• Follow Us on

Home ပြည်ပနိုင်ငံများ၏စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း တရုတ်သံတမန် ပြော

ပြည်ပနိုင်ငံများ၏စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း တရုတ်သံတမန် ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈ (People Media)

 

ပြည်ပနိုင်ငံများကစစ်ရေးအရဝင်ရောက်စွက်ဖက်မှုမှာ ပြဿာနာများဖြေရှင်းရာတွင် မည်သို့မှအကူအညီမဖြစ် ကြောင်း တရုတ်သံတမန်တစ်ဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ သြဂုတ်လ ၇ ရက်နေ့က ပြောကြားလိုက် သည်။

 

“ပြည်ပနိုင်ငံတွေက စစ်ရေးအရဝင်ရောက်စွက်ဖက်မှုနဲ့ ဒီမိုကရေစီအကူးအပြောင်းကို ပြဋ္ဌာန်းသတ်မှတ်ခြင်းဟာ ပြဿနာဖြေရှင်းဖို့အတွက် ဘယ်လိုမှအထောက်အကူမဖြစ်ဘူးဆိုတာ လတ်တလော အာဖဂန်နစ္စတန်မှာဖြစ် ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက သက်သေပြလိုက်တာပါပဲ။ ပြည်ပစစ်ရေးစွက်ဖက်မှုဟာ ပြဿနာတွေကို ပိုပြီး ဖြစ်ပွားစေနိုင်တာပဲရှိပါတယ်။ ဒီလိုစွက်ဖက်မှုတွေဝင်လာရင် ဆုံးရှုံးမှုဟာ ရှောင်လွှဲမရတဲ့ရလဒ်ပဲဆိုပါတော့။” ဟု ကုလသမဂ္ဂဆိုင်ရာတရုတ်ယာယီသံရုံးတာဝန်ခံ ဒိုင်ဘင်းန်က နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်း သိမ်းမှုဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင်ပြောသည်။

 

“အာဖဂန်နစ္စတန်ကနေ သက်ဆိုင်ရာနိုင်ငံကတပ်တွေ ကသုတ်ကရက် ဖရိုဖရဲဆုတ်ခွာသွားတာဟာ ကဘူးမြို့ ကြီး ပရမ်းပတာနဲ့ ကသောင်းကနင်းဖြစ်ပြီး ကျန်ရစ်ခဲ့တာပါပဲ။  ဒီလိုလုပ်ခဲ့တဲ့အတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဘေးဒုက္ခဆိုးကြီးတစ်ခုဖြစ်ပေါ်လာပြီး အာဖဂန်လူမျိုးတွေဘဝကို ပြန်လည်တည်ဆောက်ရမယ့် အခြေအနေမျိုးတွေပဲကျန်ခဲ့တာပါပဲ။ အာဖဂန်နစ္စတန်ပြည်လည်တည်ဆောက်ရေးအတွက် မိမိတို့ကတိကဝတ် ပြုထားတဲ့အတိုင်း ဂုဏ်သိက္ခာရှိရှိဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာနိုင်ငံများကို ကျွန်တော်တို့ တိုက်တွန်းလိုပါ တယ်။” ဟု ဒိုင်ကပြောသည်။

 

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးထိန်းသိမ်းမှုမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ အဓိကအားဖြင့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီတွင်တာဝန်ရှိကြောင်း တရုတ်ယာယီသံရုံးတာဝန်ခံကပြောသည်။

 

“ဒီကနေ့ နိုင်ငံတကာလုံခြုံရေးမြင်ကွင်းဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သမရိုးကျလုံခြုံရေးပြဿနာ တွေရော သမရိုးကျမဟုတ်တဲ့လုံခြုံရေးပြဿနာတွေရော ရှုပ်ထွေးပြည့်နှက်နေပါတယ်။ ကမ္ဘာပေါ်မှာဆက်လက် ဖြစ်ပွားနေတဲ့ COVID-19 ကပ်ဘေးကလည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး မျက်နှာစာမှာ မရေရာမသေချာမှုတွေနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားလာစေပါတယ်။ ဒီလိုနိုင်ငံတကာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရာမှာ ကာလရှည်ငြိမ်း ချမ်းရေးနဲ့ တစ်ကမ္ဘာလုံးလုံခြုံရေးအတွက် အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုရင် နိုင်ငံပေါင်းစုံပါဝင်တဲ့မူဝါဒကို ဆုပ်ကိုင်ထားဖို့အလွန်အရေးကြီးသလို လက်တွေ့ဆောင်ရွက်ဖို့လည်း အလွန်အရေးကြီးပါတယ်”ဟု ၎င်းက ပြောသည်။

 

Ref: Foreign military intervention does nothing to help solve problems: Chinese envoy

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 

Ref: Foreign military intervention does nothing to help solve problems: Chinese envoy

 

#PeopleMedia


Share this post