• Follow Us on

Home ျပည္ပႏိုင္ငံမ်ားမွ ၾသဇာလႊမ္းမိုးႏိုင္ရန္ ျမန္မာ့တပ္မေတာ္ႏွင့္ တပ္မေတာ္ အရာရွိမ်ားကိုမဟုတ္မမွန္မေလ်ာ္ကန္ မႈမ်ား စီစဥ္ေနျခင္းကိုၾကားရ သည့္အတြက္ ျမန္မာ့အေရး ရင္ေလးဖြယ္ရာျဖစ္ေၾကာင္း YMBA အသင္းေျပာဆို

ျပည္ပႏိုင္ငံမ်ားမွ ၾသဇာလႊမ္းမိုးႏိုင္ရန္ ျမန္မာ့တပ္မေတာ္ႏွင့္ တပ္မေတာ္ အရာရွိမ်ားကိုမဟုတ္မမွန္မေလ်ာ္ကန္ မႈမ်ား စီစဥ္ေနျခင္းကိုၾကားရ သည့္အတြက္ ျမန္မာ့အေရး ရင္ေလးဖြယ္ရာျဖစ္ေၾကာင္း YMBA အသင္းေျပာဆို

Share this post

ရန္ကုန္၊ ဇူလိုင္ ၈

ျမန္မာ့ႏိုင္ငံအေရးကို ျပည္ပႏိုင္ငံမ်ားမွ ၾသဇာလႊမ္းမိုးႏိုင္ရန္ ျမန္မာ့တပ္မေတာ္ႏွင့္ တပ္မေတာ္အရာရွိမ်ားကို မဟုတ္မမွန္မေလ်ာ္ကန္မႈမ်ားစီစဥ္ေနျခင္းကို ၾကားသိရသည့္အတြက္ ျမန္မာႏိုင္ငံလုံးဆိုင္ရာဗုဒၶဘာသာကလ်ာ ဏယု၀အသင္း YMBA အသင္းႀကီးမွ မ်ားစြာစိတ္မေကာင္းျဖစ္ရၿပီး ျမန္မာ့အေရးရင္ေလးဖြယ္ရာျဖစ္ေၾကာင္း ယေန႔ေၾကညာခ်က္ထုတ္ေျပာဆိုလိုက္သည္။

လူအခြင့္အေရးခ်ိဳးေဖါက္မႈမ်ားအတြက္တာ၀န္ရွိသည္ဟုဆိုကာ ျမန္မာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ကို ၿဗိတိန္ကအေရးယူပိတ္ဆို႔လိုက္ေၾကာင္းလည္း ယခုလ ၆ ရက္က ထုတ္ျပန္ခဲ့သည္။

YMBA အသင္းအတြင္းေရးမွဴးဦးေသာင္း၀င္းက ႏိုင္ငံတကာမွတပ္မေတာ္ႏွင့္တပ္မေတာ္အရာရွိမ်ားကို မဟုတ္ မမွန္စီစဥ္ေဆာင္ရြက္ေနမႈ အခ်က္မ်ားစြာရွိေၾကာင္းေျပာသည္။

“ထုတ္ျပန္ခ်က္ထဲပါတဲ့အတိုင္းပါပဲ။ အဲဒီဟာ(ၿဗိတိန္အေရးယူမႈ)ေတြလည္းပါတာေပါ့” ဟု ဦးေသာင္း၀င္းကေျပာ သည္။

YMBA အသင္း၏ ေၾကညာခ်က္တြင္ ျမန္မာ့ႏိုင္ငံအေရးကို ျမန္မာႏိုင္ငံႏွင့္ မသက္ဆိုင္ေသာျပည္ပႏိုင္ငံမ်ား ျပည္ပအဖြဲ႕အစည္းမ်ားမွ ပါ၀င္စြက္ဖက္လာပါက YMBA အသင္းအေနျဖင့္ ျပည္တြင္းအင္အားႏွင့္အတူ ကာ ကြယ္တြန္းလွန္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း ေဖၚျပထားသည္။

