ရွက်နေသည့်ကြားမှ ယခုထွက်ပေါ်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံ၏စီးပွားရေးကောင်းမွန်မှုအလားအလာ များကို ယုံကြည်မှုရှိနေကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာ (MOI) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) တို့ သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကြား နိုင်ငံ၏ နောက်ဆုံး ရင်းနှီးမြှုပ်နှံမှု စာရင်းများကို ထုတ်ပြန်ကြေညာခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ မဲသမာမှုများနှင့်ပတ်သက်၍ ဖြေရှင်းရန်ပျက်ကွက်ခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်ပြီး တစ်ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကိုဖွဲ့စည်းခဲ့ပြီး  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ နှင့်အညီ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆိုသည့်အဖွဲ့က ပြည်ပနိုင်ငံများ အကူအညီများရယူ၍ ပြည်သူပိုင်အဆောက်  အဦများကို ဖျက်ဆီးခြင်း၊ အစိုးရဝန် ထမ်းများကို သတ်ဖြတ်ခြင်းနှင့် ပြည်တွင်းစီးပွားရေးကမောက်ကမဖြစ် အောင် ကြိုးပမ်းနေခြင်းတို့ ဆောင်ရွက်နေသော်လည်း နစက အစိုးရသည် ၂၀၂၁ ခုနှစ် နှစ်ဝက်လောက်တွင် နိုင်ငံတွင်း တည်ငြိမ်မှုများရရှိအောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။

 

လွန်ခဲ့သည့်နှစ်က ခွင့်ပြုခဲ့သည့် ပြည်တွင်းကုမ္ပဏီ ၅၀ အနက် ကုမ္ပဏီ ၇ ခုမှာ ဒေါ်လာ ၄၂၇.၃၄ သန်းနှင့် ညီမျှ သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ြ့ပီး ကုမ္ပဏီ ၂၉ ခုမှာ ဒေါ်လာ ၇၄.၅၈ သန်းနှင့် ညီမျှ သော စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ သတ္တုမိုင်းလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်းများတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း ပြန်ကြား ရေးဝန်ကြီးဌာ (MOI) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) တို့ကပြော သည်။

 

လွန်ခဲ့သည့်နှစ်က ခွင့်ပြုခဲ့သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် သဘာဝဓာတ်ငွေ့အရည် liquefied natural gas (LNG) စက်ရံတစ်ခုတည်ဆောက်ရန် ဒေါ်လာ ၂.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှုလည်းပါဝင်ကြောင်း အဆိုပါဝန်ကြီး ဌာန နှစ်ခုကပြောသည်။

 

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံမှလွဲ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုအကြီးမားဆုံးနိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံမှလွဲ၍ လွန်ခဲ့သည့်နှစ်က ခွင့်ပြုခဲ့သည့်ရင်းနှီးမြှုပ်နှံမှုများတွင် ဂျပန် နိုင်ငံမှ ဒေါ်လာ ၅၁၆.၄၃ သန်းတန်ရင်းနှီးမြှုပ်နှံမှုတစ်ခု၊ စင်္ကာပူနိုင်ငံမှ စုစုပေါင်း ဒေါ်လာ ၄၄၂.၂၀ သန်းတန် ရင်းနှီးမြှုပ်နှံမှု လေးခု၊ ထိုင်းနိုင်ငံမှ စုစုပေါင်း ဒေါ်လာ ၇၅.၅၀ သန်းတန် ရင်းနှီးမြှုပ်နှံမှု နှစ်ခု၊ တောင်ကိုရီးယား နိုင်ငံမှ စုစုပေါင်း ဒေါ်လာ ၆၆.၁၇ သန်းတန် ရင်းနှီးမြှုပ်နှံမှု ငါးခုနှင့် ဟောင်ကောင်မှ စုစုပေါင်း ဒေါ်လာ ၆၀.၀၉ သန်းတန် ရင်းနှီးမြှုပ်နှံမှု ခုနစ်ခုတို့ဖြစ်သည်။

 

လွန်ခဲ့သည့်နှစ်က ပြည်ပရင်းနှီးမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၂၅,၃၈၃ ခု ပေါ်ထွက်ခဲ့ပြီး ပြည်တွင်းရင်း နှီးမြုှပ်နှံမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၁၁,၈၇၉ ခု ပေါ်ထွက်ခဲ့ကာ စုစုပေါင်းအလုပ်အကိုင်အခွင့်အ လမ်း ၃၇,၂၆၂ ခု ပေါ်ထွက်လာခဲ့ကြောင်း မြန်မာအစိုးရကပြောသည်။

 

Ref: Myanmar Government Approved USD 3.82 Billion In Foreign Investment And USD 651 Million In Domestic Investment

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Myanmar Government Approved USD 3.82 Billion In Foreign Investment And USD 651 Million In Domestic Investment

 

#PeopleMedia


Share this post