• Follow Us on

Home ျပည္ပေရာက္ႀကိဳတင္မဲမ်ားတြင္ NLD ပါတီက အျပတ္အသတ္အနိုင္ရရွိမည္ဟု ယုံၾကည္ေၾကာင္း မုံရြာ ေအာင္ရွင္ေျပာ

ျပည္ပေရာက္ႀကိဳတင္မဲမ်ားတြင္ NLD ပါတီက အျပတ္အသတ္အနိုင္ရရွိမည္ဟု ယုံၾကည္ေၾကာင္း မုံရြာ ေအာင္ရွင္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၆

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီအေနျဖင့္ ျပည္ပႀကိဳတင္မဲမ်ားတြင္ အျပတ္အသတ္အနိင္ရရွိမည္ ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွဴး မုံရြာေအာင္ရွင္ ကေျပာဆိုလိုက္ပါတယ္။

“အျပတ္သတ္နိုင္မယ္ဆိုတာေသခ်ာပါတယ္။ ျပည္ပကလူေတြက NLD ကို ေထာက္ခံအားေပးေနၾကတာျမင္ရ တယ္”ဟု မုံရြာေအာင္ရွင္ကဆိုေျပာပါတယ္။

ထို႔အျပင္မည္သည့္ပါတီ မဲေပးေပးျပည္ပေရာက္ျမန္မာမ်ား နိုင္ငံသားတာဝန္ေက်စြာ ႀကိဳတင္မဲေပးေနသည့္ အေပၚ ဝမ္းသာရေၾကာင္း လက္ရွိအာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမွဴး မုံရြာေအာင္ရွင္က ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ကေတာ့ ဘယ္သူ႔ကိုပဲအားေပးအားေပး ဘယ္ပါတီကိုပဲေပးေပးပါ နိုင္ငံရပ္ျခားေရာက္ၿပီး ကိုယ့္ နိုင္ငံရဲ့ေရး ကိုယ့္တိုင္းျပည့္ရဲ႕ တာ၀န္ေက်ပြန္စြာ ထမ္းေဆာင္ခဲတာသိရလို႔၀မ္းသာပါတယ္။ ေနာက္အခ်က္က မွန္မွန္ကန္ကန္ေရြးခ်ယ္ၿပီးေပးနိုင္ၾကတဲ့အတြက္ဝမ္းသာပါတယ္” ဟု မုံရြာေအာင္ရွင္ကေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ ျပည္ပ ၃၅ နိုင္ငံတြင္ ၂၀၂၀ ေရြးေကာက္ပြဲ အတြက္မဲ ႐ုံမ်ားဖြင့္လွစ္၍ ႀကိဳတင္မဲမ်ားေပးေနၿပီး ျပည္ပတြင္မဲေပးခြင့္ရွိသူ တစ္သိန္းေက်ာ္ရွိေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္တြင္ ဂ်ပန္၊ ဘ႐ူနိုင္းနိုင္ငံတို႔တြင္ မဲ႐ုံဖြင့္လွစ္ရက္ၿပီးဆုံးၿပီျဖစ္ၿပီး က်န္နိုင္ငံမ်ားမွာမဲ႐ုံမ်ားဆက္ လက္ဖြင့္လွစ္၍ႀကိဳတင္မဲေပးမူကိုလက္ခံေပးေနသည္။

#PeopleMedia

(unicode)
ပြည်ပရောက်ကြိုတင်မဲများတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း မုံရွာ အောင်ရှင်ပြော
……………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၁၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအနေဖြင့် ပြည်ပကြိုတင်မဲများတွင် အပြတ်အသတ်အနိင်ရရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကပြောဆိုလိုက်ပါတယ်။

“အပြတ်သတ်နိုင်မယ်ဆိုတာသေချာပါတယ်။ ပြည်ပကလူတွေက NLD ကို ထောက်ခံအားပေးနေကြတာမြင်ရ တယ်”ဟု မုံရွာအောင်ရှင်ကဆိုပြောပါတယ်။

ထို့အပြင်မည်သည့်ပါတီ မဲပေးပေးပြည်ပရောက်မြန်မာများ နိုင်ငံသားတာဝန်ကျေစွာ ကြိုတင်မဲပေးနေသည့် အပေါ် ဝမ်းသာရကြောင်း လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ဘယ်သူ့ကိုပဲအားပေးအားပေး ဘယ်ပါတီကိုပဲပေးပေးပါ နိုင်ငံရပ်ခြားရောက်ပြီး ကိုယ့် နိုင်ငံရဲ့ရေး ကိုယ့်တိုင်းပြည့်ရဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲတာသိရလို့ဝမ်းသာပါတယ်။ နောက်အချက်က မှန်မှန်ကန်ကန်ရွေးချယ်ပြီးပေးနိုင်ကြတဲ့အတွက်ဝမ်းသာပါတယ်” ဟု မုံရွာအောင်ရှင်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ပြည်ပ ၃၅ နိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ အတွက်မဲ ရုံများဖွင့်လှစ်၍ ကြိုတင်မဲများပေးနေပြီး ပြည်ပတွင်မဲပေးခွင့်ရှိသူ တစ်သိန်းကျော်ရှိကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် ဂျပန်၊ ဘရူနိုင်းနိုင်ငံတို့တွင် မဲရုံဖွင့်လှစ်ရက်ပြီးဆုံးပြီဖြစ်ပြီး ကျန်နိုင်ငံများမှာမဲရုံများဆက် လက်ဖွင့်လှစ်၍ကြိုတင်မဲပေးမူကိုလက်ခံပေးနေသည်။

#PeopleMedia


Share this post