ထို႔အျပင္ YMBA သည္ ယခင္အခ်ိန္က ျမန္မာ့လြတ္လပ္ေရးရရွိေအာင္ ဦးေဆာင္လမ္းျပခဲ့သည့္အသင္းႀကီးျဖစ္ ၿပီး ယခုအခ်ိန္ထိတိုင္ အမ်ိဳးဘာသာ၊ သာသနာ၊ ပညာကို ဦးထိပ္ပန္ဆင္ေဆာင္ရြက္ေနသည့္ အသင္းျဖစ္ ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသည္ နယ္ခ်ဲ႕အဂၤလိပ္လက္ေအာင္မွလြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္း ကိုယ့္ႏိုင္ငံကိုယ့္ အေရးကို လြတ္လပ္စြာေဆာင္ရြက္ႏိုင္သည့္ႏိုင္ငံျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ေရးသားေဖၚျပထားသည္။

#PeopleMedia

(unicode)
ပြည်ပနိုင်ငံများမှ ဩဇာလွှမ်းမိုးနိုင်ရန် မြန်မာ့တပ်မတော်နှင့် တပ်မတော် အရာရှိများကိုမဟုတ်မမှန်မလျော်ကန် မှုများ စီစဉ်နေခြင်းကိုကြားရ သည့်အတွက် မြန်မာ့အရေး ရင်လေးဖွယ်ရာဖြစ်ကြောင်း YMBA အသင်းပြောဆို
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာ့နိုင်ငံအရေးကို ပြည်ပနိုင်ငံများမှ ဩဇာလွှမ်းမိုးနိုင်ရန် မြန်မာ့တပ်မတော်နှင့် တပ်မတော်အရာရှိများကို မဟုတ်မမှန်မလျော်ကန်မှုများစီစဉ်နေခြင်းကို ကြားသိရသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း YMBA အသင်းကြီးမှ များစွာစိတ်မကောင်းဖြစ်ရပြီး မြန်မာ့အရေးရင်လေးဖွယ်ရာဖြစ်ကြောင်း ယနေ့ကြေညာချက်ထုတ်ပြောဆိုလိုက်သည်။

လူအခွင့်အရေးချိုးဖေါက်မှုများအတွက်တာဝန်ရှိသည်ဟုဆိုကာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ဗြိတိန်ကအရေးယူပိတ်ဆို့လိုက်ကြောင်းလည်း ယခုလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

YMBA အသင်းအတွင်းရေးမှူးဦးသောင်းဝင်းက နိုင်ငံတကာမှတပ်မတော်နှင့်တပ်မတော်အရာရှိများကို မဟုတ် မမှန်စီစဉ်ဆောင်ရွက်နေမှု အချက်များစွာရှိကြောင်းပြောသည်။

“ထုတ်ပြန်ချက်ထဲပါတဲ့အတိုင်းပါပဲ။ အဲဒီဟာ(ဗြိတိန်အရေးယူမှု)တွေလည်းပါတာပေါ့” ဟု ဦးသောင်းဝင်းကပြော သည်။

YMBA အသင်း၏ ကြေညာချက်တွင် မြန်မာ့နိုင်ငံအရေးကို မြန်မာနိုင်ငံနှင့် မသက်ဆိုင်သောပြည်ပနိုင်ငံများ ပြည်ပအဖွဲ့အစည်းများမှ ပါဝင်စွက်ဖက်လာပါက YMBA အသင်းအနေဖြင့် ပြည်တွင်းအင်အားနှင့်အတူ ကာ ကွယ်တွန်းလှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။

ထို့အပြင် YMBA သည် ယခင်အချိန်က မြန်မာ့လွတ်လပ်ရေးရရှိအောင် ဦးဆောင်လမ်းပြခဲ့သည့်အသင်းကြီးဖြစ် ပြီး ယခုအချိန်ထိတိုင် အမျိုးဘာသာ၊ သာသနာ၊ ပညာကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နေသည့် အသင်းဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောင်မှလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုယ့်နိုင်ငံကိုယ့် အရေးကို လွတ်လပ်စွာဆောင်ရွက်နိုင်သည့်နိုင်ငံဖြစ်ကြောင်း ကြေညာချက်တွင်ရေးသားဖေါ်ပြထားသည်။

#PeopleMedia


Share this post