• Follow Us on
Latest News

Home ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လဝကဝန်ကြီး ပြောဆို

ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လဝကဝန်ကြီး ပြောဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၁ (People Media)

 

မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတော်၏အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာ များအား တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီမံချက်များ ဖြစ်သော နိုင်ငံသားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးသည့် ပန်းခင်းစီမံချက်နှင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစီမံချက်များသည် ကြီးမားကျယ်ပြန့်ပြီး အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်ရသည့်အပြင် ပြည်သူများပူးပေါင်း ပါဝင်ကူညီမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံ သားစိစစ်ရေး ကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းကို ယခင်နိုင်ငံတော်အစိုးရအဆက်ဆက် ဆောင်ရွက်ပေးခဲ့ ကြပါကြောင်း၊ ယခင်က မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်တို့ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြောသည်။

 

ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်ရရှိမှုသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိပြီး လူမှုဘဝပြည့်စုံနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည်လည်း နိုင်ငံတကာ၌(၁၀)နှစ်လျှင် တစ်ကြိမ်ကောက်ယူကြရာ မိမိတို့နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့် ကောက်ယူနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန် အလှည့်ကြရောက်ပြီ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံတွက်ချက် ဆောင်ရွက်ရသည့် တိကျမှန်ကန်သော လူဦးရေကိန်းဂဏန်း အချက်အလက်များရရှိစေရေးအတွက် အလွန်အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ထို့ပြင် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များသည် ပြည်သူများ၏အကျိုးအတွက် ပြည်သူကို ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို  ပြည်သူများသိရှိနားလည် ပူး ပေါင်းလာစေရေးအတွက် ဝန်ကြီးဌာနမှ Online, Offline အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိ သော်လည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်ပိုမို သိရှိလာစေရေးအတွက် ယခုကဲ့သို့ မီဒီယာအဖွဲ့အစည်းများကို တွေ့ဆုံရှင်းလင်းချပြခြင်းဖြစ်ပါကြောင်း၊ မီဒီယာအဖွဲ့အစည်းများကလည်း မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို ပြည်သူများပိုမို သိရှိစေရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

#PeopleMedia #လဝက

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post